ထို့နောက် သူသည် ငါ့ကို တောင်ဘက်သို့ခေါ်ဆောင်သွားရာ တောင်ဘက်တွင်လည်း မုခ်ဆောင်တစ်ခုရှိသည်ကို တွေ့ရ၏။ ထိုမုခ်ဆောင်၏တိုင်၊ ဆင်ဝင်တို့ကိုတိုင်းရာ အခြားမုခ်ဆောင်တို့နှင့် အတူတူပင်ဖြစ်၏။
ယေဇကျေလ 40:20 - မြန်မာ့စံမီသမ္မာကျမ်း အပြင်ဝင်းတွင် မြောက်ဘက်သို့မျက်နှာမူသော မုခ်ဆောင်ရှိ၏။ ထိုမုခ်ဆောင်၏အလျားအနံကိုလည်း တိုင်းတာ၏။ Common Language Bible ထိုနောက်သူသည်တံတိုင်းအပြင်ရှိဝင်းသို့သွားရာ မြောက်မုခ်ပေါက်လမ်းကိုတိုင်းတာကြည့်၏။- Garrad Bible အ ပြင် တံ တိုင်း မြောက် တံ ခါး၊ အ နံ အ လျား ကို လည်း တိုင်း သော်၊ Judson Bible တစ်ဖန် မြောက်မျက်နှာသို့ ခေါ်သွား၍၊ ပြင်တံတိုင်းမြောက်ဘက်သို့ မျက်နှာပြုသော တံခါးအမြင့်နှင့် အနံကို တိုင်းလေ၏။ |
ထို့နောက် သူသည် ငါ့ကို တောင်ဘက်သို့ခေါ်ဆောင်သွားရာ တောင်ဘက်တွင်လည်း မုခ်ဆောင်တစ်ခုရှိသည်ကို တွေ့ရ၏။ ထိုမုခ်ဆောင်၏တိုင်၊ ဆင်ဝင်တို့ကိုတိုင်းရာ အခြားမုခ်ဆောင်တို့နှင့် အတူတူပင်ဖြစ်၏။
ထို့နောက် အရှေ့မုခ်ဆောင်တံခါးဝသို့သွား၍ လှေကားကိုတက်ပြီးမှ တံခါးဝရှိ တံခါးခုံကိုတိုင်းရာ အနံကျူချောင်းတစ်ပြန်စာရှိ၏။ နောက်တံခါးခုံတစ်ခုမှာလည်း အနံကျူချောင်းတစ်ပြန်စာရှိ၏။
ထို့နောက် ငါ့အား မြောက်ဘက်ထွက်ပေါက်လမ်းမှ အပြင်ဝင်းသို့ ခေါ်ဆောင်သွားပြီး မြေကွက်လပ်ဘက် မျက်နှာမူထားသော မြောက်ဘက်အဆောက်အအုံနှင့်မျက်နှာချင်းဆိုင် အခန်းများသို့ ခေါ်ဆောင်သွား၏။
ထို့နောက် ထိုသူသည် ငါ့အား မြောက်ဘက်ဝင်ပေါက်လမ်းမှ အိမ်တော်ရှေ့သို့ ခေါ်ဆောင်သွား၏။ ငါကြည့်လိုက်သော် ထာဝရဘုရား၏အိမ်တော်သည် ထာဝရဘုရား၏ဘုန်းတော်နှင့် ပြည့်လျက်နေသည်ကို တွေ့ရ၏။ ငါသည်လည်း ပျပ်ဝပ်လေ၏။
ထို့နောက် တောင်ဝှေးနှင့်တူသော တိုင်းတာစရာကျူရိုးတစ်ချောင်းကို ငါ့အားပေးပြီးလျှင် “ထ၍ ဘုရားသခင်၏ဗိမာန်တော်နှင့် ယဇ်ပလ္လင်တို့ကိုတိုင်းတာပြီး ထိုနေရာ၌ ဝတ်ပြုကိုးကွယ်နေသောသူတို့ကို ရေတွက်လော့။
သို့သော် ဗိမာန်တော်၏အပြင်ဘက်၌ရှိသည့်တံတိုင်းသည် လူမျိုးခြားတို့အားပေးထားသည်ဖြစ်၍ ၎င်းကိုမတိုင်းဘဲချန်ထားလော့။ ထိုသူတို့သည် သန့်ရှင်းသောမြို့တော်ကို လေးဆယ့်နှစ်လတိုင်တိုင် နင်းချေကြလိမ့်မည်။