အစ္စရေးလူမျိုး၏ဘုရားသခင်ထာဝရဘုရားသည် ဆားပဋိညာဉ်ဖွဲ့၍ ဒါဝိဒ်မင်းကြီးနှင့် သူ့သားမြေးတို့အား အစ္စရေးလူမျိုးတို့အပေါ် ထာဝရအုပ်စိုးခွင့်ပေးခဲ့သည်ကို သင်တို့ သိကြသည်မဟုတ်လော။
ယေဇကျေလ 43:24 - မြန်မာ့စံမီသမ္မာကျမ်း ထိုယဇ်ကောင်တို့ကို ထာဝရဘုရားရှေ့တော်သို့ ယူဆောင်လာ၍ ယဇ်ပုရောဟိတ်တို့က ထိုယဇ်ကောင်များအပေါ် ဆားဖြူးပြီးလျှင် ထာဝရဘုရားထံ မီးရှို့ရာယဇ်အဖြစ် ပူဇော်ရမည်။ Common Language Bible ထာဝရဘုရားထံသို့ဆောင်ခဲ့လော့။ ယဇ် ပုရောဟိတ်တို့သည်ထိုယဇ်ကောင်များကို ထာဝရဘုရားအားမီးရှို့ရာယဇ်ပူဇော် ရန်ဆားပက်၍မီးရှို့ကြလိမ့်မည်။- Garrad Bible ငါ ထာ ဝ ရ ဘု ရား ထံ တင် သွင်း ပြီး လျှင် ပ ရော ဟိတ် တို့ သည် ဆား ကို ဖြူး၍၊ ငါ ထာ ဝ ရ ဘု ရား ရှေ့ မီး ရှို့ ရာ သ က္ကာ အ ဖြစ် ပူ ဇော် ကြ ရ မည်။ Judson Bible ယဇ်ပုရောဟိတ်တို့သည် ဆားကိုတင်လျက်၊ ထိုယဇ်ကောင်တို့ကို ထာဝရဘုရားအဖို့ မီးရှို့၍ ပူဇော်ရမည်။ |
အစ္စရေးလူမျိုး၏ဘုရားသခင်ထာဝရဘုရားသည် ဆားပဋိညာဉ်ဖွဲ့၍ ဒါဝိဒ်မင်းကြီးနှင့် သူ့သားမြေးတို့အား အစ္စရေးလူမျိုးတို့အပေါ် ထာဝရအုပ်စိုးခွင့်ပေးခဲ့သည်ကို သင်တို့ သိကြသည်မဟုတ်လော။
ဘောဇဉ်ပူဇော်သက္ကာပြုလေတိုင်း ဆားခတ်ရမည်။ ထိုဘောဇဉ်ပူဇော်သက္ကာထဲ၌ ဘုရားသခင်၏ပဋိညာဉ်ဆားကို ခတ်ရန်မမေ့နှင့်။ သင်ပူဇော်သက္ကာပြုလေတိုင်း ဆားခတ်ရမည်။
ထာဝရဘုရားအား အစ္စရေးအမျိုးသားတို့ပေးလှူပူဇော်သည့် သန့်ရှင်းသောအလှူပစ္စည်းရှိသမျှတို့ကို အစဉ်အမြဲရရှိရမည့်ဝေစုအဖြစ် သင်နှင့် သင်၏သားသမီးတို့အား ငါပေး၏။ ထိုဝေစုသည် ထာဝရဘုရားရှေ့တော်၌ သင်နှင့် သင်၏သားစဉ်မြေးဆက်တို့အတွက် ထာဝရဆားပဋိညာဉ်ဖြစ်၏”ဟု မိန့်တော်မူ၏။
သင်တို့သည် ကမ္ဘာမြေ၏ဆားဖြစ်ကြ၏။ သို့သော် ဆားသည် အငန်ဓာတ်ကင်းမဲ့သွားလျှင် ၎င်းကို မည်ကဲ့သို့ပြန်၍ငန်စေမည်နည်း။ မည်သည့်အရာအတွက်မျှ အသုံးမဝင်တော့သဖြင့် အပြင်သို့ပစ်လိုက်၍ လူတို့၏နင်းချေခြင်းခံရရုံသာရှိပေတော့မည်။
လူတစ်ဦးစီအား မည်သို့ပြန်ဖြေရမည်ကို သင်တို့သိရှိနိုင်ရန် သင်တို့၏စကားသည် ဆားဖြင့်အရသာရှိလျက် အစဉ်အမြဲတင့်တယ်ခြင်းရှိပါစေ။