သင်သည်လည်း အရေးဖျားလှီးခြင်းမခံသောသူတို့နှင့်အတူ ဖျက်ဆီးခံရမည်။ ဓားဖြင့်အသတ်ခံရသောသူတို့နှင့်အတူ လဲလျောင်းရလိမ့်မည်။
``အီဂျစ်ပြည်သားတို့သည်စစ်ပွဲတွင်ကျဆုံး ခဲ့သောအရေဖျားလှီးမင်္ဂလာမခံသူတို့နှင့် အတူ ချေမှုန်းခြင်းခံရကြမည်မှာဤနည်း အတိုင်းပင်ဖြစ်သတည်း။
သင် လည်း၊ လှီး ဖြတ် ခြင်း မဲ့ သူ တို့ အ လယ် တွင် ပျက် စီး လျက်၊ ဓား ဖြင့် လုပ် ကြံ ခံ ရ သူ တို့ နှင့် တ ကွ အိပ် လဲ ရ လ တ္တံ့။
သင်သည်လည်း၊ အရေဖျားလှီးခြင်းကိုမခံသော လူတို့အလယ်၌ ကျိုးပျက်၍၊ ဓားဖြင့်သေသော သူတို့နှင့်အတူ လဲလျက်နေရလိမ့်မည်။
သူတို့သည် အရေဖျားလှီးခြင်းမခံသော၊ ဓားကိုခေါင်းအုံးသဖွယ်အုံးရသော၊ စစ်လက်နက်များနှင့်တကွ မရဏာနိုင်ငံသို့ဆင်းသွားရသော စစ်သူရဲတို့နှင့်အတူ လဲလျောင်းရမည်မဟုတ်။ ထိုသူတို့သည် မြေကြီးသားတို့ကို ထိတ်လန့်တုန်လှုပ်စေခဲ့သည်ဖြစ်၍ အရိုးထိအပြစ်စွဲသောသူများ ဖြစ်ကြ၏။
ထိုနေရာတွင် ဧဒုံပြည်နှင့်တကွ သူ၏ဘုရင်များ၊ သူ၏ခေါင်းဆောင်များ အားလုံးရှိ၏။ သူတို့သည် အရှိန်အဝါကြီးခဲ့သော်လည်း ဓားဖြင့်အသတ်ခံရသောသူတို့နှင့်အတူ သေရ၏။ တွင်းနက်ထဲသို့ရောက်သွားသော အရေဖျားလှီးခြင်းမခံသောသူတို့နှင့်အတူ လဲလျောင်းရကြ၏။