ယဇ်ပလ္လင်ပေါ်၌ တစ်နေ့လျှင် တစ်နှစ်သားအရွယ်သိုးသငယ်နှစ်ကောင်ကို နေ့စဉ်ပူဇော်ရမည်။
ယေဇကျေလ 46:15 - မြန်မာ့စံမီသမ္မာကျမ်း မီးရှို့ရာယဇ်အဖြစ် သိုးသငယ်တစ်ကောင်၊ ဘောဇဉ်ပူဇော်သက္ကာနှင့် ဆီတို့ကိုလည်း နံနက်တိုင်း အစဉ်ပူဇော်ရမည်’ဟု မိန့်တော်မူ၏။ Common Language Bible နံနက်၌ထာဝရဘုရားအားသိုးငယ်၊ မုန့်ညက်နှင့်သံလွင်ဆီတို့ကိုအစဉ်အမြဲ ဆက်ကပ်ကြစေ'' ဟုမိန့်တော်မူ၏။ Garrad Bible ဆက် မြဲ မီး ရှို့ ရာ သ က္ကာ အ ဖြစ် သိုး သား ငယ် ကို၊ ဆီ ပါ သော ဘော ဇဉ် သ က္ကာ နှင့် တ ကွ၊ နံ နက် တိုင်း ဆက် ကပ် ကြ စေ ဟု မိန့် တော် မူ ၏။ Judson Bible ထိုသို့မီးရှို့ရာယဇ်ကို နံနက်တိုင်း အစဉ်မပြတ် ပူဇော်စရာဖို့ သိုးသငယ်ကိုလည်းကောင်း၊ ဘောဇဉ်ပူဇော်သကာနှင့် ဆီကိုလည်းကောင်း ပြင်ဆင်ရမည်။ |
ယဇ်ပလ္လင်ပေါ်၌ တစ်နေ့လျှင် တစ်နှစ်သားအရွယ်သိုးသငယ်နှစ်ကောင်ကို နေ့စဉ်ပူဇော်ရမည်။
ထာဝရဘုရားရှေ့တော်၊ တွေ့ဆုံစည်းဝေးရာတဲတော်အဝင်ဝ၌ ငါသည် သင်တို့နှင့်တွေ့ဆုံ၍ သင်နှင့်စကားပြောမည်။ ထိုနေရာ၌ ဤမီးရှို့ရာယဇ်ကို သင်တို့မျိုးဆက်အစဉ်အဆက် အစဉ်မပြတ်ပူဇော်ရမည်။
ဤသည်ကား ထာဝရဘုရားအဖို့ မွှေးကြိုင်သောရနံ့အဖြစ် သိနာတောင်ပေါ်တွင်စီရင်ခဲ့သော မီးဖြင့်ပူဇော်သည့် ပုံမှန်မီးရှို့ရာယဇ်ဖြစ်၏။
အခြားသောယဇ်ပုရောဟိတ်မင်းတို့သည် ဦးစွာ မိမိတို့အပြစ်များအတွက်၊ ထို့နောက် လူတို့၏အပြစ်များအတွက် နေ့စဉ် ယဇ်ပူဇော်သကဲ့သို့ ကိုယ်တော်သည် ယဇ်ပူဇော်ရန်မလိုအပ်ပေ။ အကြောင်းမူကား ကိုယ်တော်သည် မိမိကိုယ်ကိုတစ်ကြိမ်တည်းနှင့်အပြီးပူဇော်ခြင်းဖြင့် ဤအမှုကိုပြုတော်မူ၏။
ထိုသို့ပူဇော်ရလျှင် ကမ္ဘာတည်ချိန်မှစ၍ ဒုက္ခဝေဒနာကို အကြိမ်ကြိမ်ခံစားရပေလိမ့်မည်။ ယခုမူကား မိမိကိုယ်ကိုပူဇော်ခြင်းအားဖြင့် အပြစ်တရားကိုပယ်ဖျက်ရန် ကပ်ကာလအဆုံး၌ တစ်ကြိမ်တည်းပေါ်ထွန်းတော်မူ၏။