ထို့နောက် ထာဝရဘုရား၏နှုတ်ကပတ်တော်သည် ငါ့ထံသို့ ရောက်လာ၍
သို့ဖြစ်၍ထာဝရဘုရား၏နှုတ်ကပတ်တော် ငါ့ထံသို့ရောက်လာ၏``ဗာဗုလုန်မြို့သို့လိုက် ပါသွားရသူတို့သည်သင်္ဘောသဖန်းသီး ကောင်းများနှင့်တူသည်ဟု ဣသရေလအမျိုး သားတို့၏ဘုရားသခင်ငါထာဝရဘုရား ရှုမှတ်ကာငါသည်သူတို့အားကရုဏာနှင့် ဆက်ဆံမည်။-
ငါ သို့ ရောက် လာ သော ထာ ဝ ရ ဘု ရား၏ ဗျာ ဒိတ် တော် ကား၊
တစ်ဖန် ထာဝရဘုရား၏ နှုတ်ကပတ်တော်သည် ငါ့ဆီသို့ရောက်လာ၍၊ ဣသရေလအမျိုး၏ ဘုရားသခင် ထာဝရဘုရား မိန့်တော်မူသည်ကား၊
ထိုအခါ ထာဝရဘုရားက ငါ့အား “ယေရမိ၊ မည်သည့်အရာကို မြင်သနည်း”ဟု မေးတော်မူလျှင် ငါက “သဖန်းသီးများကို မြင်ပါ၏။ ကောင်းသောသဖန်းသီးများသည် အလွန်ကောင်းပါ၏။ မကောင်းသောသဖန်းသီးများသည် စား၍မရအောင် ပုပ်နေပါ၏”ဟု ပြန်လျှောက်၏။
“အစ္စရေးလူမျိုး၏ဘုရားသခင်ထာဝရဘုရားက ‘ယုဒပြည်မှ ခါလဒဲပြည်သို့ ငါပို့လိုက်သော၊ ယုဒပြည်မှ ဖမ်းခေါ်သွားခြင်းခံရသောသူတို့သည် ဤကောင်းသောသဖန်းသီးများကဲ့သို့ ဖြစ်ကြ၏။ သူတို့ကို ကောင်းသောသူများအဖြစ် ငါမှတ်ယူမည်။