သူတို့သည် သူတို့၏ဘုရားသခင်အဖို့ သန့်ရှင်းသောသူဖြစ်သောကြောင့် ပြည့်တန်ဆာလုပ်၍ အသရေမရှိသောမိန်းမကို မယူရ။ လင်ယောက်ျားနှင့်ကွာရှင်းထားသောမိန်းမကို မယူရ။
ယေဇကျေလ 44:22 - မြန်မာ့စံမီသမ္မာကျမ်း မုဆိုးမ၊ တစ်ခုလပ်တို့ကို မယားအဖြစ်မယူရ။ အစ္စရေးအမျိုးအနွယ်ထဲမှ အပျိုကညာများနှင့် သေသွားသောယဇ်ပုရောဟိတ်၏မယား မုဆိုးမကိုမူ မယားအဖြစ်ယူနိုင်၏။ Common Language Bible အဘယ်ယဇ်ပုရောဟိတ်မျှကွာရှင်းထား သည့်အမျိုးသမီးနှင့်မထိမ်းမြားရ။ ဣ သရေလအပျိုစင် သို့မဟုတ်အခြားယဇ် ပုရောဟိတ်တစ်ဦး၏မုဆိုးမနှင့်သာလျှင် ထိမ်းမြားရမည်။ အခြားမုဆိုးမနှင့်မ ထိမ်းမြားရ။ Garrad Bible မ ယား ယူ သော်၊ လင် သေ လင် ကွာ မိန်း မ တို့ ကို မ ယူ အပ်၊ ဣ သ ရေ လ အ မျိုး သား ချင်း တို့ တွင်၊ အ ပျို က ညာ ကို သော် လည်း ကောင်း၊ လင် ပ ရော ဟိတ် သေ မိန်း မ ကို သော် လည်း ကောင်း၊ ယူ ကြ ရ မည်။ Judson Bible မုဆိုးမနှင့် မစုံဖက်ရ။ လင်ကွာသောမိန်းမနှင့် မစုံဖက်ရ။ ဣသရေလအမျိုး အပျိုကညာနှင့် သော်လည်းကောင်း၊ ယဇ်ပုရောဟိတ်၏ မယားဖြစ်ဖူးသော မုဆိုးမနှင့်သော်လည်းကောင်း စုံဖက်ရမည်။ |
သူတို့သည် သူတို့၏ဘုရားသခင်အဖို့ သန့်ရှင်းသောသူဖြစ်သောကြောင့် ပြည့်တန်ဆာလုပ်၍ အသရေမရှိသောမိန်းမကို မယူရ။ လင်ယောက်ျားနှင့်ကွာရှင်းထားသောမိန်းမကို မယူရ။
ထို့ကြောင့် ကြီးကြပ်သူသည် အပြစ်တင်စရာမရှိသောသူ၊ မယားတစ်ဦးတည်းရှိသောသူ၊ သမ္မာသတိရှိသောသူ၊ ဣန္ဒြေစောင့်သောသူ၊ လျောက်ပတ်စွာပြုမူသောသူ၊ ဧည့်ဝတ်ကျေပွန်သောသူ၊ သင်ကြားပေးနိုင်စွမ်းရှိသောသူဖြစ်ရမည်။
အသင်းတော်အကြီးအကဲသည် အပြစ်တင်စရာမရှိသောသူ၊ မယားတစ်ဦးတည်းရှိသောသူဖြစ်ရမည်။ သူ၏သားသမီးတို့သည်လည်း ယုံကြည်သူများဖြစ်ရမည်ဖြစ်ပြီး အပျော်ကြူးခြင်းကြောင့်စွပ်စွဲခံရသူများ၊ သို့မဟုတ် နာခံမှုမရှိသောသူများမဖြစ်ရ။