ဝိညာဉ်တော်ကို စေလွှတ်တော်မူသောအခါ သူတို့သည် ဖန်ဆင်းခြင်းခံရကြပါ၏။ ကိုယ်တော်သည် မြေကြီးမျက်နှာပြင်ကိုလည်း အသစ်ပြုပြင်တော်မူ၏။
ယေဇကျေလ 37:10 - မြန်မာ့စံမီသမ္မာကျမ်း ငါကလည်း ကိုယ်တော်မိန့်မှာတော်မူသည့်အတိုင်း ပရောဖက်ပြုဟောပြောရာ အသက်လေသည် သူတို့အထဲသို့ဝင်၍ သူတို့သည် အသက်ရှင်လာကာ မတ်တတ်ရပ်ကြလျက် အလွန်များပြားသောစစ်သည်အလုံးအရင်း ဖြစ်လေ၏။ Common Language Bible ထို့ကြောင့်ငါသည်ကိုယ်တော်မိန့်တော်မူ သည်အတိုင်းဟောပြော၏။ ထိုအခါလူ သေအလောင်းတို့သည်ထွက်သက်ဝင်သက် လေကိုရရှိကာအသက်ရှင်လာပြီးလျှင် မတ်တတ်ရပ်ကြကုန်၏။ ထိုသူတို့သည် တပ်မတော်ကြီးဖွဲ့စည်းလောက်အောင် များပြားသတည်း။ Garrad Bible မှာ တော် မူ သည့် အ တိုင်း ငါ ဟော ပြော ရာ၊ လေ ဝင် သော ထို သူ တို့ သည် အ သက် ရှင်၍၊ အ လွန် မြောက် မြား သော အ လုံး အ ရင်း အ ဖြစ်၊ ခြေ စုံ ရပ် နေ ကြ ၏။ Judson Bible မှာထားတော်မူသည်အတိုင်း ငါသည်ပရောဖက်ပြု၍၊ လေသည် သူတို့အထဲသို့ဝင်သဖြင့် သူတို့သည် အသက်ရှင်၍၊ အလွန်များသော ဗိုလ်ခြေဖြစ်လျက် မတ်တတ်နေကြ၏။ |
ဝိညာဉ်တော်ကို စေလွှတ်တော်မူသောအခါ သူတို့သည် ဖန်ဆင်းခြင်းခံရကြပါ၏။ ကိုယ်တော်သည် မြေကြီးမျက်နှာပြင်ကိုလည်း အသစ်ပြုပြင်တော်မူ၏။
သူတို့ထံမှ ချီးမွမ်းခြင်းသီချင်းနှင့် ပျော်မြူးသောအသံထွက်ပေါ်လာမည်။ သူတို့ကို ငါတိုးပွားစေမည်၊ လျော့နည်းစေမည်မဟုတ်။ သူတို့ကို ငါဂုဏ်ပြုမည်၊ အထင်သေးခြင်း ခံရစေမည်မဟုတ်။
ကောင်းကင်ကြယ်များ မရေတွက်နိုင်အောင်များပြားသကဲ့သို့၊ သမုဒ္ဒရာသဲလုံးများ အတိုင်းအဆမရှိများပြားသကဲ့သို့ ငါ့အစေအပါးဒါဝိဒ်အမျိုးအနွယ်၊ ငါ့အမှုကိုထမ်းဆောင်သောလေဝိအမျိုးတို့ကို ငါများပြားစေမည်’ဟူ၍ မိန့်တော်မူသည်”ဟု မိန့်ဆို၏။
ထိုသို့ ငါ့အား မိန့်မှာတော်မူသည့်အတိုင်း ငါပြု၏။ နေ့အချိန်၌ သုံ့ပန်းပါသွားသောသူကဲ့သို့ အထုပ်အပိုးများကို ထုတ်သွားပြီး နေဝင်ချိန်၌ နံရံကိုဖောက်ကာ သူတို့မျက်စိရှေ့တွင်ပင် အထုပ်ကိုပခုံးပေါ်ထမ်း၍ အမှောင်ထဲသို့ ထွက်သွား၏။
ဤအရိုးတို့အား ဘုရားရှင်ထာဝရဘုရားက ‘ကြည့်ရှုလော့။ ငါသည် သင်တို့အထဲသို့ အသက်လေကိုမှုတ်သွင်း၍ သင်တို့အသက်ရှင်လာလိမ့်မည်။
သို့သော် သုံးရက်ခွဲလွန်ပြီးသောအခါ ဘုရားသခင်ထံတော်မှဇီဝအသက်သည် ထိုသူတို့အထဲသို့ဝင်၍ သူတို့သည် မိမိတို့ခြေဖြင့်မတ်တပ်ရပ်ကြ၏။ ထိုသူတို့ကိုမြင်သောသူတို့သည် အလွန်ကြောက်ရွံ့ကြ၏။