အောက်မုခ်ဆောင်ရှေ့မှ အတွင်းဝင်းရှေ့ထိ အကျယ်ကိုတိုင်းရာ အတောင်တစ်ရာရှိ၏။ အရှေ့ဘက်နှင့် မြောက်ဘက်တို့တွင်လည်း အတောင်တစ်ရာစီကျယ်၏။
ယေဇကျေလ 40:23 - မြန်မာ့စံမီသမ္မာကျမ်း အရှေ့မုခ်ဆောင်ကဲ့သို့ပင် မြောက်ဘက်မုခ်ဆောင်တွင်လည်း မျက်နှာချင်းဆိုင်တွင် အတွင်းဝင်းမုခ်ဆောင်ရှိ၍ တစ်ဆောင်နှင့်တစ်ဆောင်အကွာအဝေးကိုတိုင်းရာ အတောင်တစ်ရာရှိ၏။ Common Language Bible အရှေ့ဘက်မှာကဲ့သို့ပင်တံတိုင်းအပြင်ဝင်းကိုဖြတ်၍ ဤမြောက်ဘက်မုခ်ပေါက်နှင့်တည့်တည့်၌တံတိုင်းအတွင်းရှိဝင်းသို့ဝင်ရန်မုခ်ပေါက်တစ်ခုရှိလေသည်။ ထိုသူသည်မုခ်ပေါက်နှစ်ခု၏အကွာအဝေးကိုတိုင်း၍ကြည့်ရာ တစ်ရာခုနစ်ဆယ်ပေရှိသည်ကိုတွေ့ရ၏။ Garrad Bible မြောက် ဘက်၊ အ ရှေ့ ဘက်၌ အ တွင်း တံ တိုင်း တံ ခါး များ နှင့်၊ အ ပြင် တံ ခါး များ သည်၊ မျက် နှာ ချင်း ဆိုင် ဖြစ် လျက်၊ တစ် တံ ခါး မှ တစ် တံ ခါး သို့ အ တောင် တစ် ရာ တိုင်း ၏။ Judson Bible အရှေ့ဘက်၌ရှိသကဲ့သို့ မြောက်တံခါးမျက်နှာချင်းဆိုင်အတွင်း တံတိုင်းတံခါးဝရှိ၏။ တံခါးဝတစ်ခုနှင့် တစ်ခု အတောင်တစ်ရာကွာ၏။ |
အောက်မုခ်ဆောင်ရှေ့မှ အတွင်းဝင်းရှေ့ထိ အကျယ်ကိုတိုင်းရာ အတောင်တစ်ရာရှိ၏။ အရှေ့ဘက်နှင့် မြောက်ဘက်တို့တွင်လည်း အတောင်တစ်ရာစီကျယ်၏။
အတွင်းဝင်းထဲရှိ အတွင်းမုခ်ဆောင်အပြင်ဘက်တွင် သီချင်းသည်တို့နေရာအခန်းများရှိ၏။ တစ်ခန်းမှာ မြောက်မုခ်ဆောင်၌ရှိပြီး တောင်ဘက်သို့မျက်နှာမူထား၏။ နောက်တစ်ခန်းမှာ တောင်မုခ်ဆောင်တွင်ရှိပြီး မြောက်ဘက်သို့မျက်နှာမူထား၏။
ထို့နောက် သူသည် စတုရန်းပုံဝင်းကိုတိုင်းရာ အလျားအတောင်တစ်ရာ၊ အနံအတောင်တစ်ရာရှိ၏။ အိမ်တော်ရှေ့တွင် ယဇ်ပလ္လင်ရှိ၏။