ထို့ကြောင့် ဘုရားရှင်ထာဝရဘုရားက ‘နောင်တွင် သင်သည် လူကိုဝါးမျိုသောသူ၊ သင့်လူမျိုး၏သားသမီးတို့ကို ဆုံးပါးစေသောသူ မဖြစ်စေရ’ဟု မိန့်တော်မူ၏။
ယေဇကျေလ 36:13 - မြန်မာ့စံမီသမ္မာကျမ်း ဘုရားရှင်ထာဝရဘုရားက ‘လူတို့က သင်တို့အား သင်သည် လူကိုဝါးမျိုသောသူ၊ သင့်လူမျိုး၏သားသမီးတို့ကို ဆုံးပါးစေသောသူဖြစ်၏ဟူ၍ ဆိုကြ၏’ဟု မိန့်တော်မူ၏။ Common Language Bible ``ငါအရှင်ထာဝရဘုရားမိန့်တော်မူသည် ကားလူတို့က ထိုပြည်သည်လူတို့ကိုကိုက် စားသည့်ပြည်၊ ပြည်သားတို့၏သားသမီး များကိုဆုံးပါးစေသည့်ပြည်ဖြစ်သည် ဆိုသည်မှာမှန်၏။- Garrad Bible သင် သည် လူ တို့ ကို မျို စား သော ပြည်၊ သား တို့ ကို ဆုံး ပါး စေ သော ပြည် ဖြစ် သည် တ ကား ဟု ဆို ရိုး ရှိ သည် မှာ၊ Judson Bible အရှင်ထာဝရဘုရား မိန့်တော်မူသည်ကား၊ အချင်းပြည်၊ သင်သည် လူတို့ကို ကိုက်စားတတ်၏။ ကိုယ်အမျိုးသားတို့ကို လုယူဖျက်ဆီးတတ်၏ဟု သူတစ်ပါးဆိုသောကြောင့်၊ |
ထို့ကြောင့် ဘုရားရှင်ထာဝရဘုရားက ‘နောင်တွင် သင်သည် လူကိုဝါးမျိုသောသူ၊ သင့်လူမျိုး၏သားသမီးတို့ကို ဆုံးပါးစေသောသူ မဖြစ်စေရ’ဟု မိန့်တော်မူ၏။
သူတို့သည် အစ္စရေးအမျိုးသားတို့အလယ်၌ မိမိတို့စူးစမ်းခဲ့သောပြည်၏မကောင်းသတင်းကို ဖြန့်ကြ၏။ သူတို့က “ငါတို့သွား၍စူးစမ်းခဲ့သောပြည်သည် မိမိပြည်သားတို့ကိုဝါးမျိုသောပြည်ဖြစ်ပြီး ထိုပြည်၌ ငါတို့တွေ့ခဲ့သောလူအားလုံးတို့သည် ထွားကျိုင်းကြ၏။