ကိုယ်ခန္ဓာ၏အရှက်ကိုဖုံးရန် သူတို့အတွက် ခါးမှပေါင်အထိရှည်သော ပိတ်ချောဘောင်းဘီကိုလုပ်ရမည်။
ယေဇကျေလ 44:17 - မြန်မာ့စံမီသမ္မာကျမ်း သူတို့သည် အတွင်းဝင်းတံခါးသို့ ဝင်သောအခါ ချည်ချောထည်ကို ဝတ်ရမည်။ အတွင်းဝင်းတံခါး၌ဖြစ်စေ၊ အိမ်တော်တွင်း၌ဖြစ်စေ အမှုတော်ထမ်းဆောင်သောအခါ သိုးမွေးထည်ကို မဝတ်ရ။ Common Language Bible သူတို့သည်မုခ်ပေါက်မှဗိမာန်တော်၏တံတိုင်း အတွင်းသို့ ဝင်သောအခါပိတ်ချောထည်ကို ဝတ်ဆင်ရကြမည်။ တံတိုင်းအတွင်းရှိဝင်း ထဲ၌သော်လည်းကောင်း၊ ဗိမာန်တော်ထဲ၌ သော်လည်းကောင်း တာဝန်ထမ်းဆောင်နေစဉ် မည်သည့်သိုးမွေးထည်ကိုမျှမဝတ်မဆင် ရကြ။- Garrad Bible အ တွင်း တံ တိုင်း တံ ခါး ဖြင့် ဝင်၍၊ ထို တံ ခါး ဝ နှင့် တံ တိုင်း အ တွင်း တွင်၊ အ မှု တော် ကို ဆောင် ရွက် ကြ စဉ်၊ သိုး ချည် အ ဝတ် ကို မ ဝတ် ဘဲ၊ ပိတ် သင်္ကန်း ကို ဝတ် ဆင် ရ မည့် ပြင်၊ Judson Bible သူတို့သည် အတွင်းတံတိုင်းတံခါး အတွင်းသို့ ဝင်သောအခါ၊ ပိတ်အဝတ်ကိုသာ ဝတ်ရကြမည်။ အတွင်းတံတိုင်း တံခါးအတွင်း၌ အမှုတော်ကိုဆောင်ရွက်စဉ်၊ သိုးမွေးအဝတ်ကို မဝတ်ရကြ။ |
ကိုယ်ခန္ဓာ၏အရှက်ကိုဖုံးရန် သူတို့အတွက် ခါးမှပေါင်အထိရှည်သော ပိတ်ချောဘောင်းဘီကိုလုပ်ရမည်။
အာရုန်နှင့်သူ၏သားတို့သည် တွေ့ဆုံစည်းဝေးရာတဲတော်ထဲသို့ ဝင်သောအခါဖြစ်စေ၊ သန့်ရှင်းရာဌာနတော်၌ အမှုတော်ဆောင်ရွက်ရန် ယဇ်ပလ္လင်တော်သို့ ချဉ်းကပ်သောအခါဖြစ်စေ အပြစ်သင့်၍မသေစေရန် ထိုဘောင်းဘီကိုဝတ်ရမည်။ ဤသည်ကား အာရုန်နှင့် နောင်လာမည့်သူ၏သားစဉ်မြေးဆက် အစဉ်အမြဲလိုက်နာရမည့်ပြဋ္ဌာန်းချက်ဖြစ်၏။
ထို့နောက် သူသည် သန့်ရှင်းရာဌာနတော်တွင် အမှုထမ်းဆောင်ရန် အတွင်းဝင်းရှိသန့်ရှင်းရာဌာနထဲသို့ ဝင်သောနေ့တွင် အပြစ်ဖြေရာယဇ်ကို ပူဇော်ရမည်’ဟု ဘုရားရှင်ထာဝရဘုရား မိန့်တော်မူ၏။
သူသည် ကိုယ်ပေါ်၌ သန့်ရှင်းသောပိတ်ချောအတွင်းသင်တိုင်းနှင့် ပိတ်ချောဘောင်းဘီကိုဝတ်ရမည်။ ပိတ်ချောခါးစည်းကိုစည်း၍ ပိတ်ချောခေါင်းပေါင်းကို ဆောင်းရမည်။ ဤအဝတ်တန်ဆာတို့သည် သန့်ရှင်းသည်ဖြစ်၍ ရေချိုးပြီးမှ ဝတ်ဆင်ရမည်။
ထိုသတို့သမီးသည် စင်ကြယ်တောက်ပသောပိတ်ချောထည်ကို ဝတ်ဆင်ခွင့်ရရှိ၏။ ထိုပိတ်ချောထည်ကား သန့်ရှင်းသူတို့၏ဖြောင့်မတ်သောအကျင့်ဖြစ်၏”ဟု ဆိုသည်ကို ငါကြားရ၏။
ပလ္လင်တော်၏ပတ်ဝန်းကျင်၌ကား အခြားသောပလ္လင်နှစ်ဆယ့်လေးခုရှိ၍ ထိုပလ္လင်များပေါ်တွင် ဖြူသောဝတ်ရုံကိုဝတ်ဆင်လျက် ဦးခေါင်းပေါ်၌ ရွှေသရဖူကိုဆောင်းထားသည့် သက်ကြီးဝါကြီးနှစ်ဆယ့်လေးပါးတို့သည် ထိုင်နေကြ၏။