မည်သူသည် မိမိ၏အမှားများကို သိနားလည်နိုင်ပါသနည်း။ ကွယ်ဝှက်နေသောအပြစ်များနှင့် အကျွန်ုပ်ကိုကင်းလွတ်စေတော်မူပါ။
ယေဇကျေလ 45:20 - မြန်မာ့စံမီသမ္မာကျမ်း မရည်ရွယ်ဘဲအပြစ်ကျူးလွန်မိသူ၊ သို့မဟုတ် မသိနားမလည်ဘဲအပြစ်ကျူးလွန်မိသူတို့အတွက် လဆန်းခုနစ်ရက်နေ့တွင် အပြစ်ဖြေလွှတ်ခြင်းကို ထိုသို့ ပြုပေးရမည်။ ဤနည်းဖြင့် အိမ်တော်အတွက် အပြစ်ဖြေလွှတ်ခြင်းကိုပြုရမည်။ Common Language Bible မည်သူမဆိုအမှုမဲ့အမှတ်မဲ့သော်လည်း ကောင်း၊ မသိနားမလည်သဖြင့်သော်လည်း ကောင်းအပြစ်ကူးလွန်မိခဲ့လျှင်ထိုသူ အပြစ်ဖြေရန်အတွက်ထိုလဆန်းခုနစ် ရက်နေ့၌ဤနည်းအတိုင်းပင်ပြုရမည်။ ဤ နည်းအားဖြင့်သင်သည်ဗိမာန်တော်ကိုသန့် စင်စွာထားရှိရမည်။ Garrad Bible သ တ္တ မ လ တစ် ရက် တွင် လည်း၊ လမ်း လွှဲ မိ သူ၊ မ လိ မ္မာ သူ တို့ အ တွက်၊ ထို နည်း အ တိုင်း၊ ဗိ မာန် တော် ပြစ် အ ဖို့ ဖြေ ခြင်း ကို ပြု ရ မည်။ Judson Bible ထိုမှတစ်ပါး၊ မှားယွင်းသောသူနှင့် မိုက်သောသူအတွက် ခုနစ်ရက်နေ့တွင်၊ ထိုနည်းတူ ပူဇော်၍၊ အိမ်တော်အတွက် အပြစ်ဖြေရာမင်္ဂလာကို ပြုရမည်။ |
မည်သူသည် မိမိ၏အမှားများကို သိနားလည်နိုင်ပါသနည်း။ ကွယ်ဝှက်နေသောအပြစ်များနှင့် အကျွန်ုပ်ကိုကင်းလွတ်စေတော်မူပါ။
အစ္စရေးအမျိုးသားတို့ အပြစ်ဖြေလွှတ်ခြင်းအတွက် အစ္စရေးပြည် ရေဝသောစားကျက်မြေရှိ အကောင်နှစ်ရာရှိသောသိုးအုပ်တစ်အုပ်တွင် တစ်ကောင်ကို ဘောဇဉ်ပူဇော်သက္ကာ၊ မီးရှို့ရာယဇ်၊ မိတ်သဟာယယဇ်အဖြစ် ပူဇော်ရမည်’ဟု မိန့်တော်မူ၏။
တစ်ဖန် ဘုရားရှင်ထာဝရဘုရားက ‘ပထမလ၊ ပထမရက်တွင် အပြစ်အနာအဆာကင်းသော နွားအုပ်ထဲမှ နွားထီးပျိုတစ်ကောင်ကိုယူ၍ သန့်ရှင်းရာဌာနကို စင်ကြယ်အောင်ပြုရမည်။
ထိုသို့ သန့်ရှင်းရာဌာန၊ တွေ့ဆုံစည်းဝေးရာတဲတော်နှင့် ယဇ်ပလ္လင်တို့အတွက် အပြစ်ဖြေလွှတ်ခြင်းကိုပြုပြီးသောအခါ အသက်ရှင်သောဆိတ်သငယ်ကို ယူလာရမည်။
သူကိုယ်တိုင်လည်း အားနည်းခြင်းများရှိသည်ဖြစ်၍ အသိတရားကင်းမဲ့လျက် လမ်းလွဲသောသူတို့ကို စာနာထောက်ထားနိုင်၏။