ခါလဒဲပြည်၊ ခေဗာမြစ်နားတွင်ရှိစဉ် ထာဝရဘုရား၏နှုတ်ကပတ်တော်သည် ဗုဇိ၏သား၊ ယဇ်ပုရောဟိတ် ယေဇကျေလထံသို့ ရောက်လာ၏။ ထိုအရပ်၌ ထာဝရဘုရားသည် လက်တော်ကို သူ့အပေါ်တင်လျက်ရှိ၏။
ယေဇကျေလ 33:22 - မြန်မာ့စံမီသမ္မာကျမ်း ထိုသူမရောက်လာမီ နေဝင်ချိန်တွင် ထာဝရဘုရား၏လက်တော်သည် ငါ့အပေါ်တည်လျက် ငါ့နှုတ်ကိုဖွင့်တော်မူ၏။ နံနက်အချိန် ထိုသူရောက်လာသောအခါ ငါသည် ဆွံ့အမနေတော့ဘဲ နှုတ်ကိုဖွင့်၍ဟောပြော၏။ Common Language Bible ထိုသူမရောက်မီညနေချမ်းအချိန်၌ ထာဝရဘုရား၏တန်ခိုးတော်သည် ငါ့ကို လွှမ်းမိုး၍နေ၏။ နောက်တစ်နေ့နံနက်ထို သူရောက်ရှိလာချိန်၌ စကားပြောနိုင်စွမ်း ရည်ကိုငါ့အားပြန်၍ပေးတော်မူ၏။ သို့ ဖြစ်၍ငါသည်တိတ်ဆိတ်စွာမနေရ တော့ဘဲစကားပြောနိုင်၏။ Garrad Bible ထာ ဝ ရ ဘု ရား၏ လက် တော် တည် သည့် အ တိုင်း၊ ငါ သည် ဆိတ် ဆိတ် မ နေ ရ ဘဲ၊ နှုတ် မြွက် ခွင့် ရ နှင့် သ တည်း။ Judson Bible ထိုသူမရောက်မီ ညဉ့်ဦးမှစ၍ သူရောက်သော နံနက်အချိန်တိုင်အောင်၊ ထာဝရဘုရားသည် လက်တော်ကို ငါ့အပေါ်၌တင်၍ ငါ့နှုတ်ကိုဖွင့်တော်မူသဖြင့်၊ ငါသည် စကားမပြောဘဲ နေရသောအချိန်လွန်၍ ဟောပြောရ၏။ |
ခါလဒဲပြည်၊ ခေဗာမြစ်နားတွင်ရှိစဉ် ထာဝရဘုရား၏နှုတ်ကပတ်တော်သည် ဗုဇိ၏သား၊ ယဇ်ပုရောဟိတ် ယေဇကျေလထံသို့ ရောက်လာ၏။ ထိုအရပ်၌ ထာဝရဘုရားသည် လက်တော်ကို သူ့အပေါ်တင်လျက်ရှိ၏။
အချင်းလူသား၊ ယခုမူ သူတို့ဂုဏ်ယူအားထားရာခံတပ်ကြီး၊ သူတို့နှစ်သက်မြတ်နိုးရာ၊ ချစ်ခင်စွဲလမ်းရာနှင့် သူတို့သားသမီးတို့ကို ငါသိမ်းယူသွားမည့်နေ့ ရောက်လာလိမ့်မည်။
ဘုရားရှင်ထာဝရဘုရားက ‘ထိုနေ့ရက်တွင် အစ္စရေးအမျိုးအနွယ်၏ဦးချိုကို ငါပေါက်စေမည်။ သူတို့အလယ်တွင် သင့်ကို ငါဟောပြောခွင့်ပေးမည်။ သို့မှ ငါသည် ထာဝရဘုရားဖြစ်ကြောင်း သူတို့သိကြလိမ့်မည်’ဟူ၍ မိန့်တော်မူသည်”ဟု မိန့်ဆို၏။
ထိုအရပ်တွင် ထာဝရဘုရား၏လက်တော်သည် ငါ့အပေါ်၌တည်၍ “လွင်ပြင်သို့ ထသွားလော့။ ထိုနေရာတွင် သင့်ကို ငါစကားပြောမည်”ဟု မိန့်တော်မူ၏။
ထာဝရဘုရား၏လက်တော်သည် ငါ့အပေါ်သက်ရောက်၍ ထာဝရဘုရား၏ဝိညာဉ်တော်သည် ငါ့ကိုခေါ်ဆောင်သွားပြီး အရိုးများနှင့်ပြည့်သော ချိုင့်ဝှမ်းတစ်ခုအလယ်တွင် ချထား၏။
ငါတို့ဖမ်းခေါ်သွားခြင်းခံရပြီး နှစ်ဆယ့်ငါးနှစ်မြောက်နှစ်ဦးပိုင်း၊ ဂျေရုဆလင်မြို့တိုက်ခိုက်ခံရပြီး တစ်ဆယ့်လေးနှစ်မြောက်၊ လဆန်းဆယ်ရက်နေ့၊ ထိုနေ့တွင်ပင် ထာဝရဘုရား၏လက်တော်သည် ငါ့အပေါ်ရောက်လာ၍ ငါ့အား ထိုမြို့သို့ ဆောင်သွားတော်မူ၏။
ဆဋ္ဌမနှစ်၊ ဆဋ္ဌမလ၊ ငါးရက်နေ့တွင် ငါသည် အိမ်၌ထိုင်နေ၍ ယုဒလူသက်ကြီးဝါကြီးတို့သည်လည်း ငါ့ရှေ့၌ထိုင်နေကြစဉ် ဘုရားရှင်ထာဝရဘုရား၏လက်တော်သည် ငါ့အပေါ် သက်ရောက်လာ၏။
ထိုခဏချင်းတွင် ဇာခရိ၏နှုတ်သည်ပွင့်၍ သူ၏လျှာသည်လည်းပြေလျော့သဖြင့် သူသည်စကားပြောလျက် ဘုရားသခင်၏ကျေးဇူးတော်ကိုချီးမွမ်းလေ၏။
ကောရိန္သုမြို့သားတို့၊ ငါတို့သည် သင်တို့အား ပွင့်ပွင့်လင်းလင်းပြောဆို၍ ငါတို့၏စိတ်နှလုံးကို ကျယ်စွာဖွင့်ထားလေပြီ။