အို ကမ်းရိုးတန်းဒေသ၌နေထိုင်သောသူတို့၊ တာရှုမြို့သို့ကူးသွားကြလော့။ ညည်းတွားငိုကြွေးကြလော့။
ယေဇကျေလ 27:35 - မြန်မာ့စံမီသမ္မာကျမ်း ကမ်းရိုးတန်းသားအပေါင်းတို့သည် သင့်ကိုအံ့အားသင့်လျက် သူတို့၏ဘုရင်တို့သည်လည်း ကြောက်လန့်အားကြီး၍ မျက်နှာဖြူဖပ်ဖြူရော်ဖြစ်လေပြီ။ Common Language Bible ``ပင်လယ်ကမ်းခြေတွင်နေထိုင်သူအပေါင်း တို့သည်သင်၏ကံကြမ္မာကိုမြင်၍တအံ့တ သြဖြစ်ကြကုန်၏။ သူတို့၏ဘုရင်များပင် လျှင်ထိတ်လန့်တုန်လှုပ်ကြလျက် မျက်နှာတွင် သွေးမရှိကြတော့ပေ။- Garrad Bible သ မု ဒ္ဒ ရာ ကမ်း ခြေ သား အ ပေါင်း တို့ သည် သင့် အ တွက် အံ့ အား သင့် လျက်၊ ဘု ရင် မင်း တို့ လည်း၊ ထိတ် လန့် ကြောက် ရွံ့ ၍ မျက် နှာ ပျက် လျက်၊ Judson Bible ကျွန်းသူကျွန်းသားအပေါင်းတို့သည် သင့်အမှုကြောင့် မိန်းမောတွေဝေ၍၊ ရှင်ဘုရင်တို့သည် မျက်နှာပျက်လျက် ကြက်သီးမွေးညင်း ထကြ၏။ |
အို ကမ်းရိုးတန်းဒေသ၌နေထိုင်သောသူတို့၊ တာရှုမြို့သို့ကူးသွားကြလော့။ ညည်းတွားငိုကြွေးကြလော့။
သင့်ကြောင့် လူအမြောက်အမြား တုန်လှုပ်ချောက်ချားရလိမ့်မည်။ သူတို့၏ဘုရင်များရှေ့တွင် ဓားကိုရွယ်လိုက်သောအခါ ရှင်ဘုရင်တို့သည် ထိတ်လန့်ကြောက်ရွံ့ကြလိမ့်မည်။ သင်လဲကျသွားသောနေ့၌ လူတို့သည် တစ်ခဏချင်းတွင်ပင် သူတို့၏အသက်အန္တရာယ်အတွက် စိုးရိမ်ပူပန်ကြလိမ့်မည်။