အတွင်းဝင်းတောင်ဘက်တွင်လည်း မုခ်ဆောင်တစ်ခုရှိ၏။ ထိုတောင်ဘက်မုခ်ဆောင် တစ်ဆောင်နှင့်တစ်ဆောင် အကွာအဝေးကိုတိုင်းရာ အတောင်တစ်ရာရှိ၏။
ယေဇကျေလ 40:35 - မြန်မာ့စံမီသမ္မာကျမ်း တစ်ဖန် ငါ့ကို မြောက်ဘက်မုခ်ဆောင်သို့ ခေါ်ဆောင်သွားပြီး တိုင်းရာ အခြားမုခ်ဆောင်များနှင့် အတိုင်းအတာ အတူတူဖြစ်၏။ Common Language Bible ထိုနောက်ထိုလူသည်ငါ့အားမြောက်မုခ်ပေါက်သို့ခေါ်ဆောင်သွား၏။ သူသည်ထိုမုခ်ပေါက်ကိုတိုင်းတာကြည့်ရာအခြားမုခ်ပေါက်များနှင့်အတူတူပင်ဖြစ်ကြောင်းတွေ့ရ၏။- Garrad Bible မြောက် တံ ခါး သို့ ငါ့ ကို ခေါ် သွား သော်၊ Judson Bible တစ်ဖန် မြောက်တံခါးသို့ ခေါ်သွား၍ အရင်ပမာဏနှင့်အညီ တိုင်းလေ၏။ |
အတွင်းဝင်းတောင်ဘက်တွင်လည်း မုခ်ဆောင်တစ်ခုရှိ၏။ ထိုတောင်ဘက်မုခ်ဆောင် တစ်ဆောင်နှင့်တစ်ဆောင် အကွာအဝေးကိုတိုင်းရာ အတောင်တစ်ရာရှိ၏။
တောင်မုခ်ဆောင်ကိုဖြတ်၍ အတွင်းဝင်းသို့ ငါ့ကိုခေါ်ဆောင်သွားပြီး အတွင်းဝင်းရှိ တောင်မုခ်ဆောင်ကိုတိုင်းရာ အခြားမုခ်ဆောင်တို့နှင့် အတိုင်းအတာ အတူတူဖြစ်၏။
ထို့နောက် ငါ့ကို အတွင်းဝင်း၏အရှေ့ဘက်သို့ ခေါ်ဆောင်သွားပြီး မုခ်ဆောင်ကိုတိုင်းရာ အခြားမုခ်ဆောင်များနှင့် အတိုင်းအတာ အတူတူပင်ဖြစ်၏။
ထို့နောက် ထိုသူသည် ငါ့အား မြောက်ဘက်ဝင်ပေါက်လမ်းမှ အိမ်တော်ရှေ့သို့ ခေါ်ဆောင်သွား၏။ ငါကြည့်လိုက်သော် ထာဝရဘုရား၏အိမ်တော်သည် ထာဝရဘုရား၏ဘုန်းတော်နှင့် ပြည့်လျက်နေသည်ကို တွေ့ရ၏။ ငါသည်လည်း ပျပ်ဝပ်လေ၏။
ထို့နောက် ငါ့အား မြောက်ဘက်မုခ်ဆောင်မှ အပြင်ဘက်သို့ ခေါ်ဆောင်သွားပြီး အပြင်ဘက်အရှေ့မုခ်ဆောင်ကို လှည့်လည်ကြည့်ရှုစေ၏။ လက်ယာဘက်တွင် ရေများစီးဆင်းနေသည်ကို တွေ့ရ၏။