သူတို့၏ဘုရားများကိုလည်း မီးထဲသို့လွှင့်ပစ်ကြပြီ။ ထိုဘုရားတို့သည် ဘုရားမဟုတ်၊ လူ့လက်ဖြင့်လုပ်သော သစ်သားနှင့် ကျောက်များသာဖြစ်ပါ၏။ ထို့ကြောင့် ထိုဘုရားတို့ကိုလည်း ဖျက်ဆီးပစ်ကြပြီ။
ယေရမိ 16:20 - မြန်မာ့စံမီသမ္မာကျမ်း လူသည် ကိုယ့်အဖို့ ဘုရားကို ပြုလုပ်နိုင်သလော။ ပြုလုပ်နိုင်လျှင်လည်း ဘုရားစစ်မဟုတ်။ Common Language Bible လူသည်မိမိကိုးကွယ်ရန်ဘုရားများကို ပြုလုပ်နိုင်ပါသလော။ မပြုလုပ်နိုင်ပါ။ ပြု လုပ်လျှင်လည်းယင်းတို့သည် ဘုရားသခင် အမှန်ဖြစ်လိမ့်မည်မဟုတ်'' ဟုယေရမိ လျှောက်ထားလေ၏။ Garrad Bible လူ သည် အ တု မျှ သာ ဖြစ် သော ဘု ရား များ ကို၊ ကိုး ကွယ် ရန် လုပ် အပ် ပါ သ လော။ Judson Bible လူသည် ဘုရားမဟုတ်သော ဘုရားတို့ကို ကိုယ်အဖို့ လုပ်ရမည်လော။ |
သူတို့၏ဘုရားများကိုလည်း မီးထဲသို့လွှင့်ပစ်ကြပြီ။ ထိုဘုရားတို့သည် ဘုရားမဟုတ်၊ လူ့လက်ဖြင့်လုပ်သော သစ်သားနှင့် ကျောက်များသာဖြစ်ပါ၏။ ထို့ကြောင့် ထိုဘုရားတို့ကိုလည်း ဖျက်ဆီးပစ်ကြပြီ။
ဟာမတ်ပြည်၊ အာပဒ်ပြည်၏ဘုရားတို့သည် အဘယ်မှာနည်း။ သေဖရဝိမ်ပြည်၏ဘုရားတို့သည် အဘယ်မှာနည်း။ စင်စစ် ထိုဘုရားတို့သည် ရှမာရိမြို့ကို ငါ့လက်မှ ကယ်နုတ်ခဲ့ပြီလော။
သူတို့၏ဘုရားများကိုလည်း မီးထဲသို့လွှင့်ပစ်ကြပြီ။ ထိုဘုရားတို့သည် ဘုရားမဟုတ်၊ လူ့လက်ဖြင့်လုပ်သော သစ်သား၊ ကျောက်များသာဖြစ်သောကြောင့် ပျက်စီးကြလေပြီ။
လူမျိုးခြားတို့သည် ဘုရားမဟုတ်သော သူတို့၏ဘုရားများကိုပင် အလဲအလှယ်ပြုဖူးကြသလော။ ငါ့လူမျိုးတို့မူကား မိမိတို့၏ဘုန်းအသရေကို အကျိုးမပေးသောအရာနှင့် အလဲအလှယ်ပြုကြလေပြီ။
“သင့်ကို ငါမည်သို့ ခွင့်လွှတ်နိုင်မည်နည်း။ သင်၏သားသမီးတို့သည် ငါ့ကိုစွန့်ပစ်၍ ဘုရားမဟုတ်သောဘုရားတို့ကို တိုင်တည်ကျိန်ဆိုကြပြီ။ ငါသည် သူတို့ကို ပြည့်စုံကြွယ်ဝစေသော်လည်း သူတို့သည် အိမ်ထောင်ရေးဖောက်ပြန်၍ ပြည့်တန်ဆာအိမ်၌ စုဝေးကြပြီ။
တစ်နေ့တွင် နေဗုခဒ်နေဇာမင်းကြီးသည် အမြင့်အတောင်ခြောက်ဆယ်၊ အကျယ်ခြောက်တောင်ရှိသော ရွှေရုပ်တုတစ်ခုကို ထုလုပ်ပြီး ဘေဘီလုံနယ်မြေရှိ ဒုရလွင်ပြင်၌ ထားရှိ၍
သို့သော် သင်တို့မြင်ရ၊ ကြားရသည့်အတိုင်း ဤပေါလုဆိုသူက လူ့လက်ဖြင့်လုပ်သောအရာများသည် ဘုရားမဟုတ်ဟုဆိုလျက် ဧဖက်မြို့သာမကအာရှပြည်တစ်ပြည်လုံးနီးပါး၌ များစွာသောလူတို့ကို စည်းရုံးပြီး လမ်းလွဲစေခဲ့၏။
သို့သော် ငါတို့ကဖြစ်စေ၊ ကောင်းကင်မှ ကောင်းကင်တမန်ကဖြစ်စေ သင်တို့အား ငါတို့ဟောပြောသည့်ကောင်းမြတ်သောသတင်းနှင့် ကွဲလွဲခြားနားသည့်အရာကို ဟောပြောလျှင် ထိုသူသည် ကျိန်ခြင်းကိုခံပါစေ။
သို့သော် ဘုရားသခင်ကိုမသိခဲ့စဉ်က သင်တို့သည် ပင်ကိုအားဖြင့် ဘုရားမဟုတ်သောအရာများထံ ကျွန်ခံခဲ့ကြ၏။