ဇေဒကိမင်းကြီး နန်းစံကိုးနှစ်၊ ဒသမလ၊ ဆယ်ရက်နေ့တွင် ဘေဘီလုံဘုရင်နေဗုခဒ်နေဇာမင်းကြီးသည် မိမိစစ်သည်အပေါင်းတို့နှင့်တကွ ဂျေရုဆလင်မြို့သို့စစ်ချီလာ၍ မြို့ပြင်၌စခန်းချကြ၏။ မြို့ပတ်ပတ်လည်၌ မြေကတုတ်ကိုဆောက်ကြ၏။
ယေရမိ 34:2 - မြန်မာ့စံမီသမ္မာကျမ်း “အစ္စရေးလူမျိုး၏ဘုရားသခင်ထာဝရဘုရားက သင်သည် ယုဒဘုရင်ဇေဒကိထံသို့သွား၍ ထာဝရဘုရားက ‘ကြည့်ရှုလော့။ ငါသည် ဤမြို့ကို ဘေဘီလုံဘုရင်လက်သို့အပ်မည်။ သူသည် ဤမြို့ကို မီးရှို့လိမ့်မည်။ Common Language Bible ဣသရေလအမျိုးသားတို့၏ဘုရားသခင် ထာဝရဘုရားသည် ငါ့အားသင်သည်ယုဒ ဘုရင်ဇေဒကိထံသို့သွား၍သူ့အားဗျာ ဒိတ်တော်ပြန်ကြားရမည်မှာ``ငါထာဝရ ဘုရားသည်ဤမြို့ကိုဗာဗုလုန်ဘုရင်အား ပေးအပ်မည်။ သူသည်ဤမြို့ကိုမီးရှို့လိမ့်မည်။- Garrad Bible ဣ သ ရေ လ လူ မျိုး ၏ ဘု ရား သ ခင် ထာ ဝ ရ ဘု ရား က၊ ယု ဒ ဘု ရင် ဇေ ဒ ကိ ထံ သွား ၍ ဆင့် ဆို ရ မည် မှာ၊ မီး တိုက် မည့် ဗာ ဗု လုန် ဘု ရင့် လက် တွင်း သို့ ဤ မြို့ ကို ငါ အပ် နှင်း သည့် အ လျောက်၊ Judson Bible ဣသရေလအမျိုး၏ ဘုရားသခင် ထာဝရဘုရား မိန့်တော်မူသည်ကား၊ သင်သည် ယုဒရှင်ဘုရင် ဇေဒကိကို သွား၍ပြောရမည်မှာ၊ ထာဝရဘုရား မိန့်တော်မူသည်ကား၊ ဤမြို့ကို ဗာဗုလုန် ရှင်ဘုရင်လက်သို့ ငါအပ်၍၊ သူသည် မီးရှို့လိမ့်မည်။ |
ဇေဒကိမင်းကြီး နန်းစံကိုးနှစ်၊ ဒသမလ၊ ဆယ်ရက်နေ့တွင် ဘေဘီလုံဘုရင်နေဗုခဒ်နေဇာမင်းကြီးသည် မိမိစစ်သည်အပေါင်းတို့နှင့်တကွ ဂျေရုဆလင်မြို့သို့စစ်ချီလာ၍ မြို့ပြင်၌စခန်းချကြ၏။ မြို့ပတ်ပတ်လည်၌ မြေကတုတ်ကိုဆောက်ကြ၏။
သူသည် ထာဝရဘုရား၏အိမ်တော်မှစ၍ ဘုရင့်နန်းတော်နှင့် ဂျေရုဆလင်မြို့ရှိ အိမ်အားလုံးကို မီးရှို့၏။ မှူးကြီးမတ်ရာတို့၏အိမ်အားလုံးကိုလည်း မီးရှို့လေ၏။
အကြောင်းမူကား ဤမြို့ကို အကောင်းမဟုတ် အဆိုးအတွက် ငါထားထား၏။ ဘေဘီလုံဘုရင်လက်သို့အပ်သဖြင့် သူသည် မီးရှို့ပစ်လိမ့်မည်’ဟူ၍ မိန့်တော်မူသည်”ဟု ဆင့်ဆိုရမည်။
အစ္စရေးလူမျိုး၏ဘုရားသခင် ထာဝရဘုရားက ‘ကြည့်ရှုလော့။ မြို့ရိုးအပြင်ဘက်၌ဝိုင်းထားသော ဘေဘီလုံဘုရင်နှင့် ခါလဒဲလူမျိုးတို့ကို တိုက်ခိုက်ရန် သင်တို့ကိုင်စွဲထားသောလက်နက်များကို သင်တို့ထံပြန်လှည့်စေမည်။ ထိုလက်နက်တို့ကို မြို့ထဲ၌ ငါစုသိမ်းမည်။
‘ထိုအသုံးအဆောင်တို့ကို ဘေဘီလုံမြို့သို့ ယူဆောင်သွားကြလိမ့်မည်။ ငါအကြည့်အရှုကြွလာမည့်နေ့အထိ ထိုမြို့တွင် ထားကြလိမ့်မည်။ ထို့နောက်မှ ထိုအသုံးအဆောင်တို့ကို ပြန်ယူဆောင်လာ၍ ဤနေရာ၌ထားမည်’ဟူ၍ မိန့်တော်မူသည်”ဟု ဆင့်ဆို၏။
ထိုသို့ ထောင်ထဲ၌ချုပ်နှောင်ထားခြင်းခံရသောယေရမိကို ယုဒဘုရင်ဇေဒကိမင်းကြီးက “သင်သည် အဘယ်ကြောင့် ထာဝရဘုရားက ‘ဤမြို့ကို ဘေဘီလုံဘုရင်၏လက်ထဲသို့ ငါအပ်မည်။ သူသည် ထိုမြို့ကို သိမ်းယူလိမ့်မည်။
ထာဝရဘုရားက ‘အကယ်စင်စစ် ငါသည် ရန်သူတို့ကိုအမိန့်ပေး၍ ဤမြို့သို့ ပြန်လာစေမည်။ သူတို့သည် ဤမြို့ကို တိုက်ခိုက်သိမ်းပိုက်၍ မီးရှို့ကြလိမ့်မည်။ ငါသည် ယုဒမြို့ရွာတို့ကို နေထိုင်သူမရှိ၊ လူသူကင်းမဲ့ရာအရပ်ဖြစ်စေမည်’ဟူ၍ မိန့်တော်မူသည်”ဟု မိန့်ဆို၏။
သင့်မိဖုရားနှင့် သားတော်၊ သမီးတော် အားလုံးကို ခါလဒဲစစ်သည်တို့ ခေါ်ဆောင်သွားလိမ့်မည်။ သင်သည်လည်း သူတို့လက်မှ လွတ်မည်မဟုတ်။ ဘေဘီလုံဘုရင်၏လက်အောက်သို့ ရောက်ရလိမ့်မည်။ ဤမြို့သည်လည်း မီးရှို့ခြင်းခံရလိမ့်မည်’ဟူ၍ ဖော်ပြတော်မူပြီ”ဟု လျှောက်ဆို၏။
ခါလဒဲစစ်သည်တို့သည် ဘုရင့်နန်းတော်နှင့် လူနေအိမ်တို့ကိုမီးရှို့ပြီး ဂျေရုဆလင်မြို့ရိုးကိုလည်း ဖြိုဖျက်ကြ၏။