ထိုသို့ ပြောခဲ့သည့်အတိုင်းလည်း ဖြစ်လာလေ၏။ ထိုတပ်မှူးသည်လည်း မြို့တံခါးဝ၌ လူတို့ သူ့ကိုနင်းမိသဖြင့် သူသေသွားလေ၏။
ယေရမိ 28:17 - မြန်မာ့စံမီသမ္မာကျမ်း ထိုနှစ်၊ သတ္တမလတွင်ပင် ပရောဖက်ဟာနနိယ သေဆုံးလေ၏။ Common Language Bible ပရောဖက်ဟာနနိသည်ထိုနှစ်သတ္တမလ ၌ပင်သေဆုံးသွားလေသည်။ Garrad Bible ပ ရော ဖက် ဟာ န နိ သည်၊ ထို နှစ် သ တ္တ မ လ တွင် သေ လေ ၏။ Judson Bible ထိုသို့နှင့်အညီ ပရောဖက်ဟာနနိသည် ထိုနှစ်တွင်၊ သတ္တမလ၌သေလေ၏။ |
ထိုသို့ ပြောခဲ့သည့်အတိုင်းလည်း ဖြစ်လာလေ၏။ ထိုတပ်မှူးသည်လည်း မြို့တံခါးဝ၌ လူတို့ သူ့ကိုနင်းမိသဖြင့် သူသေသွားလေ၏။
“ကြည့်ရှုလော့။ ကိုယ်အလိုအလျောက်ဟောပြောပြီးမှ ‘ထာဝရဘုရားမိန့်တော်မူ၏’ဟု ဆိုတတ်သောပရောဖက်တို့ကို ငါစီရင်မည်”ဟု ထာဝရဘုရားမိန့်တော်မူ၏။
ယုဒဘုရင်ဇေဒကိမင်းကြီးနန်းစံကာလ အစပိုင်း စတုတ္ထနှစ်၊ ပဉ္စမလတွင်ပင် ဂိဗောင်မြို့မှ အဇ္ဇုရ၏သား ပရောဖက်ဟာနနိယက ထာဝရဘုရား၏အိမ်တော်၊ ယဇ်ပုရောဟိတ်နှင့် လူအပေါင်းတို့ရှေ့တွင် ငါ့အား
ထို့ကြောင့် ထာဝရဘုရားက ‘ကြည့်ရှုလော့။ သင်သည် ထာဝရဘုရားအား ပုန်ကန်ပြောဆိုသည်ဖြစ်၍ သင့်ကို ကမ္ဘာမြေပေါ်မှ ထွက်သွားစေမည်။ ဤနှစ်တွင် သင်သေရမည်’ဟူ၍ မိန့်တော်မူသည်”ဟု ဆိုလေ၏။
ဂျေရုဆလင်မြို့မှ ဘေဘီလုံမြို့သို့ နေဗုခဒ်နေဇာမင်းကြီးဖမ်းခေါ်သွားသောသူထဲမှ သုံ့ပန်းအဖြစ်အသက်ရှင်ကျန်ရှိသောသက်ကြီးဝါကြီးများ၊ ယဇ်ပုရောဟိတ်များ၊ ပရောဖက်များနှင့် လူအပေါင်းတို့ထံသို့ ပရောဖက်ယေရမိက ဂျေရုဆလင်မြို့မှ စာရေးသားပေးပို့လိုက်၏။
သို့သော် ငါ့အစေအပါးပရောဖက်တို့အား ငါမိန့်မှာထားသောစကားများနှင့် ပြဋ္ဌာန်းချက်များသည် သင်တို့ဘိုးဘေးတို့အပေါ်ကျရောက်လာခဲ့သည်မဟုတ်လော။ ထို့နောက် သူတို့ပြန်လှည့်လာ၍ ‘ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရားသည် စိတ်ပိုင်းဖြတ်ထားသည့်အတိုင်း ငါတို့အပြုအမူအကျင့်အကြံတို့နှင့်အညီ ငါတို့ကို အပြစ်ပေးတော်မူပြီ’ဟူ၍ ဆိုကြသည်”ဟု မိန့်ဆို၏။
ပရောဖက်တစ်ပါးပါးသည် အတင့်ရဲ၍ ငါမမိန့်မှာထားသောစကားကို ငါ့နာမဖြင့် ဆင့်ဆိုလျှင်ဖြစ်စေ၊ အခြားသောဘုရား၏နာမဖြင့်ဆင့်ဆိုလျှင်ဖြစ်စေ ထိုပရောဖက်သည် အသတ်ခံရမည်’ဟု မိန့်တော်မူ၏။