“သင်သည် ခါးကိုစည်း၍ ထပြီးလျှင် သင့်အား ငါမိန့်မှာထားသောစကားအလုံးစုံကို သူတို့အား ဆင့်ဆိုလော့။ သူတို့ကို မကြောက်နှင့်။ ကြောက်လျှင် သင့်ကို သူတို့ရှေ့တွင် ငါခြောက်လှန့်မည်။
ယေဇကျေလ 31:2 - မြန်မာ့စံမီသမ္မာကျမ်း “အချင်းလူသား၊ အီဂျစ်ဘုရင်ဖာရောမင်းကြီးနှင့် သူ၏ပြည်သူပြည်သားတို့အား ‘သင်ကဲ့သို့ မည်သူကြီးမြတ်သနည်း။ Common Language Bible ကိုယ်တော်က``အချင်းလူသား၊ အီဂျစ်ဘုရင် နှင့်သူ၏ပြည်သူတို့အားဆင့်ဆိုရမည်မှာ သင်တို့သည်လွန်စွာတန်ခိုးကြီးကြပါ ပေသည်။ သင်တို့အားအဘယ်သို့နှိုင်းယှဉ်၍ပြရ မည်နည်း။ Garrad Bible အ ချင်း လူ့ သား၊ အိ ဂျစ် ဘု ရင် ဖာ ရော မင်း နှင့်၊ ပြည် သူ ပြည် သား တို့ အား ဆင့် ဆို ရ မည် မှာ၊ တန် ခိုး ကြီး သော သင် နှင့် တူ ညီ သူ ကား၊ မည် သူ နည်း။ Judson Bible အချင်းလူသား၊ သင်သည် အဲဂုတ္တုရှင်ဘုရင် ဖာရောမင်းနှင့် သူ၏အလုံးအရင်းအားဟောပြောရမည်မှာ၊ သင်သည် ဘုန်းတန်ခိုးကြီး၍ အဘယ်သူနှင့် တူသနည်း။ |
“သင်သည် ခါးကိုစည်း၍ ထပြီးလျှင် သင့်အား ငါမိန့်မှာထားသောစကားအလုံးစုံကို သူတို့အား ဆင့်ဆိုလော့။ သူတို့ကို မကြောက်နှင့်။ ကြောက်လျှင် သင့်ကို သူတို့ရှေ့တွင် ငါခြောက်လှန့်မည်။
“သင့်ကို အမိဝမ်းထဲမှာ ပုံမသွင်းမီကပင် သင့်ကိုငါသိ၏။ သင်မမွေးမီကပင် သင့်ကိုငါသန့်ရှင်းစေပြီ။ လူမျိုးတကာတို့အတွက် ပရောဖက်အဖြစ် ငါခန့်ထားပြီ”ဟု မိန့်ဆိုသော်
ပြည်တကာတို့တွင် အနိမ့်ကျဆုံးပြည်ဖြစ်မည်။ အခြားလူမျိုးတို့ကို လွှမ်းမိုးနိုင်တော့မည်မဟုတ်။ အခြားတိုင်းပြည်တို့ကို မအုပ်စိုးနိုင်အောင် ငါအားလျော့စေမည်။
ထို့ကြောင့် ဘုရားရှင်ထာဝရဘုရားက ‘ကြည့်ရှုလော့။ အီဂျစ်ပြည်ကို ဘေဘီလုံဘုရင်နေဗုခဒ်နေဇာလက်သို့ ငါအပ်မည်။ သူသည် ထိုပြည်၏စည်းစိမ်ဘဏ္ဍာကို သိမ်းယူ၍ တိုက်ခိုက်လုယူသောပစ္စည်းများသည်လည်း သူ၏စစ်သည်များအတွက် အဖိုးအခဖြစ်လိမ့်မည်။
ဘုရားရှင်ထာဝရဘုရားက ‘ငါသည် အီဂျစ်ပြည်အင်အားထုကြီးကို ဘေဘီလုံဘုရင်နေဗုခဒ်နေဇာ၏လက်ချက်ဖြင့် ကွယ်ပျောက်သွားစေမည်။
ဧဒင်ဥယျာဉ်ရှိအပင်တို့တွင် မည်သည့်အပင်သည် သင်ကဲ့သို့ ဂုဏ်သရေရှိသနည်း၊ ဘုန်းတန်ခိုးရှိသနည်း။ သို့သော် သင်သည် ဧဒင်ဥယျာဉ်ရှိအပင်များနှင့်အတူ တွင်းနက်ထဲသို့ ကျသွားရလိမ့်မည်။ ဓားဖြင့်အသတ်ခံရသောသူများနှင့်အတူ အရေဖျားလှီးခြင်းမခံသောသူများကြားတွင် သင်အိပ်ရလိမ့်မည်။ ဤကား ဖာရောမင်းကြီးနှင့်တကွ သူ၏လူတို့ကို ဆိုလိုသတည်း’ဟူ၍ မိန့်တော်မူသည်”ဟု မိန့်ဆို၏။
ထိုအခါ “သင်သည် များစွာသောလူမျိုး၊ တိုင်းနိုင်ငံ၊ ဘာသာစကား၊ ရှင်ဘုရင်များနှင့်ပတ်သက်၍ ထပ်မံ ပရောဖက်ပြုဟောပြောရမည်”ဟူသောအမိန့်ကို ငါခံရ၏။