ဧဖရိမ်အမျိုး၏မနာလိုဝန်တိုစိတ်သည် ပျောက်သွားမည်။ ယုဒအမျိုးအား ရန်ပြုသောသူတို့သည် ဖယ်ရှားခြင်းခံရမည်။ ဧဖရိမ်အမျိုးသည် ယုဒအမျိုးကို မနာလိုမဖြစ်။ ယုဒအမျိုးသည်လည်း ဧဖရိမ်အမျိုးကို ရန်မပြု။
ယေဇကျေလ 37:17 - မြန်မာ့စံမီသမ္မာကျမ်း ထိုတုတ်နှစ်ချောင်းကို တစ်ချောင်းတည်းဖြစ်စေရန် သင့်လက်ထဲတွင် ပူးကိုင်ထားလော့။ Common Language Bible ထိုတုတ်နှစ်ချောင်းကိုတစ်ချောင်းတည်းဟု ထင်ရအောင်သင်၏လက်တွင်ကိုင်ထားလော့။- Garrad Bible အ က္ခ ရာ တင် ပြီး လျှင်၊ စွဲ ကိုင် လျက် ပင်၊ တုတ် တစ် ချောင်း တည်း ဖြစ် စေ ခြင်း ငှာ၊ ပူး ကပ် လော့။ Judson Bible ထိုတုတ်နှစ်ချောင်းကို တစ်ချောင်းတည်းဖြစ်စေခြင်းငှာ ပူးထား၍၊ ထိုတစ်ချောင်းတည်းသော တုတ်ကို လက်စွဲလော့။ |
ဧဖရိမ်အမျိုး၏မနာလိုဝန်တိုစိတ်သည် ပျောက်သွားမည်။ ယုဒအမျိုးအား ရန်ပြုသောသူတို့သည် ဖယ်ရှားခြင်းခံရမည်။ ဧဖရိမ်အမျိုးသည် ယုဒအမျိုးကို မနာလိုမဖြစ်။ ယုဒအမျိုးသည်လည်း ဧဖရိမ်အမျိုးကို ရန်မပြု။
“ထိုနေ့ရက်၊ ထိုအချိန်၌ အစ္စရေးအမျိုးသားနှင့် ယုဒအမျိုးသားတို့သည် အတူပြန်လာကြမည်။ ငိုကြွေးလျက် ပြန်လာ၍ သူတို့၏ဘုရားသခင် ထာဝရဘုရားကို ရှာဖွေကြလိမ့်မည်။
ထိုအခါ ယုဒအမျိုးသားနှင့် အစ္စရေးအမျိုးသားတို့သည် အတူတကွစုရုံးလျက် ခေါင်းဆောင်တစ်ဦးကို ရွေးချယ်တင်မြှောက်ပြီး ထိုပြည်မှထွက်လာကြလိမ့်မည်။ ထိုနေ့သည် ယေဇရေလမြို့အဖို့ နေ့ထူးနေ့မြတ် ဖြစ်လိမ့်မည်။
လူအပေါင်းတို့သည် ထာဝရဘုရား၏နာမတော်ကို ပတ္ထနာပြုလျက် တစ်စိတ်တစ်သဘောတည်းဖြင့် ဝတ်ပြုနိုင်ရန် ငါသည် သူတို့အား သန့်ရှင်းသောနှုတ်ကို ပြန်ပေးမည်။