ထာဝရဘုရားက “လူသားအပေါင်းတို့သည် လဆန်းနေ့တိုင်း၊ ဥပုသ်နေ့တိုင်း ငါ့ရှေ့မှောက်တွင် လာရောက်ရှိခိုးကိုးကွယ်ကြလိမ့်မည်။
ယေဇကျေလ 46:6 - မြန်မာ့စံမီသမ္မာကျမ်း လဆန်းနေ့တွင် တိရစ္ဆာန်အုပ်ထဲမှ အပြစ်အနာအဆာကင်းသောနွားထီးတစ်ကောင်၊ သိုးသငယ်ခြောက်ကောင်၊ သိုးထီးတစ်ကောင်ကို ယူဆောင်လာရမည်။ ထိုအကောင်တို့သည် အပြစ်အနာအဆာကင်းရမည်။ Common Language Bible လဆန်းနေ့၌သူသည်အပြစ်အနာအဆာ ကင်းသည့်နွားသိုးပျိုတစ်ကောင်၊ သိုးငယ် ခြောက်ကောင်နှင့်အတူ သိုးထီးတစ်ကောင် ကိုပူဇော်ရမည်။ ဘောဇဉ်ပူဇော်သကာ အဖြစ်မုန့်ညက်တင်းဝက်နှင့်နွားသိုးပျို တစ်ကောင်ကိုလည်းကောင်း၊ မုန့်ညက်တင်း ဝက်နှင့်သိုးထီးတစ်ကောင်ကိုလည်းကောင်း၊ သိုးငယ်များနှင့်အတူမိမိပေးလှူလို သမျှကိုပူဇော်ရမည်။ မုန့်ညက်တင်း တစ်ဝက်လျှင်သံလွင်ဆီတစ်ပိဿာငါး ဆယ်သားကိုပေးလှူရမည်။- Garrad Bible လ ဆန်း နေ့၌ စီ မံ ရ မည့် မီး ရှို့ ရာ သ က္ကာ မှာ၊ ကြန် အင် စုံ သော နွား ပေါက် တစ် ကောင်၊ သိုး သား ငယ် ခြောက် ကောင်၊ သိုး ထီး တစ် ကောင်၊ Judson Bible လဆန်းနေ့၌ အပြစ်မပါသော နွားထီးတစ်ကောင်၊ သိုးသငယ်ခြောက်ကောင်၊ သိုးထီးတစ်ကောင်ကို ပူဇော်ရမည်။ |
ထာဝရဘုရားက “လူသားအပေါင်းတို့သည် လဆန်းနေ့တိုင်း၊ ဥပုသ်နေ့တိုင်း ငါ့ရှေ့မှောက်တွင် လာရောက်ရှိခိုးကိုးကွယ်ကြလိမ့်မည်။
ဘုရားရှင်ထာဝရဘုရားက ‘အလုပ်လုပ်နေသောခြောက်ရက်အတွင်းတွင် အရှေ့ဘက်ရှိ အတွင်းဝင်းတံခါးကို ပိတ်ထားရမည်။ သို့သော် ဥပုသ်နေ့တွင် ဖွင့်ထားရမည်။ လဆန်းနေ့တွင်လည်း ဖွင့်ထားရမည်။
လဆန်းတစ်ရက်နေ့တိုင်း အပြစ်အနာအဆာကင်းသည့် နွားထီးပျိုနှစ်ကောင်၊ သိုးထီးတစ်ကောင်၊ တစ်နှစ်သားအရွယ် သိုးသငယ်ခုနစ်ကောင်ကို မီးရှို့ရာယဇ်အဖြစ် ထာဝရဘုရားထံ ပူဇော်ရမည်။