သူသည် မျဉ်းကြိုးကိုကိုင်လျက် အရှေ့ဘက်သို့သွားပြီးလျှင် ရေစီးသွားရာအရှည် အတောင်တစ်ထောင်ကိုတိုင်း၍ ငါ့အား ရေကိုဖြတ်ကူးစေရာ ရေသည် ခြေမျက်စိအထိရောက်၏။
ယေဇကျေလ 47:4 - မြန်မာ့စံမီသမ္မာကျမ်း တစ်ဖန် အရှည်အတောင်တစ်ထောင်ထပ်တိုင်း၍ ငါ့အား ရေကိုဖြတ်ကူးစေပြန်ရာ ရေသည် ဒူးအထိရောက်၏။ တစ်ဖန် အရှည်အတောင်တစ်ထောင်ကိုထပ်တိုင်း၍ ငါ့အား ရေကိုဖြတ်ကူးစေပြန်ရာ ရေသည် ခါးအထိရောက်၏။ Common Language Bible ထို့နောက်သူသည်နောက်ထပ်ကိုက်ငါးရာ ခြောက်ဆယ်တိုင်းပြန်၏။ ထိုနေရာတွင်ရေ သည်ငါ၏ဒူးဆစ်အထိရောက်ရှိလာ၏။ နောက်ကိုက်ငါးရာခြောက်ဆယ်အကွာတွင် ရေသည်ငါ၏ခါးအထိရောက်ရှိ၏။- Garrad Bible အ တောင် တစ် ထောင် ရောက် ထပ် မံ တိုင်း တာ သော်၊ ဒူး ထိ သော ထို ရေ ကို ဖြတ် သွား စေ ပြီး လျှင်၊ တစ် ထောင် ရောက် ဆက် လက် တိုင်း တာ သော်၊ ခါး ထိ သော ထို ရေ ကို ဖြတ် သွား စေ ပြန် ၏။ Judson Bible တစ်ဖန် အတောင်တစ်ထောင်စေ့အောင် တိုင်း၍ ရေးကူးစေပြန်လျှင်၊ ရေသည် ဒူးကိုမီလေ၏။ တစ်ဖန် အတောင်တစ်ထောင်စေ့အောင် တိုင်း၍ ကူးစေပြန်လျှင်၊ ရေသည်ခါးကို မီလေ၏။ |
သူသည် မျဉ်းကြိုးကိုကိုင်လျက် အရှေ့ဘက်သို့သွားပြီးလျှင် ရေစီးသွားရာအရှည် အတောင်တစ်ထောင်ကိုတိုင်း၍ ငါ့အား ရေကိုဖြတ်ကူးစေရာ ရေသည် ခြေမျက်စိအထိရောက်၏။
တစ်ဖန် အရှည်အတောင်တစ်ထောင်ကိုထပ်တိုင်းပြန်ရာ ရေအလွန်နက်သောကြောင့် ငါသည် မြစ်ကိုဖြတ်မကူးနိုင်။ မြစ်သည် ဖြတ်ကူး၍မရတော့ဘဲ လက်ပစ်ကူးရသောအနေအထားသို့ ရောက်လေ၏။
နိမိတ်လက္ခဏာများနှင့်အံ့ဩဖွယ်ရာများ၏တန်ခိုးအားဖြင့်လည်းကောင်း၊ ဘုရားသခင်၏ဝိညာဉ်တော်တန်ခိုးအားဖြင့်လည်းကောင်း ပြုတော်မူသောအမှုအရာတို့မှအပ ငါသည် မည်သည့်အရာကိုမျှ အရဲစွန့်၍မပြောလိုပေ။ ဤသို့ဖြင့် ငါသည် ဂျေရုဆလင်မြို့မှစ၍ ဣလုရိတ်ပြည်တိုင်အောင် ပတ်သွားကာ ခရစ်တော်၏ကောင်းမြတ်သောသတင်းကို စုံလင်စွာဟောပြောခဲ့၏။
ထိုသတင်းသည် ကမ္ဘာတစ်ဝန်းလုံး၌ အသီးသီးကာ တိုးပွားလျက်ရှိသကဲ့သို့ ၎င်းကိုသင်တို့ကြားနာလျက် ဘုရားသခင်၏ကျေးဇူးတော်ကို မှန်ကန်စွာသိရှိရသောနေ့မှစ၍ သင်တို့ထဲ၌လည်း အသီးသီးကာ တိုးပွားလျက်ရှိ၏။