ထို့နောက် ငါ့အား မြောက်ဘက်ထွက်ပေါက်လမ်းမှ အပြင်ဝင်းသို့ ခေါ်ဆောင်သွားပြီး မြေကွက်လပ်ဘက် မျက်နှာမူထားသော မြောက်ဘက်အဆောက်အအုံနှင့်မျက်နှာချင်းဆိုင် အခန်းများသို့ ခေါ်ဆောင်သွား၏။
ယေဇကျေလ 41:12 - မြန်မာ့စံမီသမ္မာကျမ်း အနောက်ဘက်တွင် မြေကွက်လပ်ဘက်မျက်နှာမူသော အဆောက်အအုံတစ်ခုရှိ၏။ အနံအတောင်ခုနစ်ဆယ်၊ အလျားအတောင်ကိုးဆယ်ရှိ၏။ အဆောင်ပတ်ပတ်လည်ရှိ နံရံ၏အထူမှာ ငါးတောင်ရှိ၏။ Common Language Bible ဗိမာန်တော်အနောက်ဘက်မြေလွတ်အစွန်း တွင်အဆောက်အအုံတစ်ခုရှိ၏။ ယင်း သည်အလျားတစ်ရာ့ငါးဆယ်ပေ၊ အနံ တစ်ရာတစ်ဆယ့်ခုနစ်ပေရှိ၏။ ထိုအဆောက် အအုံ၏နံရံတစ်လျှောက်လုံးသည်ထု ရှစ်ပေရှိ၏။ Garrad Bible ဗိ မာန် တော် မ ဟာ ရံ အ နောက် စွန်း ရှိ အ ဆောင် သည်၊ အ လျား အ တောင် ကိုး ဆယ်၊ အ နံ အ တောင် ခု နစ် ဆယ် ရှိ လျက်၊ နံ ရံ ထု ကား ငါး တောင် တည်း။ Judson Bible လွတ်လပ်သော အရပ်ကိုပိတ်၍ အနောက်ဘက်၌ရှိသော တံတိုင်းသည် အလျား အတောင်ခုနစ်ဆယ်ရှိ၍၊ အိမ်တော်ပတ်လည် တံတိုင်းသည်လည်း အထုငါးတောင်၊ အလျားအတောင်ကိုးဆယ်ရှိ၏။ |
ထို့နောက် ငါ့အား မြောက်ဘက်ထွက်ပေါက်လမ်းမှ အပြင်ဝင်းသို့ ခေါ်ဆောင်သွားပြီး မြေကွက်လပ်ဘက် မျက်နှာမူထားသော မြောက်ဘက်အဆောက်အအုံနှင့်မျက်နှာချင်းဆိုင် အခန်းများသို့ ခေါ်ဆောင်သွား၏။
တောင်ဘက်တွင်လည်း ဝင်းတံတိုင်းအရှည်တစ်လျှောက် မြေကွက်လပ်ဘက်မျက်နှာမူထားသော တောင်ဘက်အဆောက်အအုံနှင့် မျက်နှာချင်းဆိုင်တွင် အဆောင်ခန်းများရှိ၏။
သူက ငါ့အား “နေရာလွတ်နှင့်မျက်နှာချင်းဆိုင် မြောက်ဘက်ရှိအခန်းများနှင့် တောင်ဘက်ရှိအခန်းများသည် သန့်ရှင်းသောအခန်းများဖြစ်၏။ ထာဝရဘုရားထံချဉ်းကပ်ရသော ယဇ်ပုရောဟိတ်တို့သည် ထိုအခန်းတို့တွင် အထူးသန့်ရှင်းသောအစာကိုစားရ၏။ ထိုအခန်းတို့သည် သန့်ရှင်းသောကြောင့် ထိုနေရာတွင် အထူးသန့်ရှင်းသောပူဇော်သက္ကာများဖြစ်သည့် ဘောဇဉ်ပူဇော်သက္ကာ၊ အပြစ်ဖြေရာယဇ်၊ အပြစ်ဒဏ်ဖြေရာယဇ်တို့ကို ထားရှိ၏။
မစင်ကြယ်သောအရာတစ်စုံတစ်ခုမျှ ထိုမြို့ထဲသို့ဝင်ရလိမ့်မည်မဟုတ်။ ရွံရှာဖွယ်သောအမှုနှင့်လိမ်လည်မှုတို့ကိုပြုကျင့်သောသူသည်လည်း ဝင်ရလိမ့်မည်မဟုတ်။ သိုးသငယ်တော်၏အသက်စာစောင်တွင် စာရင်းဝင်သောသူတို့သာ ဝင်ရကြလိမ့်မည်။