သို့သော် မနာရှေမင်းကြီးသည် ယုဒပြည်သူဂျေရုဆလင်မြို့သားတို့ကို လမ်းလွဲစေ၍ အစ္စရေးအမျိုးသားတို့ရှေ့တွင် ထာဝရဘုရား ဖျက်ဆီးတော်မူခဲ့သည့်လူမျိုးခြားတို့ထက် မကောင်းမှုကိုပြုစေခဲ့၏။
ယေရမိ 2:33 - မြန်မာ့စံမီသမ္မာကျမ်း အချစ်ရှာနည်းကို သင်ကျွမ်းကျင်လှပါသည်တကား။ ဆိုးသောမိန်းမတို့ကိုလည်း သင်၏နည်းလမ်းတို့ကို သင်ကြားပေးပါသည်တကား။ Common Language Bible သင်တို့သည်မိမိတို့ချစ်သူများကိုအမှန် ပင်လိုက်၍ရှာတတ်ကြ၏။ ဆိုးညစ်သည့်အမျိုး သမီးများကိုပင်သင်တို့၏အကျင့်ကိုသင် ပေးနိုင်ကြ၏။- Garrad Bible သင် သည် အ ရွှင် အ မြူး ၌ ထိုး ထွင်း သည့် အ လျောက် မိန်း မ သွမ်း တို့ အား ပင်၊ အ လေ့ အ ကျင့် များ ကို သွန် သင် လေ ပြီ။ Judson Bible သင်သည် ရည်းစားကိုရှာခြင်းငှာ သင်တို့ ဘာသာဓလေ့တို့ကို အဘယ်ကြောင့်ပြုပြင်သနည်း။ သင်၏အသိအကျွမ်းတို့ကို သွေးဆောင်လေပြီတကား။ |
သို့သော် မနာရှေမင်းကြီးသည် ယုဒပြည်သူဂျေရုဆလင်မြို့သားတို့ကို လမ်းလွဲစေ၍ အစ္စရေးအမျိုးသားတို့ရှေ့တွင် ထာဝရဘုရား ဖျက်ဆီးတော်မူခဲ့သည့်လူမျိုးခြားတို့ထက် မကောင်းမှုကိုပြုစေခဲ့၏။
“သင်က ‘ငါသည် မညစ်ညူး၊ ဗာလဘုရားတို့နောက်သို့မလိုက်’ဟု မည်သို့ဆိုနိုင်သနည်း။ ချိုင့်ဝှမ်းထဲ၌ သင်ပြုခဲ့သောအမှုကို ကြည့်လော့။ သင်ပြုခဲ့သောအရာကို သိမှတ်လော့။ သင်သည် လမ်းပေါ်၌ဟိုဟိုသည်သည်ပြေးလွှားသည့် လျင်မြန်သောကုလားအုတ်မပါတကား။
အပျိုကညာသည် မိမိအဆင်တန်ဆာကိုလည်းကောင်း၊ သတို့သမီးသည် မိမိမင်္ဂလာဆောင်ဝတ်စုံကိုလည်းကောင်း မေ့လျော့နိုင်မည်လော။ သို့သော် ငါ၏လူတို့သည် ကာလကြာမြင့်စွာ ငါ့ကိုမေ့လျော့ကြပြီ။
အပြစ်မဲ့သောဆင်းရဲသားတို့ဖောက်ထွင်းသည်ကို သင်မတွေ့။ သို့သော် သင့်အဝတ်အောက်စွန်း၌ သူတို့၏သွေးစွန်းသည်ကို တွေ့ရ၏။ ထိုသို့ဖြစ်လျက်နှင့်ပင်
သင်သည် အဘယ်ကြောင့် ဤမျှလောက်လှည့်လည်သွားလာ၍ သင်၏အပြုအမူကို ပြောင်းလဲရသနည်း။ အဆီးရီးယားပြည်အားဖြင့် အရှက်ကွဲရသကဲ့သို့ အီဂျစ်ပြည်အားဖြင့် အရှက်ကွဲရလိမ့်မည်။
ထို့ကြောင့် ကြည့်ရှုလော့။ ငါသည် လက်ကိုဆန့်တန်းပြီး သင့်ကိုဆန့်ကျင်မည်။ သင့်ဝေစုကို လျှော့ချပစ်မည်။ သင်၏ညစ်ညမ်းသောလုပ်ရပ်များကြောင့် သင့်ကိုမုန်းတီးသော၊ သင့်အစားရှက်သော ဖိလိတ္တိသမီးပျိုတို့လက်သို့ သင့်ကိုအပ်လိုက်မည်။
သင်သည် သူတို့လမ်းအတိုင်း လိုက်လျှောက်၏။ သူတို့ပြုသောစက်ဆုပ်ရွံရှာဖွယ်အမှုအတိုင်းပြုသည်သာမက အချိန်တိုအတွင်းမှာပင် သင့်အကျင့်တို့သည် သူတို့ထက်သာ၍ ယိုယွင်းပျက်စီးလာ၏’ဟု မိန့်တော်မူ၏။
သူသည် ဗာလဘုရားပွဲနေ့များ၌ နံ့သာပေါင်းကိုမီးရှို့၍ နှာကွင်းနှင့် လက်ဝတ်ရတနာကိုဆင်မြန်းလျက် ချစ်သူများနောက်သို့လိုက်ပြီး ငါ့ကိုမေ့လျော့သည့်အတွက် သူ့အား ငါဒဏ်ခတ်မည်”ဟု ထာဝရဘုရားမိန့်တော်မူ၏။