အွန်လိုင်း သမ္မာကျမ်းစာ

ကြော်ငြာတွေ


သမ္မာကျမ်းစာတစ်အုပ်လုံး ဓမ္မဟောင်း ဓမ္မသစ်




ယေ​ဇ​ကျေ​လ 40:43 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

နံရံ​ပတ်ပတ်လည်​တွင် လက်တစ်ဝါး​စာ​အရှည်​ရှိ​ချိတ်​များ​ကို တပ်​ထား​၏​။ ပူဇော်သက္ကာ​အသား​များ​ကို စားပွဲ​များ​ပေါ်တွင် တင်​ထား​၏​။

အခန်းကိုကြည့်ပါ။

Common Language Bible

ထို​စား​ပွဲ​များ​တွင်​အ​ထူ​သုံး​လက်​မ​ရှိ​သော​အ​နား​ပတ်​များ​တပ်​ထား​၏။ ယဇ်​ပူ​ဇော်​ရန်​အ​သား​များ​ကို​ထို​စား​ပွဲ​များ​ပေါ်​တွင်​တင်​ထား​ရ​၏။

အခန်းကိုကြည့်ပါ။

Garrad Bible

အ လှူ ဝ တ္ထု အ သား ကို၊ တင် ထား ရာ ခုံ များ ပတ် လည် ၌၊ ဗျက် လက် တစ် ဝါး အ ကာ တပ် လျက် ရှိ၏။

အခန်းကိုကြည့်ပါ။

Judson Bible

စား​ပွဲ​အ​ပေါ်​ပတ်​လည်၌ အ​ကျယ် လက်​တစ်​ဝါး​ရှိ​သော အ​နား​ပတ်​တပ်​လျက်​ရှိ၍၊ ပူ​ဇော်​စ​ရာ​ယဇ်​သား​ကို တင်​ထား​ရ​ကြ၏။

အခန်းကိုကြည့်ပါ။



ယေ​ဇ​ကျေ​လ 40:43
5 ပူးပေါင်းရင်းမြစ်များ  

မီးရှို့ရာယဇ်​အတွက် အလျား​တစ်​တောင်​ခွဲ​၊ အနံ​တစ်​တောင်​ခွဲ​၊ အမြင့်​တစ်​တောင်​ရှိ​သော ကျောက်ဆစ်​စားပွဲ​လေး​လုံး​လည်း​ရှိ​၏​။ ထို​စားပွဲ​ပေါ်တွင် မီးရှို့ရာယဇ်ကောင်​နှင့် ယဇ်ကောင်​များ​ကို​သတ်​ရာ​တွင် အသုံးပြု​သော လက်နက်ကိရိယာ​များ​ကို တင်​ထား​၏​။


အတွင်း​ဝင်း​ထဲရှိ အတွင်း​မုခ်ဆောင်​အပြင်ဘက်​တွင် သီချင်းသည်​တို့​နေ​ရာ​အခန်း​များ​ရှိ​၏​။ တစ်​ခန်း​မှာ မြောက်​မုခ်ဆောင်​၌​ရှိ​ပြီး တောင်ဘက်​သို့​မျက်နှာမူ​ထား​၏​။ နောက်​တစ်​ခန်း​မှာ တောင်​မုခ်ဆောင်​တွင်​ရှိ​ပြီး မြောက်ဘက်​သို့​မျက်နှာမူ​ထား​၏​။


သူ​သည် မီးရှို့ရာယဇ်ကောင်​ကို အရေဆုတ်​ပြီး ထို​ယဇ်ကောင်​ကို အပိုင်းပိုင်း​ခုတ်ဖြတ်​ရ​မည်​။


အာရုန်​၏​သား​ယဇ်ပုရောဟိတ်​တို့​သည် ယဇ်ပလ္လင်​ပေါ်မှ မီး​ပေါ်တွင်​ရှိ​သည့်​ထင်း​များ​ပေါ်၌ ခုတ်ဖြတ်​ထား​သော​အပိုင်း​များ​နှင့်အတူ ဦးခေါင်း​နှင့်​အဆီ​တို့​ကို စီ​ထား​ရ​မည်​။


မောရှေ​သည် သိုးထီး​ကို အပိုင်းပိုင်း​ခုတ်ဖြတ်​၍ ခုတ်ဖြတ်​ထား​သော​အပိုင်း​များ​နှင့်အတူ ဦးခေါင်း​နှင့်​အဆီ​တို့​ကို ရှို့​၏​။