တစ်ဖန် သူက “စာရာသည် သားသမီးကိုနို့တိုက်လိမ့်မည်ဟု အာဗြဟံကို မည်သူပြောခဲ့ဖူးမည်နည်း။ ယခုမူကား သူအသက်ကြီးသောအခါ သူ့အဖို့ သားတစ်ယောက်ကိုငါမွေးဖွားပေးခဲ့ပြီ”ဟု ဆိုလေ၏။
ယေရမိ 20:15 - မြန်မာ့စံမီသမ္မာကျမ်း ငါ့ဖခင်ဝမ်းသာရအောင် “သင်သည် သားယောက်ျားကို ရပါပြီ”ဟု သူ့ထံသတင်းယူဆောင်လာသောသူသည် ကျိန်ခြင်းခံရပါစေ။ Common Language Bible ``သားယောကျာ်းဖြစ်သည်။ သင်သည်သားယောကျာ်းကိုရရှိပါပြီ'' ဟူသော သတင်းကိုယူဆောင်လာကာ ငါ၏ဖခင်အားဝမ်းမြောက်ဝမ်းသာဖြစ်စေ သူသည် ကျိန်ခြင်းခံရပါစေသော။ Garrad Bible သား ယောက်ျား ရ သော သ တင်း ကို၊ ငါ့ အ ဘ အား ကြား ပြော၍၊ အား ရ ရွှင် လန်း စေ သော သူ သည်၊ အ မင်္ဂ လာ ရှိ ပါ လေ စေ။ Judson Bible ငါ့အဘထံသို့သွား၍၊ ကိုယ်တော်သည် သားယောက်ျားကို ရပါပြီဟု သတင်းပြောလျက်၊ ငါ့အဘကို အလွန်ဝမ်းမြောက်စေသော သူသည် အမင်္ဂလာရှိပါစေသော။ |
တစ်ဖန် သူက “စာရာသည် သားသမီးကိုနို့တိုက်လိမ့်မည်ဟု အာဗြဟံကို မည်သူပြောခဲ့ဖူးမည်နည်း။ ယခုမူကား သူအသက်ကြီးသောအခါ သူ့အဖို့ သားတစ်ယောက်ကိုငါမွေးဖွားပေးခဲ့ပြီ”ဟု ဆိုလေ၏။
“သင့်ကို အမိဝမ်းထဲမှာ ပုံမသွင်းမီကပင် သင့်ကိုငါသိ၏။ သင်မမွေးမီကပင် သင့်ကိုငါသန့်ရှင်းစေပြီ။ လူမျိုးတကာတို့အတွက် ပရောဖက်အဖြစ် ငါခန့်ထားပြီ”ဟု မိန့်ဆိုသော်
သူသည် သင့်အတွက် ဝမ်းမြောက်စရာ၊ ရွှင်မြူးစရာဖြစ်မည်။ လူများစွာတို့သည်လည်း သူ၏ဖွားမြင်ခြင်းအတွက် ဝမ်းမြောက်ကြလိမ့်မည်။