ထို့နောက် မုခ်ဆောင်တံခါးဝအကျယ်ကိုတိုင်းရာ အတောင်တစ်ဆယ်ရှိ၏။ မုခ်ဆောင်တံခါးဝအမြင့်မှာ တစ်ဆယ့်သုံးတောင်ရှိ၏။
ယေဇကျေလ 40:10 - မြန်မာ့စံမီသမ္မာကျမ်း အရှေ့မုခ်ဆောင်တံခါးဝ၏ဘေးတစ်ဖက်တစ်ချက်စီတွင် အခန်းငယ်သုံးခန်းစီရှိ၏။ အခန်းငယ်သုံးခန်းစလုံး အရွယ်အစားတူ၏။ အခန်းငယ်တို့၏တစ်ဖက်တစ်ချက်ရှိ တိုင်များသည်လည်း အရွယ်အစားတူ၏။ Common Language Bible (မုခ်ပေါက်လမ်းကြား၏ဝဲယာတွင်ရှိသောအစောင့်တပ်သားတို့၏အခန်းသုံးခန်းစီသည် အရွယ်ပမာဏချင်းတူညီကြ၏။ ယင်းတို့ကိုပိုင်းခြားထားသည့်နံရံများသည်လည်းထုချင်းတူညီကြ၏။) Garrad Bible အ ရှေ့ တံ ခါး ဝ ဝဲ ယာ၌၊ အ တိုင်း အ တာ ညီ မျှ သော ကင်း တဲ၊ သုံး ခန်း စီ ရှိ၏။ ဝဲ ယာ၌ တံ ခါး တိုင် နံ ရံ လည်း ညီ မျှ ၏။ Judson Bible အရှေ့တံခါး တစ်ဖက်တစ်ချက်၌ အခန်းငယ်သုံးခန်းစီရှိ၍၊ အလျားအနံတညီတည်း၊ တစ်ဖက်တစ်ချက်၌ တိုင်အမြင့်လည်း တညီတည်းရှိကြ၏။ |
ထို့နောက် မုခ်ဆောင်တံခါးဝအကျယ်ကိုတိုင်းရာ အတောင်တစ်ဆယ်ရှိ၏။ မုခ်ဆောင်တံခါးဝအမြင့်မှာ တစ်ဆယ့်သုံးတောင်ရှိ၏။
မုခ်ဆောင်တစ်ဘက်စီတွင် အခန်းငယ်သုံးခန်းစီရှိ၏။ တိုင်များနှင့်ဆင်ဝင်သည် ယခင်တိုင်းခဲ့သောမုခ်ဆောင်နှင့် အတူတူဖြစ်၏။ မုခ်ဆောင်သည် အလျားအတောင်ငါးဆယ်၊ အနံနှစ်ဆယ့်ငါးတောင်ရှိ၏။
ထိုမုခ်ဆောင်၏အခန်းငယ်များ၊ တိုင်များနှင့် ဆင်ဝင်၏အတိုင်းအတာသည် အခြားတို့နှင့် အတူတူပင်ဖြစ်၏။ မုခ်ဆောင်ပတ်ပတ်လည်နှင့် ဆင်ဝင်တွင် ပြတင်းပေါက်များရှိ၏။ မုခ်ဆောင်သည် အလျားအတောင်ငါးဆယ်၊ အနံနှစ်ဆယ့်ငါးတောင်ရှိ၏။
အတွင်းဝင်းထဲရှိ အတွင်းမုခ်ဆောင်အပြင်ဘက်တွင် သီချင်းသည်တို့နေရာအခန်းများရှိ၏။ တစ်ခန်းမှာ မြောက်မုခ်ဆောင်၌ရှိပြီး တောင်ဘက်သို့မျက်နှာမူထား၏။ နောက်တစ်ခန်းမှာ တောင်မုခ်ဆောင်တွင်ရှိပြီး မြောက်ဘက်သို့မျက်နှာမူထား၏။
အခန်းငယ်များသည် တစ်ခန်းလျှင် အလျားကျူချောင်းတစ်ပြန်စာ၊ အနံကျူချောင်းတစ်ပြန်စာရှိ၏။ တစ်ခန်းနှင့်တစ်ခန်း ငါးတောင်စီကွာ၏။ အိမ်တော်ဘက်သို့မျက်နှာမူသော မုခ်ဆောင်ဆင်ဝင်တံခါးဝရှိတံခါးခုံသည်လည်း ကျူချောင်းတစ်ပြန်စာရှိ၏။
ထို့နောက် မုခ်ဆောင်ဆင်ဝင်ကိုတိုင်းရာ အကျယ်မှာ ရှစ်တောင်ရှိ၍ ဆင်ဝင်ရှိတိုင်များ၏ထုမှာ နှစ်တောင်စီထူ၏။ မုခ်ဆောင်ဆင်ဝင်သည် အိမ်တော်ဘက်သို့မျက်နှာမူ၏။