နဿလိသည် ချစ်ဖွယ်သောသမင်ပေါက်များကိုပေါက်ဖွားသည့် အချုပ်အနှောင်ကင်းသောသမင်မဖြစ်၏။
ယေရမိ 14:5 - မြန်မာ့စံမီသမ္မာကျမ်း သမင်မပင်လျှင် ကွင်းပြင်၌ သားပေါက်ပြီး မြက်ပင်မရှိသောကြောင့် သားငယ်ကိုစွန့်ပစ်ရ၏။ Common Language Bible ကွင်းပြင်တွင်မြက်မရှိတော့သဖြင့်သမင်မသည် မွေးခါစသားငယ်ကိုစွန့်ပစ်၍ထားရ၏။ Garrad Bible မြက် ပင် မ ရှိ သ ဖြင့်၊ တော နေ ဒ ရယ် မ ပင်၊ သား ကို မွေး၍ စွန့် ပစ် လေ၏။ Judson Bible သမင်မသည် လယ်ပြင်၌မွေးသောအခါ မြက်မရှိသောကြောင့်၊ သားငယ်ကို စွန့်ပစ်၏။ |
နဿလိသည် ချစ်ဖွယ်သောသမင်ပေါက်များကိုပေါက်ဖွားသည့် အချုပ်အနှောင်ကင်းသောသမင်မဖြစ်၏။
ထာဝရဘုရား၏အသံတော်သည် သမင်တို့ကိုသားဖွားစေ၍ သစ်တောများကို ပြောင်တလင်းခါစေတော်မူ၏။ ကိုယ်တော်၏ဗိမာန်တော်၌ရှိသမျှတို့က “ဘုန်းကြီးစေသတည်း”ဟု ကြွေးကြော်ကြ၏။
နိမရိမ်မြို့၏ရေတို့သည် ခန်းခြောက်၍ မြက်ပင်သည် ညှိုးနွမ်းလေ၏။ မြက်နုတို့လည်းမရှိ။ စိမ်းလန်းသောအပင်လည်း မရှိတော့ပေ။
တိရစ္ဆာန်များလည်း ညည်းတွားရလေပြီ။ စားကျက်မြေ မရှိတော့သဖြင့် တိရစ္ဆာန်အုပ်များ တဝဲလည်လည်ဖြစ်ရလေပြီ။ သိုးအုပ်များလည်း ဒုက္ခရောက်လေပြီ။