နွားသားပေါက်၊ သိုးသားပေါက်တို့ကိုလည်း မိခင်နှင့်အတူ ခုနစ်ရက်ပတ်လုံးနေစေ၍ ရှစ်ရက်မြောက်သောနေ့၌ ငါ့အားဆက်ကပ်ရမည်။
ယေဇကျေလ 4:14 - မြန်မာ့စံမီသမ္မာကျမ်း ငါကလည်း “အို ဘုရားရှင်ထာဝရဘုရား၊ အကျွန်ုပ်သည် ငယ်စဉ်မှစ၍ ယခုတိုင်အောင် အလိုလိုသေသောအကောင်၊ သားရဲကိုက်၍သေသောအကောင်တို့ကို မစားဖူးပါ။ ထိုအရာတို့ဖြင့် ကိုယ့်ကိုယ်ကိုယ် မညစ်ညူးစေဖူးပါ။ ထိုသို့ရွံရှာဖွယ်သောအကောင်၏အသားကို အကျွန်ုပ်ပါးစပ်ထဲသို့ မထည့်ဖူးပါ”ဟု ပြန်လျှောက်၏။ Common Language Bible သို့ရာတွင်``အရှင်ထာဝရဘုရား၊ ကျွန်တော် မျိုးသည်အဘယ်အခါ၌မျှ မိမိကိုယ်ကို မညစ်ညမ်းစေခဲ့ဘူးပါ။ ကလေးအရွယ်မှ စ၍အဘယ်အခါ၌မျှ အလိုအလျောက် သေသောတိရစ္ဆာန်၏အသားကိုသော်လည်း ကောင်း၊ သားရဲများကိုက်၍သေသည့်တိရစ္ဆာန် ၏အသားကိုသော်လည်းကောင်း မစားခဲ့ ဘူးပါ။ ကျွန်တော်မျိုးသည်မသန့်စင်ဟု ယူဆသည့်အစားအစာကိုအဘယ်အခါ ၌မျှမစားခဲ့ဘူးပါ'' ဟုလျှောက်၏။ Garrad Bible ငါ က အို အ ရှင် ထာ ဝ ရ ဘု ရား၊ အ ကျွန်ုပ် သည် ငယ် ရွယ် စဉ် က စ၍ ယ ခု တိုင် အောင် အို သေ၊ နာ သေ၊ သား ရဲ ကိုက် သေ၊ ပံ သု ကူ သား ကို စား ခြင်း၊ ရွံ ရှာ ဖွယ် အ သား ကို မြည်း ခြင်း မ ပြု သော ကြောင့်၊ မ သန့် ရာ မ ရောက် ခဲ့ ပါ ဟု လျှောက် ထား သ ဖြင့်၊ Judson Bible ငါကလည်း၊ အိုအရှင်ထာဝရဘုရား၊ အကျွန်ုပ်သည်ညစ်ညူးခြင်းသို့ မရောက်ပါသေး။ အလိုလိုသေသောအကောင်၊ သားရဲကိုက်၍ သေသောအကောင်၊ ရွံရှာဖွယ်သောအကောင်၏အသားကို ငယ်သော အသက်အရွယ်မှစ၍ ယခုတိုင်အောင် အကျွန်ုပ်သည် မစားပါဟု လျှောက်လျှင်၊ |
နွားသားပေါက်၊ သိုးသားပေါက်တို့ကိုလည်း မိခင်နှင့်အတူ ခုနစ်ရက်ပတ်လုံးနေစေ၍ ရှစ်ရက်မြောက်သောနေ့၌ ငါ့အားဆက်ကပ်ရမည်။
သင်တို့သည် ငါ့အဖို့ သန့်ရှင်းသောသူများဖြစ်ရမည်။ ကွင်းပြင်၌ သားရဲကိုက်သတ်သောအကောင်၏အသားကို သင်တို့ မစားရ။ ခွေးကို ပစ်ပေးရမည်။
သူတို့သည် သင်္ချိုင်းများတွင်ထိုင်ကြ၏။ ကွယ်ရာအရပ်တို့၌ ညအိပ်ကြ၏။ ဝက်သားကိုစားကြ၏။ သူတို့ခွက်များထဲ၌ ရွံရှာဖွယ်အသားပြုတ်ရည်ရှိ၏။
ထာဝရဘုရားက “ဥယျာဉ်ထဲသို့သွားရန် မိမိကိုယ်မိမိ သန့်ရှင်းစင်ကြယ်စေပြီး တစ်ယောက်ယောက်နောက်သို့လိုက်သွားသောသူနှင့် ဝက်သား၊ ကြွက်သား စသည့် ရွံရှာဖွယ်တို့ကိုစားသောသူတို့သည် အတူတကွပျက်စီးရလိမ့်မည်”ဟု မိန့်တော်မူ၏။
ငါကလည်း “အို၊ ဘုရားရှင်ထာဝရဘုရား အကျွန်ုပ်သည် သူငယ်သာဖြစ်၍ မပြောမဆိုတတ်ပါ”ဟု ပြန်လျှောက်၏။
ထိုအခါ ငါက “အို ဘုရားရှင်ထာဝရဘုရား၊ သူတို့က အကျွန်ုပ်အား ‘ဤသူသည် ပုံဥပမာ ပြောနေပါသည်’ဟူ၍ ဆိုကြပါ၏”ဟု ပြန်လျှောက်လေ၏။
ထိုအခါ ကိုယ်တော်က “သို့ဖြစ်လျှင် လူ့မစင်အစား နွားချေးကိုပေးမည်။ ထိုနွားချေးနှင့် မုန့်ကိုဖုတ်ရမည်”ဟု မိန့်တော်မူ၏။
ငှက်ဖြစ်စေ၊ တိရစ္ဆာန်ဖြစ်စေ အလိုလိုသေလျှင်၊ သို့မဟုတ် သားရဲကိုက်၍သေလျှင် ယဇ်ပုရောဟိတ်တို့မစားရ။
ထိုသို့သတ်ဖြတ်နေကြစဉ် ငါတစ်ယောက်တည်းကျန်ရစ်၍ ပျပ်ဝပ်လျက် “အလို ဘုရားရှင်ထာဝရဘုရား၊ ဂျေရုဆလင်မြို့အပေါ် အမျက်တော်သွန်ချခြင်းဖြင့် ကြွင်းကျန်သောအစ္စရေးလူမျိုးတို့ကိုပါ ဖျက်ဆီးတော်မူမည်လော”ဟု လျှောက်ဆို၏။
ဒံယေလသည် ဘုရင့်အစားအစာနှင့် ဘုရင်သောက်သောစပျစ်ဝိုင်တို့ဖြင့် မိမိကိုယ်ကိုမညစ်ညူးစေရန် စိတ်ပိုင်းဖြတ်ထားသဖြင့် ထိုအရာတို့ဖြင့် မိမိကိုယ်ကိုညစ်ညူးအောင်မပြုပါရစေနှင့်ဟု နန်းတော်အုပ်ထံ အခွင့်တောင်းလေ၏။
အမျိုးသားချင်းဖြစ်စေ၊ တိုင်းတစ်ပါးသားဖြစ်စေ တစ်စုံတစ်ယောက်သည် အလိုလိုသေသောအကောင်၊ သို့မဟုတ် သားရဲကိုက်သတ်သောအကောင်ကိုစားမိလျှင် မိမိအဝတ်ကိုလျှော်၍ ရေချိုးရမည်။ သူသည် နေဝင်ချိန်အထိ မစင်ကြယ်။ ထို့နောက်မှ သူသည် စင်ကြယ်လိမ့်မည်။
သုံးရက်မြောက်သောနေ့၌ အနည်းငယ်မျှစားမိလျှင်ပင် ရွံရှာဖွယ်ရာဖြစ်၍ လက်ခံတော်မူမည်မဟုတ်။
အလိုလိုသေသောအကောင်၊ သို့မဟုတ် သားရဲကိုက်သတ်သောအကောင်ကို စားခြင်းဖြင့် ကိုယ့်ကိုယ်ကိုယ်မညစ်ညူးစေရ။ ငါသည် ထာဝရဘုရားဖြစ်၏။
သို့သော် ပေတရုက “မဖြစ်နိုင်ပါ သခင်ဘုရား၊ အကြောင်းမူကား အကျွန်ုပ်သည် ညစ်ညူးသောအရာနှင့်မစင်ကြယ်သောအရာ တစ်စုံတစ်ခုကိုမျှ မစားဖူးပါ”ဟု လျှောက်လေ၏။
သင်သည် သင်၏ဘုရားသခင်ထာဝရဘုရားအဖို့ သန့်ရှင်းသောလူမျိုးဖြစ်သောကြောင့် အလိုလိုသေသော အကောင်ဟူသမျှ မစားရ။ သင့်မြို့၌ရှိသော တိုင်းတစ်ပါးသားစားရန် ပေးခွင့်ရှိ၏။ သို့မဟုတ် တစ်ပါးအမျိုးသားထံရောင်းခွင့်ရှိ၏။ ဆိတ်သငယ်ကို မိခင်၏နို့ဖြင့်မပြုတ်ရ။