ထို့ပြင် စာရေးတော်ကြီးရှာဖန်က ရှင်ဘုရင်အား “ယဇ်ပုရောဟိတ်မင်းဟိလခိက အကျွန်ုပ်အား ဤကျမ်းစာလိပ်ကို ပေးအပ်ပါပြီ”ဟု လျှောက်တင်ပြီး ရှာဖန်သည် ဘုရင့်ရှေ့မှောက်တွင် ထိုကျမ်းစာကို ဖတ်ပြ၏။
ယေရမိ 36:15 - မြန်မာ့စံမီသမ္မာကျမ်း သူတို့ကလည်း ဗာရုတ်အား “ထိုင်၍ ငါတို့အား ဖတ်ပြလော့”ဟု ဆိုသဖြင့် ဗာရုတ်လည်း သူတို့ကြားသိစေရန် ဖတ်ပြလေ၏။ Common Language Bible ထိုသူတို့သည်ဗာရုတ်ကိုထိုင်ရန်ပြောကြား ပြီးလျှင်``ဤစာလိပ်ကိုငါ့တို့အားဖတ်ပြ ပါလော့'' ဟုဆိုသဖြင့်ဗာရုတ်သည်ဖတ်၍ ပြ၏။- Garrad Bible ငါ တို့ ရှေ့ ထိုင် နေ ဖတ် ရွတ် ဦး လော့ ဟု ဆို ကြ သ ဖြင့် ဗာ ရုတ် ဖတ် ရွတ် လေ ၏။ Judson Bible သူတို့ကလည်း ထိုင်လော့။ ငါတို့အား ဖတ်လော့ဟုဆိုသည်အတိုင်း၊ ဗာရုတ်သည် သူတို့ရှေ့မှာ ဖတ်လေ၏။ |
ထို့ပြင် စာရေးတော်ကြီးရှာဖန်က ရှင်ဘုရင်အား “ယဇ်ပုရောဟိတ်မင်းဟိလခိက အကျွန်ုပ်အား ဤကျမ်းစာလိပ်ကို ပေးအပ်ပါပြီ”ဟု လျှောက်တင်ပြီး ရှာဖန်သည် ဘုရင့်ရှေ့မှောက်တွင် ထိုကျမ်းစာကို ဖတ်ပြ၏။
သူတို့သည် စကားတော်အလုံးစုံကို ကြားရသောအခါ အသီးသီးကြောက်ရွံ့တုန်လှုပ်ကြ၏။ ဗာရုတ်အားလည်း “ဤစကားအလုံးစုံတို့ကို ရှင်ဘုရင်ထံ မဖြစ်မနေတင်ပြရမည်”ဟု ဆိုပြီး
ထိုအခါ ရှင်ဘုရင်သည် ယေဟုဒိကိုစေလွှတ်၍ စာလိပ်ကိုယူစေ၏။ ယေဟုဒိသည် စာရေးတော်ကြီးဧလိရှမာအခန်းရှိစာလိပ်ကို ယူလာပြီးလျှင် ရှင်ဘုရင်နှင့်တကွ ရှင်ဘုရင်၏ထံပါးတွင်ခစားသော အကြီးအကဲအားလုံးတို့ကြားသိစေရန် ဖတ်ပြလေ၏။