နွားထီးတစ်ကောင်အတွက် အကောင်းဆုံးဂျုံမှုန့်တစ်ဧဖာ၊ သိုးထီးတစ်ကောင်အတွက် အကောင်းဆုံးဂျုံမှုန့်တစ်ဧဖာနှင့် အကောင်းဆုံးဂျုံမှုန့်တစ်ဧဖာအတွက် ဆီတစ်ဟိန်ပါဝင်သော ဘောဇဉ်ပူဇော်သက္ကာကို စီစဉ်ပေးရမည်။
ယေဇကျေလ 46:5 - မြန်မာ့စံမီသမ္မာကျမ်း ဘောဇဉ်ပူဇော်သက္ကာအဖြစ် သိုးထီးတစ်ကောင်အတွက် အကောင်းဆုံးဂျုံမှုန့်တစ်ဧဖာ၊ သိုးသငယ်ခြောက်ကောင်အတွက် တတ်နိုင်သလောက်၊ အကောင်းဆုံးဂျုံမှုန့်တစ်ဧဖာအတွက် ဆီတစ်ဟိန်ကိုလည်း ယူဆောင်လာရမည်။ Common Language Bible သူသည်သိုးထီးတစ်ကောင်စီနှင့်အတူ ဘောဇဉ်ပူဇော်သကာအဖြစ်မုန့်ညက် တင်းဝက်၊ သိုးငယ်တစ်ကောင်စီနှင့်အတူ မိမိပေးလှူလိုသမျှကိုယူဆောင်ခဲ့ရ မည်။ ဘောဇဉ်ပူဇော်သကာမုန့်ညက်တင်း တစ်ဝက်လျှင်သံလွင်ဆီတစ်ပိဿာ ငါးဆယ်သားကျယူဆောင်ခဲ့ရမည်။- Garrad Bible ဘော ဇဉ် သ က္ကာ အ ဖြစ်၊ တစ် တင်း လျှင် ဆီ လေး ပိဿာ စီ ပါ၊ သိုး ထီး ဆိုင် ရာ မုန့် ညက် တစ် တင်း၊ သိုး သား ငယ် ဆိုင် ရာ၊ ထိုက် သင့် သော မုန့် ညက် များ တည်း။ Judson Bible ဘောဇဉ်ပူဇော်သကာဖို့ သိုးထီးတစ်ကောင်နှင့် မုန့်ညက်တစ်ဧဖာ၊ ဆီတစ်ဟိန်ကိုလည်းကောင်း၊ သိုးသငယ်နှင့် အလိုရှိသမျှကိုလည်းကောင်း ပူဇော်ရမည်။ |
နွားထီးတစ်ကောင်အတွက် အကောင်းဆုံးဂျုံမှုန့်တစ်ဧဖာ၊ သိုးထီးတစ်ကောင်အတွက် အကောင်းဆုံးဂျုံမှုန့်တစ်ဧဖာနှင့် အကောင်းဆုံးဂျုံမှုန့်တစ်ဧဖာအတွက် ဆီတစ်ဟိန်ပါဝင်သော ဘောဇဉ်ပူဇော်သက္ကာကို စီစဉ်ပေးရမည်။
ဘောဇဉ်ပူဇော်သက္ကာအဖြစ် နွားထီးတစ်ကောင်အတွက် အကောင်းဆုံးဂျုံမှုန့်တစ်ဧဖာ၊ သိုးထီးတစ်ကောင်အတွက် အကောင်းဆုံးဂျုံမှုန့်တစ်ဧဖာ၊ သိုးသငယ်များအတွက် တတ်နိုင်သလောက်၊ အကောင်းဆုံးဂျုံမှုန့်တစ်ဧဖာအတွက် ဆီတစ်ဟိန်ကို စီစဉ်ပေးရမည်။
သူသည် ဆင်းရဲသောသူဖြစ်၍ မတတ်နိုင်လျှင် မိမိအဖို့ အပြစ်ဖြေလွှတ်ခြင်းအတွက် ချီလွှဲရမည့်အပြစ်ဒဏ်ဖြေရာယဇ်အဖြစ် သိုးသငယ်အထီးတစ်ကောင်ကိုလည်းကောင်း၊ ဘောဇဉ်ပူဇော်သက္ကာအဖြစ် ဆီနှင့်ရောသော အကောင်းဆုံးဂျုံမှုန့်တစ်ဧဖာ၏ဆယ်ပုံတစ်ပုံကိုလည်းကောင်း၊ ဆီတစ်လောဃကိုလည်းကောင်း၊
နွားတစ်ကောင်လျှင် ဆီနှင့်ရောသောအကောင်းဆုံးဂျုံမှုန့်တစ်ဧဖာ၏ဆယ်ပုံသုံးပုံ၊ သိုးထီးတစ်ကောင်လျှင် ဆီနှင့်ရောသောအကောင်းဆုံးဂျုံမှုန့်တစ်ဧဖာ၏ဆယ်ပုံနှစ်ပုံ၊
ဤသည်ကား နာဇရိလူနှင့်ဆိုင်သောတရားဖြစ်၏။ နာဇရိလူသည် မိမိတတ်နိုင်သောအရာအပြင် မိမိကိုယ်မိမိ ထာဝရဘုရားထံ ပူဇော်ရန် ကတိသစ္စာပြုထားသောသူဖြစ်၍ ကတိသစ္စာပြုထားသည်နှင့်အညီ နာဇရိလူဖြစ်ခြင်းနှင့်ဆိုင်သောတရားအတိုင်း ပြုကျင့်ရမည်”ဟု မိန့်တော်မူ၏။
သင်၏ဘုရားသခင်ထာဝရဘုရားသည် သင့်အား ကောင်းချီးမင်္ဂလာပေးတော်မူသည်နှင့်အညီ အသီးသီးတတ်နိုင်သည့်အတိုင်း ပူဇော်သက္ကာယူဆောင်လာရမည်။