မီးရှို့ရာယဇ်ပလ္လင်ကို တွေ့ဆုံစည်းဝေးရာတဲတော်တည်းဟူသော ကိန်းဝပ်တော်မူရာတဲတော်အဝင်ဝ၏ရှေ့တည့်တည့်၌ထား၍ ယဇ်ပလ္လင်ပေါ်၌ မီးရှို့ရာယဇ်နှင့် ဘောဇဉ်ပူဇော်သက္ကာတို့ကို ပူဇော်၏။
ယေဇကျေလ 40:47 - မြန်မာ့စံမီသမ္မာကျမ်း ထို့နောက် သူသည် စတုရန်းပုံဝင်းကိုတိုင်းရာ အလျားအတောင်တစ်ရာ၊ အနံအတောင်တစ်ရာရှိ၏။ အိမ်တော်ရှေ့တွင် ယဇ်ပလ္လင်ရှိ၏။ Common Language Bible ထိုလူသည်တံတိုင်းအတွင်းဝင်းကိုတိုင်းတာကြည့်ရာအလျားပေတစ်ရာခုနစ်ဆယ်၊ အနံပေတစ်ရာခုနစ်ဆယ်ရှိသည်ကိုတွေ့ရ၏။ ဗိမာန်တော်သည်အနောက်ဘက်တွင်ရှိ၍ ဗိမာန်တော်ရှေ့၌ယဇ်ပလ္လင်ရှိ၏။- Garrad Bible အ လျား ကို အ တောင် တစ် ရာ၊ အ နံ ကို အ တောင် တစ် ရာ တိုင်း သည့် အ လျောက်၊ စ တု ရန်း ဖြစ် သော၊ ထို တံ တိုင်း အ တွင်း၊ ဗိ မာန် တော် ဦး၌၊ ပူ ဇော် ရာ ပ လ္လင် တော် ရှိ ၏။ Judson Bible ထိုအခါ တံတိုင်းကိုတိုင်း၍ အလျား အတောင်တစ်ရာ၊ အနံ အတောင်တစ်ရာ စတုရန်းရှိ၏။ ယဇ်ပလ္လင်သည် အိမ်တော်ရှေ့မှာ တည်၏။ |
မီးရှို့ရာယဇ်ပလ္လင်ကို တွေ့ဆုံစည်းဝေးရာတဲတော်တည်းဟူသော ကိန်းဝပ်တော်မူရာတဲတော်အဝင်ဝ၏ရှေ့တည့်တည့်၌ထား၍ ယဇ်ပလ္လင်ပေါ်၌ မီးရှို့ရာယဇ်နှင့် ဘောဇဉ်ပူဇော်သက္ကာတို့ကို ပူဇော်၏။
အောက်မုခ်ဆောင်ရှေ့မှ အတွင်းဝင်းရှေ့ထိ အကျယ်ကိုတိုင်းရာ အတောင်တစ်ရာရှိ၏။ အရှေ့ဘက်နှင့် မြောက်ဘက်တို့တွင်လည်း အတောင်တစ်ရာစီကျယ်၏။
အရှေ့မုခ်ဆောင်ကဲ့သို့ပင် မြောက်ဘက်မုခ်ဆောင်တွင်လည်း မျက်နှာချင်းဆိုင်တွင် အတွင်းဝင်းမုခ်ဆောင်ရှိ၍ တစ်ဆောင်နှင့်တစ်ဆောင်အကွာအဝေးကိုတိုင်းရာ အတောင်တစ်ရာရှိ၏။
အတွင်းဝင်းတောင်ဘက်တွင်လည်း မုခ်ဆောင်တစ်ခုရှိ၏။ ထိုတောင်ဘက်မုခ်ဆောင် တစ်ဆောင်နှင့်တစ်ဆောင် အကွာအဝေးကိုတိုင်းရာ အတောင်တစ်ရာရှိ၏။
ထို့နောက် အိမ်တော်ကိုတိုင်းရာ အရှည်အတောင်တစ်ရာရှိ၏။ မြေကွက်လပ်၊ အဆောက်အအုံနှင့် အဆောက်အအုံနံရံအပါအဝင် အရှည်အတောင်တစ်ရာရှိ၏။