ကျောက်ခင်းစင်္ကြံသည် မုခ်ဆောင်များ၏ဘေးတစ်လျှောက်တွင်ရှိ၏။ စင်္ကြံ၏အကျယ်မှာ မုခ်ဆောင်၏အရှည်နှင့်တူ၏။ ဤသည်ကား အောက်စင်္ကြံဖြစ်၏။
ယေဇကျေလ 40:19 - မြန်မာ့စံမီသမ္မာကျမ်း အောက်မုခ်ဆောင်ရှေ့မှ အတွင်းဝင်းရှေ့ထိ အကျယ်ကိုတိုင်းရာ အတောင်တစ်ရာရှိ၏။ အရှေ့ဘက်နှင့် မြောက်ဘက်တို့တွင်လည်း အတောင်တစ်ရာစီကျယ်၏။ Common Language Bible ဗိမာန်တော်တံတိုင်းအတွင်းရှိဝင်းသို့ရောက်နိုင်သော မြေမျက်နှာပြင်မြင့်သည့်နေရာတွင်မုခ်ပေါက်တစ်ခုရှိ၏။ ထိုလူသည်အတွင်းမုခ်ဦးပေါက်နှင့်အပြင်မုခ်ဦးပေါက်အကွာအဝေးကိုတိုင်းတာကြည့်ရာ တစ်ရာခြောက်ဆယ့်ရှစ်ပေရှိသည်ကိုတွေ့ရ၏။ Garrad Bible အောက် တံ ခါး အ တွင်း ပေါက် မှ၊ အ တွင်း တံ တိုင်း ရောက်၊ အ ရှေ့ မျက် နှာ၊ မြောက် မျက် နှာ ကို၊ အ တောင် တစ် ရာ စီ တိုင်း ၏။ Judson Bible ထိုနောက်၊ အောက်တံခါးဦးမှသည် အတွင်း တံတိုင်းပြင်ဘက်ဦးတိုင်အောင် တိုင်း၍၊ အရှေ့မျက်နှာ၌ အတောင်တစ်ရာကွာ၏။ |
ကျောက်ခင်းစင်္ကြံသည် မုခ်ဆောင်များ၏ဘေးတစ်လျှောက်တွင်ရှိ၏။ စင်္ကြံ၏အကျယ်မှာ မုခ်ဆောင်၏အရှည်နှင့်တူ၏။ ဤသည်ကား အောက်စင်္ကြံဖြစ်၏။
အရှေ့မုခ်ဆောင်ကဲ့သို့ပင် မြောက်ဘက်မုခ်ဆောင်တွင်လည်း မျက်နှာချင်းဆိုင်တွင် အတွင်းဝင်းမုခ်ဆောင်ရှိ၍ တစ်ဆောင်နှင့်တစ်ဆောင်အကွာအဝေးကိုတိုင်းရာ အတောင်တစ်ရာရှိ၏။
အတွင်းဝင်းတောင်ဘက်တွင်လည်း မုခ်ဆောင်တစ်ခုရှိ၏။ ထိုတောင်ဘက်မုခ်ဆောင် တစ်ဆောင်နှင့်တစ်ဆောင် အကွာအဝေးကိုတိုင်းရာ အတောင်တစ်ရာရှိ၏။
ထို့နောက် သူသည် စတုရန်းပုံဝင်းကိုတိုင်းရာ အလျားအတောင်တစ်ရာ၊ အနံအတောင်တစ်ရာရှိ၏။ အိမ်တော်ရှေ့တွင် ယဇ်ပလ္လင်ရှိ၏။