‘ငါသည် ကြမ်းကြုတ်သော လူမျိုးခြားတိုင်းတစ်ပါးသားတို့ကို သင့်ထံသို့ခေါ်လာမည်။ သူတို့သည် ဓားကိုထုတ်၍ သင်၏ပညာဂုဏ်ကို ဖျက်ဆီးမည်။ သင်၏ခန့်ညားထည်ဝါမှုကို ဖျောက်ဖျက်ပစ်မည်။
ယေဇကျေလ 30:11 - မြန်မာ့စံမီသမ္မာကျမ်း အကြမ်းကြုတ်ဆုံးလူမျိုးဖြစ်သော ထိုဘုရင်နှင့် သူ၏စစ်သည်တို့သည် ရောက်လာ၍ ထိုပြည်ကို ဖျက်ဆီးပစ်ကြလိမ့်မည်။ အီဂျစ်ပြည်ကို ဓားနှင့်တိုက်ခိုက်သဖြင့် တစ်ပြည်လုံးကို အသေကောင်များဖြင့် ပြည့်စေမည်။ Common Language Bible သူသည်ရက်စက်ကြမ်းကြုတ်သောစစ်သူရဲ များနှင့်လာ၍ ထိုပြည်ကိုဖျက်ဆီးပစ်လိမ့် မည်။ သူတို့သည်အီဂျစ်ပြည်ကိုဋ္ဌားလက် နက်နှင့်တိုက်ခိုက်၍ ထိုပြည်ကိုလူသေ အလောင်းများနှင့်ပြည့်နှက်စေကြလိမ့် မည်။- Garrad Bible ထို မင်း သည် လူ မျိုး ခြား တို့ ထက် ကြမ်း ကြုတ် လှ သော ဗိုလ် ထု တို့ ပါ၊ အိ ဂျစ် ပြည် ကို ဖျက် ဆီး ရန် ချီ ဝင် ခွင့် ရ သည့် အ လျောက်၊ ဓား ချွတ် ၍၊ လုပ် ကြံ ခံ ရ သူ့ အ သေ ကောင် တို့ နှင့် ပြည့် စေ မည်။ Judson Bible ထိုရှင်ဘုရင်နှင့်တကွ သူ၏လူများ၊ ကြောက်မက်ဖွယ်သောလူမျိုးများတို့သည် အဲဂုတ္တုပြည်ကို ဖျက်ဆီးခြင်းငှာလာ၍၊ ဓားကိုင်လျက် တစ်ပြည်လုံးကို သူရဲတို့နှင့် ပြည့်စေကြလိမ့်မည်။ |
‘ငါသည် ကြမ်းကြုတ်သော လူမျိုးခြားတိုင်းတစ်ပါးသားတို့ကို သင့်ထံသို့ခေါ်လာမည်။ သူတို့သည် ဓားကိုထုတ်၍ သင်၏ပညာဂုဏ်ကို ဖျက်ဆီးမည်။ သင်၏ခန့်ညားထည်ဝါမှုကို ဖျောက်ဖျက်ပစ်မည်။
ဘေဘီလုံဘုရင်၏လက်ရုံးကို ခိုင်ခံ့စေ၍ ငါ့ဓားကို သူ့လက်သို့အပ်မည်။ သို့သော် ဖာရောမင်းကြီး၏လက်ရုံးကို ငါချိုးသဖြင့် သူသည် ဘေဘီလုံဘုရင်ရှေ့တွင် သေလုမြောပါးဒဏ်ရာရသူညည်းတွားသကဲ့သို့ ညည်းတွားရလိမ့်မည်။
ထို့ကြောင့် သူ၏ဆိုးယုတ်မှုကို ကြပ်တည်းစွာဆုံးမမည့် လူမျိုးခြားတို့၏ဘုရင်တစ်ပါးလက်သို့ ငါအပ်လိုက်၏။ သူ့ကို ငါနှင်ထုတ်ပစ်ပြီ။
အကြမ်းကြုတ်ဆုံး လူမျိုးခြားတိုင်းတစ်ပါးသားတို့သည် သူ့ကိုခုတ်ပြီး ပစ်ထားကြလိမ့်မည်။ အကိုင်းအခက်တို့သည် တောင်ပေါ်၊ ချိုင့်ဝှမ်းရှိသမျှတွင် လဲပုံလျက်နေလိမ့်မည်။ အခက်အလက်တို့သည်လည်း တစ်ပြည်လုံးရှိ မြစ်ချောင်းများတွင် ကျိုးကျနေလိမ့်မည်။ မြေကြီးသားအပေါင်းတို့လည်း သူ၏အရိပ်အောက်မှထွက်၍ သူ့ကိုစွန့်ခွာသွားကြလိမ့်မည်။
သင်၏လူအလုံးအရင်းကို ခွန်အားကြီးသောစစ်သူရဲတို့၏ဓားဖြင့် ကျဆုံးစေမည်။ အကြမ်းကြုတ်ဆုံးလူမျိုးအပေါင်းတို့သည် အီဂျစ်ပြည်၏မာနကို ချိုးပစ်လိမ့်မည်။ သူ၏လူအလုံးအရင်းတို့သည် ပျက်စီးသွားရလိမ့်မည်’ဟု မိန့်တော်မူ၏။
တောင်တန်းများပေါ်တွင် အသေကောင်များဖြင့် ပြည့်စေမည်။ တောင်ကုန်း၊ ချိုင့်ဝှမ်း၊ မြစ်ချောင်းများတွင်လည်း ဓားဖြင့်သေသောသူတို့ ပုံလျက်နေလိမ့်မည်။
သင်နှင့်သင်၏စစ်သည်အားလုံးအပါအဝင် သင်၌ရှိသောလူတို့သည် အစ္စရေးတောင်များပေါ်တွင် ကျဆုံးကြလိမ့်မည်။ သင့်ကို အသားစားငှက်အမျိုးမျိုးနှင့် တောရိုင်းတိရစ္ဆာန်တို့၏အစာ ဖြစ်စေမည်။
သူတို့သည် မျက်နှာထားခက်ထန်၍ အသက်ကြီးသူကို မလေးစား၊ အသက်ငယ်သူကို မသနားသော လူမျိုးဖြစ်၏။