အခန်းငယ်များ၊ တိုင်များနှင့် ဆင်ဝင်၏အတိုင်းအတာသည် အခြားတို့နှင့် အတူတူပင်ဖြစ်၏။ မုခ်ဆောင်နှင့် ဆင်ဝင်ပတ်ပတ်လည်တွင် ပြတင်းပေါက်များရှိ၏။ မုခ်ဆောင်သည် အလျားအတောင်ငါးဆယ်၊ အနံနှစ်ဆယ့်ငါးတောင်ရှိ၏။
ယေဇကျေလ 40:24 - မြန်မာ့စံမီသမ္မာကျမ်း ထို့နောက် သူသည် ငါ့ကို တောင်ဘက်သို့ခေါ်ဆောင်သွားရာ တောင်ဘက်တွင်လည်း မုခ်ဆောင်တစ်ခုရှိသည်ကို တွေ့ရ၏။ ထိုမုခ်ဆောင်၏တိုင်၊ ဆင်ဝင်တို့ကိုတိုင်းရာ အခြားမုခ်ဆောင်တို့နှင့် အတူတူပင်ဖြစ်၏။ Common Language Bible ထိုနောက်ထိုသူသည်ငါ့အားတောင်မျက်နှာသို့ခေါ်ဆောင်သွားရာ ငါတို့သည်ထိုအရပ်တွင်အခြားမုခ်ပေါက်တစ်ခုကိုမြင်ရကြ၏။ သူသည်ထိုမုခ်ပေါက်၏အတွင်းနံရံနှင့်အဝင်ခန်းကိုတိုင်းတာကြည့်၏။ ယင်းတို့သည်အခြားမုခ်ပေါက်နှင့်အဆောင်များနည်းတူပင်ဖြစ်၏။- Garrad Bible တောင် မျက် နှာ သို့ ငါ့ ကို ခေါ် ဆောင် သော်၊ တောင် တံ ခါး ဆိုင် ရာ မုတ် ဆောင် နှင့် တံ ခါး နံ ရံ များ ကို၊ ထို ပ မာ ဏ အ လိုက် တိုင်း၏။ Judson Bible ထိုနောက်၊ တောင်မျက်နှာသို့ခေါ်သွား၍ တောင်တံခါးကိုငါမြင်၏။ တိုင်များ၊ မုခ်များကိုတိုင်း၍ အရင်ပမာဏနှင့် တညီတည်းရှိကြ၏။ |
အခန်းငယ်များ၊ တိုင်များနှင့် ဆင်ဝင်၏အတိုင်းအတာသည် အခြားတို့နှင့် အတူတူပင်ဖြစ်၏။ မုခ်ဆောင်နှင့် ဆင်ဝင်ပတ်ပတ်လည်တွင် ပြတင်းပေါက်များရှိ၏။ မုခ်ဆောင်သည် အလျားအတောင်ငါးဆယ်၊ အနံနှစ်ဆယ့်ငါးတောင်ရှိ၏။
ထို့နောက် အရှေ့မုခ်ဆောင်တံခါးဝသို့သွား၍ လှေကားကိုတက်ပြီးမှ တံခါးဝရှိ တံခါးခုံကိုတိုင်းရာ အနံကျူချောင်းတစ်ပြန်စာရှိ၏။ နောက်တံခါးခုံတစ်ခုမှာလည်း အနံကျူချောင်းတစ်ပြန်စာရှိ၏။
ပြည်သူပြည်သားတို့သည် သတ်မှတ်ထားသောပွဲတော်အချိန်တွင် ထာဝရဘုရားရှေ့တော်သို့ လာရောက်ပျပ်ဝပ်ရှိခိုးကြသောအခါ မြောက်ဘက်မုခ်ဆောင်မှ ဝင်သောသူသည် တောင်ဘက်မုခ်ဆောင်မှ ပြန်ထွက်ရမည်။ တောင်ဘက်မုခ်ဆောင်မှ ဝင်သောသူသည် မြောက်ဘက်မုခ်ဆောင်မှ ပြန်ထွက်ရမည်။ ဝင်လာသောမုခ်ဆောင်မှ ပြန်မထွက်ရ။ ဆန့်ကျင်ဘက်မုခ်ဆောင်မှ ထွက်ရမည်။