ယေရမိ 25:19 - မြန်မာ့စံမီသမ္မာကျမ်း
ထို့နောက်မှ အီဂျစ်ဘုရင်ဖာရောမင်းကြီးနှင့် သူ၏အမှုထမ်းများ၊ အကြီးအကဲများ၊ သူ့လူမျိုးများ၊
အခန်းကိုကြည့်ပါ။
စပျစ်ရည်ခွက်ဖလားမှအမျက်တော်ရည် ကိုသောက်ရကြသည့်အခြားသူများ၏ စာရင်းမှာ၊ အီဂျစ်ဘုရင်မှူးမတ်များနှင့်ခေါင်းဆောင်များ၊ အီဂျစ်အမျိုးသားများနှင့်အီဂျစ်ပြည်ရှိ လူမျိုးခြားရှိသမျှ၊ ဥဇပြည်မင်းအပေါင်း၊ ဖိလိတ္တိပြည်ရှိအာရှကေလုန်မြို့၊ဂါဇမြို့၊ ဧကြုန်မြို့တို့မှဘုရင်အပေါင်းနှင့်အာဇုတ် မြို့သား အကြွင်းအကျန်ရှိသမျှ၊ ဧဒုံပြည်၊မောဘပြည်နှင့်အမ္မုန်ပြည်သား အပေါင်း၊ တုရုနှင့်ဇိဒုန်ဘုရင်အပေါင်း၊ ပင်လယ်ရပ်ခြားမြေထဲပင်လယ်ဒေသတွင် အုပ်စိုးသည့်ဘုရင်အပေါင်း၊ ဒေဒန်မြို့၊တေမမြို့နှင့်ဗုဇမြို့တို့မှ မြို့သူမြို့သားအပေါင်း၊ နဖူးပေါ်မှဆံပင်တိုညှပ်သူမှန်သမျှ၊ အာရပ်ဘုရင်အပေါင်း၊ သဲကန္တာရတွင်နေထိုင်သူလူမျိုးခြားတို့အား အစိုးရသည့်ဘုရင်အပေါင်း၊ ဇိမရိပြည်၊ဧလံပြည်နှင့်မေဒိပြည်ဘုရင် အပေါင်းနှင့် မြောက်ဘက်ရှိရပ်နီးရပ်ဝေးမှဘုရင် အပေါင်းတို့ ဖြစ်ကြ၏။ ကမ္ဘာပေါ်တွင်ရှိသမျှသောလူမျိုးတို့သည် ထိုအမျက်တော်ရည်ကိုသောက်ရကြ၏။ နောက်ဆုံးသောက်ရမည့်သူမှာဗာဗုလုန် ဘုရင်ဖြစ်ပေသည်။
အခန်းကိုကြည့်ပါ။
အိ ဂျစ် ဘု ရင် ဖာ ရော မင်း မှ စ ၍၊ ကျေး ကျွန် သင်း ပင်း များ၊ မှူး မတ် များ၊ ပြည် သူ ပြည် သား တို့ နှင့်၊ မျိုး ရိုး မ ဟုတ် သူ တို့ အား လည်း ကောင်း၊ ဥ ဇ ပြည့် ရှင် ဘု ရင် တို့ အား လည်း ကောင်း၊ ဖိ လိ တ္တိ ပြည့် ရှင် ဘု ရင် တို့ မှ စ၍၊ အာ ရှ ကေ လုန်၊ ဂါ ဇ၊ ဧ ကြုန် မြို့ သား တို့ နှင့် အာ ဇုတ် မြို့ သား အ ကြွင်း အ ကျန် တို့ အား လည်း ကောင်း၊
အခန်းကိုကြည့်ပါ။
အဲဂုတ္တုပြည်ကိုအစိုးရသော ဖာရောဘုရင်အစရှိသောသူ၏ ကျွန်၊ မှူးမတ်၊ ပြည်သူပြည်သား၊ သူတို့နှင့်ရောနှောသော တစ်ပါးအမျိုးသားရှိသမျှ၊
အခန်းကိုကြည့်ပါ။