ငါမွေးသောနေ့သည် ကျိန်ခြင်းခံရပါစေ။ ငါ့ကို ငါ့မိခင်မွေးသောနေ့သည် မင်္ဂလာမရှိပါစေနှင့်။
ငါမွေးဖွားသည့်နေ့သည်အမင်္ဂလာရှိပါစေသော။ ငါ့ကိုငါ၏မိခင်မျက်နှာမြင်သည့်နေ့သည် မေ့ပျောက်၍သွားပါစေသော။
ငါ ဖွား သော နေ့ သည်၊ အ မင်္ဂ လာ ရှိ ပါ စေ။ ငါ့ ကို မိ ခင် ဖွား သော ရက် သည်၊ မင်္ဂ လာ မ ရှိ စေ လင့်။
ငါဖွားသော နေ့ရက်သည် အမင်္ဂလာရှိပါစေသော။ ငါ့ကို ငါ့အမိဖွားသော နေ့ရက်သည် ကောင်းချီးမင်္ဂလာကို မခံပါစေနှင့်။
တောကန္တာရသို့ ခရီးဆက်လေ၏။ တစ်ရက်ကြာခရီးသွားပြီးလျှင် ရှားပင်တစ်ပင်အောက်တွင် ထိုင်လျက် “အို ထာဝရဘုရား၊ တန်ပါပြီ။ ယခု အကျွန်ုပ်အသက်ကို ရုပ်သိမ်းတော်မူပါ။ အကျွန်ုပ်သည် အကျွန်ုပ်ဘိုးဘေးတို့ထက် မြတ်သောသူမဟုတ်ပါ”ဟု မိမိအသက်သေဖို့ ဆုတောင်းလေ၏။
နောက်ဆုံးတွင် ယောဘသည် နှုတ်ကိုဖွင့်၍ မိမိမွေးသောနေ့ကို ကျိန်ဆဲလေ၏။
အို ငါ့မွေးသမိခင်၊ ငါ၌အမင်္ဂလာရှိ၏။ ငါသည် မြေတစ်ပြင်လုံးနှင့်ခိုက်ရန်ဖြစ်ပွားသောသူ၊ အငြင်းပွားသောသူ ဖြစ်ရပါပြီတကား။ ငါသည် သူတို့ကို မချေးငှားပေးဖူးပါ။ သူတို့ထံမှ မချေးယူဖူးပါ။ သို့ရာတွင် သူတို့အားလုံးက ငါ့ကိုကျိန်ဆဲကြပါ၏။