အွန်လိုင်း သမ္မာကျမ်းစာ

ကြော်ငြာတွေ


သမ္မာကျမ်းစာတစ်အုပ်လုံး ဓမ္မဟောင်း ဓမ္မသစ်




ယေ​ရ​မိ 17:17 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

အကျွန်ုပ်​ကို ထိတ်လန့်​စေ​တော်​မ​မူ​ပါ​နှင့်​။ ဘေးအန္တရာယ်​ကျရောက်​သောအခါ ကိုယ်တော်​သည် အကျွန်ုပ်​၏​ခိုလှုံ​ရာ​ဖြစ်​တော်မူ​ပါ​၏​။

အခန်းကိုကြည့်ပါ။

Common Language Bible

ကိုယ်​တော်​ရှင်​သည်​ကျွန်​တော်​မျိုး​အား​ထိတ်​လန့် တုန်​လှုပ်​စေ​တော်​မ​မူ​ပါ​နှင့်။ ဒုက္ခ​ရောက်​ချိန်​၌ ကိုယ်​တော်​ရှင်​သည်​ကျွန်​တော်​မျိုး​ခို​လှုံ​ရာ ဖြစ်​တော်​မူ​ပါ​၏။-

အခန်းကိုကြည့်ပါ။

Garrad Bible

ဘေး သင့် ရာ နေ့ ရက်၌၊ အ ကျွန်ုပ် ၏ ခို လှုံ ရာ အ ရှင်၊ စိတ် ပျက် ရာ အ ကြောင်း ဖြစ် တော် မ မူ ပါ လင့်။

အခန်းကိုကြည့်ပါ။

Judson Bible

အ​ကျွန်ုပ်​ကို ထိတ်​လန့်​စေ​တော်​မ​မူ​ပါ​နှင့်။ ဘေး​ရောက်​သော​ကာ​လ၌ ကိုယ်​တော်​သည် အ​ကျွန်ုပ်​ခို​လှုံ​ရာ ဖြစ်​တော်​မူ၏။

အခန်းကိုကြည့်ပါ။



ယေ​ရ​မိ 17:17
11 ပူးပေါင်းရင်းမြစ်များ  

ဘုရားသခင်​ထံမှ​လာ​မည့်​ဘေးဒုက္ခ​ကို ငါ​ကြောက်​၏​။ ဘုန်း​တော်​ကြောင့် မည်သည့်​အမှု​ကို​မျှ ငါ​မ​ပြု​ဝံ့​ပါ​။


ဆင်းရဲ​သော​သူ​ကို ဂရုပြု​သော​သူ​သည် မင်္ဂလာ​ရှိ​၏​။ ဒုက္ခ​ရောက်​သော​နေ့​၌ ထာဝရဘုရား​သည် သူ့​ကို​လွတ်မြောက်​စေ​တော်မူ​မည်​။


အကျွန်ုပ်​မူကား ကိုယ်တော်​၏ အစွမ်းသတ္တိ​အကြောင်း​ကို သီကျူး​ပါ​မည်​။ နံနက်အချိန်​၌ ကိုယ်တော်​၏​မေတ္တာကရုဏာ​တော်​အကြောင်း​ကို ရွှင်လန်း​စွာ​ကြွေးကြော်​ပါ​မည်​။ အကြောင်းမူကား အကျွန်ုပ်​ဘေးဥပဒ်​နှင့်​ကြုံတွေ့​ရ​သော​အချိန်​တွင် ကိုယ်တော်​သည် အကျွန်ုပ်​၏​ခိုကိုး​ရာ​နှင့် ဘေးလွတ်​ရာ​ဖြစ်​တော်မူ​၏​။


အို ထာဝရဘုရား ကိုယ်တော်​သည် အကျွန်ုပ်​၏​ခွန်အား​၊ အကျွန်ုပ်​၏​ရဲတိုက်​၊ ဆင်းရဲဒုက္ခ​ရောက်​ချိန်​၌ အကျွန်ုပ်​၏​ခိုလှုံ​ရာ​ဖြစ်​တော်မူ​ပါ​၏​။ မြေကြီး​စွန်း​မှ လူမျိုးခြား​တို့​သည် ကိုယ်တော်​ထံသို့​လာ​၍ “​အကျွန်ုပ်​တို့​၏​ဘိုးဘေး​တို့ ပိုင်ဆိုင်​သော​အရာ​သည် မုသား​သာ​ဖြစ်​၏​။ အချည်းနှီး​၊ အကျိုး​မ​ရှိ​သော​အရာ​သာ​ဖြစ်​၏​”​ဟု လျှောက်​ကြ​ပါ​လိမ့်မည်​။


အစ္စရေး​လူမျိုး​၏​မျှော်လင့်ရာ​ဖြစ်​တော်မူ​သော​ထာဝရဘုရား​၊ ကိုယ်တော်​ကို​စွန့်ပယ်​သော​သူ​ရှိသမျှ​တို့​သည် အရှက်ကွဲ​ကြ​ရ​လိမ့်မည်​။ ကိုယ်တော့်​ထံမှ​ထွက်သွား​သော​သူ​တို့​သည် အသက်စမ်းရေ​ဖြစ်​သည့်​ထာဝရဘုရား​ကို စွန့်ပယ်​ကြ​သောကြောင့် မြေ​ပေါ်၌​သာ စာရင်းဝင်​ကြ​လိမ့်မည်​။


ထာဝရဘုရား​ကို​ယုံကြည်ကိုးစား​သော​သူ​၊ ထာဝရဘုရား​ကို မိမိ​ကိုးစား​ရာ​ဖြစ်​စေ​သော​သူ​သည် ကောင်းချီးမင်္ဂလာ​ခံစား​ရ​သော​သူ​ဖြစ်​၏​။


ထာဝရဘုရား​၏​အသံ​တော်​သည် ဇိအုန်​တောင်​ပေါ်မှ​ဟိန်းထွက်​လာ​၍ အသံ​တော်​ကို ဂျေရုဆလင်​မြို့​မှ လွှင့်​တော်မူ​သောအခါ ကောင်းကင်​နှင့်​မြေကြီး တုန်ခါ​လိမ့်မည်​။ သို့သော် ထာဝရဘုရား​သည် လူမျိုး​တော်​အဖို့​ခိုလှုံ​ရာ​၊ အစ္စရေး​အမျိုးသား​တို့​အဖို့ ရဲတိုက်​ဖြစ်​တော်မူ​၏​။


ထာဝရဘုရား​သည် ကောင်းမြတ်​တော်မူ​၏​။ ဆင်းရဲဒုက္ခ​ရောက်​ချိန်​၌ မှီခို​ရာ​ဖြစ်​တော်မူ​၏​။ ကိုယ်တော်​၌ ခိုလှုံ​သော​သူ​တို့​ကို စောင်မ​တော်မူ​၏​။


ထို့ကြောင့် ဆိုးညစ်​သော​နေ့ရက်​ကာလ​၌ ကြံ့ကြံ့​ခံ​၍ အလုံးစုံ​တို့​ကို​ပြီးမြောက်​စေ​လျက် ရပ်တည်​နိုင်​ရန် ဘုရားသခင်​၏​လက်နက်​စုံ​ကို ဆောင်ယူ​ကြ​လော့။