တစ်ဖက်တစ်ချက်ရှိ အခန်းငယ်တို့အရှေ့အောက်ခြေတွင် အလျားတစ်တောင်၊ အနံတစ်တောင်ရှိသော အကာရှိ၏။ ထိုအခန်းငယ်တို့သည် အလျားခြောက်တောင်၊ အနံခြောက်တောင်စီရှိ၏။
ယေဇကျေလ 40:13 - မြန်မာ့စံမီသမ္မာကျမ်း အခန်းပေါက်ချင်းမျက်နှာချင်းဆိုင်နေသော အခန်းငယ်၏ခေါင်မိုးထိပ်မှ အခြားတစ်ဖက်အခန်းငယ်ခေါင်မိုးထိပ်အထိ မုခ်ဆောင်ကိုတိုင်းရာ နှစ်ဆယ့်ငါးတောင်ရှိ၏။ Common Language Bible ထိုနောက်ထိုလူသည်အခန်းငယ်တစ်ခု၏နောက်ဘက်နံရံမှမုခ်ပေါက်လမ်းကိုဖြတ်၍ အစွန်းအခန်းငယ်နောက်ဘက်နံရံအထိတိုင်းတာရာလေးဆယ့်နှစ်ပေရှိသည်ကိုတွေ့ရ၏။- Garrad Bible ကင်း တဲ ပြင် ပေါက်၊ အ မိုး တစ် ဘက် မြိတ် မှ တစ် ဘက် မြိတ် ရောက် တံ ခါး အ နံ ကို၊ နှစ် ဆယ့် ငါး တောင် တိုင်း ၏။ Judson Bible ထိုနောက်၊ အခန်းငယ်အမိုးစွန်း တစ်ခုမှသည် တစ်ခုတိုင်အောင် တိုင်း၍ အကျယ်နှစ်ဆယ်ငါးတောင်ရှိ၏။ တံခါးတို့သည် မျက်နှာချင်းဆိုင်ကြ၏။ |
တစ်ဖက်တစ်ချက်ရှိ အခန်းငယ်တို့အရှေ့အောက်ခြေတွင် အလျားတစ်တောင်၊ အနံတစ်တောင်ရှိသော အကာရှိ၏။ ထိုအခန်းငယ်တို့သည် အလျားခြောက်တောင်၊ အနံခြောက်တောင်စီရှိ၏။
မုခ်ဆောင်တိုင်များကိုတိုင်းရာ အမြင့်အတောင်ခြောက်ဆယ်စီရှိ၏။ မုခ်ဆောင်တံတိုင်းပတ်ပတ်လည်သည် မုခ်ဆောင်တိုင်အထိမြင့်၏။
မုခ်ဆောင်တစ်ဘက်စီတွင် အခန်းငယ်သုံးခန်းစီရှိ၏။ တိုင်များနှင့်ဆင်ဝင်သည် ယခင်တိုင်းခဲ့သောမုခ်ဆောင်နှင့် အတူတူဖြစ်၏။ မုခ်ဆောင်သည် အလျားအတောင်ငါးဆယ်၊ အနံနှစ်ဆယ့်ငါးတောင်ရှိ၏။