ထို့ကြောင့် ထာဝရဘုရားက “ကြည့်ရှုလော့။ ‘အစ္စရေးအမျိုးသားတို့ကို အီဂျစ်ပြည်မှထုတ်ဆောင်ခဲ့သော ထာဝရဘုရား အသက်ရှင်တော်မူသည်’ဟု နောက်တစ်ဖန် မပြောဆိုကြတော့ဘဲ
ထာဝရဘုရားက``လူတို့သည်ငါ့အား ဣသရေလပြည်သားတို့ကို အီဂျစ်ပြည် မှထုတ်ဆောင်လာသည့်အသက်ရှင်တော်မူ သောဘုရားသခင်အဖြစ်ဖြင့် တိုင်တည် ကျိန်ဆိုမှုမပြုကြတော့မည့်အချိန် ကျရောက်လာလိမ့်မည်။-
သို့ ဖြစ် ၍၊ ငါ ထာ ဝ ရ ဘု ရား မိန့် ဆို သည့် အ တိုင်း၊ ဤ လူ မျိုး သည် ပြည် ရင်း တွင် နေ ထိုင် ဦး မည် ဖြစ် သော ကြောင့်၊ အိ ဂျစ် ပြည် မှ ဣ သ ရေ လ အ မျိုး သား တို့ ကို၊ ဆောင် ခဲ့ သော ထာ ဝ ရ ဘု ရား အ သက် တော် ဟူ ၍ ဆက် လက် ဆို လေ့ မ ရှိ ဘဲ၊ နှင် ထုတ် တော် မူ ခဲ့ ရာ မြောက် ပိုင်း ပြည် နှင့် ပြည် တ ကာ မှ၊ ဣ သ ရေ လ အ မျိုး သား အ ဆက် အ နွယ် တို့ ကို၊ လမ်း ပြ၍ ဆောင် ခဲ့ သော ထာ ဝ ရ ဘု ရား အသက် တော် ဟူ၍ ဆို ရ လ တ္တံ့ သော နေ့ ရက် ကာ လ ရောက် တော့ မည်။
သို့ဖြစ်၍၊ ထာဝရဘုရားမိန့်တော်မူသည်ကား၊ ဣသရေလအမျိုးသားတို့ကို အဲဂုတ္တုပြည်မှ နုတ်ဆောင်သော ထာဝရဘုရား အသက်ရှင်တော်မူသည်ဟူ၍ မကျိန်ဆိုဘဲ၊
ထိုနေ့ရက်၌ ဘုရားရှင်သည် အဆီးရီးယားပြည်၊ အီဂျစ်ပြည်၊ ပါသရုပြည်၊ အီသီယိုးပီးယားပြည်၊ ဧလံပြည်၊ ရှိနာပြည်၊ ဟာမတ်ပြည်နှင့် ပင်လယ်ကမ်းရိုးတန်းဒေသတို့မှ ကြွင်းကျန်နေသော မိမိ၏လူမျိုးတော်တို့ကို ပြန်သိမ်းယူရန် ဒုတိယအကြိမ် လက်ကိုဆန့်တော်မူမည်။
မကြောက်နှင့်။ ငါသည် သင်နှင့်အတူရှိ၏။ အရှေ့အရပ်မှ သင်၏အမျိုးအနွယ်ကို ငါဆောင်ခဲ့မည်။ အနောက်အရပ်မှ သင့်ကို ငါစုစည်းမည်။
“ကြွင်းကျန်သော ငါ၏သိုးစုကို ငါနှင်ထုတ်ရာအရပ်ရပ်မှ ငါစုသိမ်းမည်။ သူတို့၏စားကျက်မြေသို့ သူတို့ကို ပြန်ခေါ်လာမည်။ သူတို့သည် တိုးပွားများပြားကြလိမ့်မည်။
ထာဝရဘုရားမိန့်တော်မူသည်မှာ ‘ကြည့်ရှုလော့။ ဖမ်းခေါ်သွားခြင်းခံရသော ငါ့လူမျိုးတော်အစ္စရေးနှင့်ယုဒတို့ကို ငါပြန်လာစေသောနေ့ ရောက်လာပြီ။ ဘိုးဘေးတို့အား ငါပေးခဲ့သောပြည်သို့ သူတို့ကို ပြန်လာစေသဖြင့် ထိုပြည်ကို သူတို့ပြန်လည်ပိုင်ဆိုင်ရလိမ့်မည်’ဟူ၍ ဖြစ်၏”ဟု မိန့်တော်မူ၏။
သင်တို့သည် ငါ့ရွှေငွေတို့ကို သိမ်းယူပြီး အဖိုးတန်ရတနာတို့ကိုလည်း သင်တို့၏ဗိမာန်များထဲသို့ သွင်းကြပြီ။
“အီဂျစ်ပြည်မှ သင်ထွက်လာသောနေ့ကကဲ့သို့ အံ့ဖွယ်အမှုတို့ကို ငါပြမည်။”