ထို့နောက် မုခ်ဆောင်တံခါးဝအကျယ်ကိုတိုင်းရာ အတောင်တစ်ဆယ်ရှိ၏။ မုခ်ဆောင်တံခါးဝအမြင့်မှာ တစ်ဆယ့်သုံးတောင်ရှိ၏။
ယေဇကျေလ 40:12 - မြန်မာ့စံမီသမ္မာကျမ်း တစ်ဖက်တစ်ချက်ရှိ အခန်းငယ်တို့အရှေ့အောက်ခြေတွင် အလျားတစ်တောင်၊ အနံတစ်တောင်ရှိသော အကာရှိ၏။ ထိုအခန်းငယ်တို့သည် အလျားခြောက်တောင်၊ အနံခြောက်တောင်စီရှိ၏။ Common Language Bible အစောင့်တပ်သားတို့၏အခန်းတစ်ခုစီရှေ့တွင်အမြင့်လက်မနှစ်ဆယ်၊ အကျယ်လက်မနှစ်ဆယ်ရှိသောတံတိုင်းရှိ၏။ (ထိုအခန်းတို့သည်အလျားဆယ်ပေ၊ အနံဆယ်ပေရှိသတည်း။-) Garrad Bible ဝဲ ယာ ရှိ သော ကင်း တဲ မျက် နှာ စာ တွင်၊ တစ် တောင် ကျယ် သော ပုံ နား ကွယ် ရှိ၏။ ဝဲ ယာ ရှိ သော ကင်း တဲ များ လည်း ခြောက် တောင် စီ တည်း။ Judson Bible အခန်းငယ်တို့ရှေ့မှာ တစ်ဖက်တစ်ချက်၌ ကြမ်းပြင်အနံ တစ်တောင်ရှိ၏။ တစ်ဖက်တစ်ချက်၌ရှိသော အခန်းငယ်တို့သည် အလျားအနံ ခြောက်တောင်စီရှိ၏။ |
ထို့နောက် မုခ်ဆောင်တံခါးဝအကျယ်ကိုတိုင်းရာ အတောင်တစ်ဆယ်ရှိ၏။ မုခ်ဆောင်တံခါးဝအမြင့်မှာ တစ်ဆယ့်သုံးတောင်ရှိ၏။
အခန်းပေါက်ချင်းမျက်နှာချင်းဆိုင်နေသော အခန်းငယ်၏ခေါင်မိုးထိပ်မှ အခြားတစ်ဖက်အခန်းငယ်ခေါင်မိုးထိပ်အထိ မုခ်ဆောင်ကိုတိုင်းရာ နှစ်ဆယ့်ငါးတောင်ရှိ၏။
မုခ်ဆောင်အတွင်းပတ်ပတ်လည်တွင် ပြတင်းပေါက်ငယ်များပါရှိ၏။ မုခ်ဆောင်အတွင်းဘက်ရှိ အခန်းငယ်များ၊ တိုင်များနှင့် ဆင်ဝင်တို့တွင် ပြတင်းပေါက်ငယ်များပါရှိ၏။ တိုင်များတွင် စွန်ပလွံပင်ပုံ ဖော်ထား၏။
ထိုမုခ်ဆောင်၏အခန်းငယ်များ၊ တိုင်များနှင့် ဆင်ဝင်၏အတိုင်းအတာသည် အခြားတို့နှင့် အတူတူပင်ဖြစ်၏။ မုခ်ဆောင်ပတ်ပတ်လည်နှင့် ဆင်ဝင်တွင် ပြတင်းပေါက်များရှိ၏။ မုခ်ဆောင်သည် အလျားအတောင်ငါးဆယ်၊ အနံနှစ်ဆယ့်ငါးတောင်ရှိ၏။
မုခ်ဆောင်တံခါးတိုင်နားတွင် တံခါးပေါက်ပါသောအခန်းတစ်ခန်းရှိ၏။ ထိုနေရာတွင် မီးရှို့ရာယဇ်ကောင်ကို ဆေးကြောကြ၏။
အခန်းငယ်များသည် တစ်ခန်းလျှင် အလျားကျူချောင်းတစ်ပြန်စာ၊ အနံကျူချောင်းတစ်ပြန်စာရှိ၏။ တစ်ခန်းနှင့်တစ်ခန်း ငါးတောင်စီကွာ၏။ အိမ်တော်ဘက်သို့မျက်နှာမူသော မုခ်ဆောင်ဆင်ဝင်တံခါးဝရှိတံခါးခုံသည်လည်း ကျူချောင်းတစ်ပြန်စာရှိ၏။