သင့်လည်တိုင်သည်လည်း ကျောက်များဖြင့်စီတန်းဆောက်လုပ်ထားသော ဒါဝိဒ်မင်းကြီး၏ရဲတိုက်နှင့် တူပါ၏။ ထိုရဲတိုက်တွင် ဒိုင်းလွှားအခုတစ်ထောင် ချိတ်ဆွဲထားပြီး ဒိုင်းလွှားတစ်ခုစီသည် စစ်သူရဲတို့ ကိုင်ဆောင်သောဒိုင်းလွှားများဖြစ်၏။
ယေဇကျေလ 27:11 - မြန်မာ့စံမီသမ္မာကျမ်း အာဝဒ်အမျိုးသားတို့နှင့် သင်၏စစ်သည်တို့သည် သင့်မြို့ရိုးများတွင် ပတ်လည်ဝိုင်းထားကြ၏။ စစ်သူရဲတို့သည် မျှော်စင်များပေါ်တွင် စောင့်ကြပ်ပေးနေ၏။ သူတို့သည် ဒိုင်းလွှားများကို မြို့ရိုးပတ်ပတ်လည်တွင် ချိတ်ဆွဲထားကြ၏။ သူတို့သည် သင်၏အလှတရားကို စုံလင်စေကြ၏။ Common Language Bible အာဝဒ်မြို့မှစစ်သူရဲများကသင်၏မြို့ရိုး များကိုလည်းကောင်း၊ ဂမ္မဒိမ်မြို့သားတို့က သင်၏ပြအိုးတို့ကိုလည်းကောင်းစောင့်ကြပ် ပေးကြ၏။ သူတို့သည်မိမိတို့၏ဒိုင်းလွှား များကိုသင်တို့၏မြို့ရိုးတွင်ဆွဲချိတ်ထား ကြ၏။ သင့်အားလှပတင့်တယ်စေသူများ ကားထိုသူတို့ပင်ဖြစ်သတည်း။ Garrad Bible ဗိုလ် ထု အ ပါ အာ ဝဒ် မြို့ သား တို့ သည်၊ ပတ် လည် နံ ယပ် ပေါ် တွင် လည်း ကောင်း၊ ဂ မ္မ မြို့ သား တို့ သည် ရဲ ခို များ တွင် လည်း ကောင်း၊ နေ လျက်၊ နံ ယပ် ပတ် လည်၌ ဒိုင်း လွှား များ ကို ဆွဲ ထား သ ဖြင့်၊ သင့် အ ဆင်း လှ ခြင်း ကို စုံ လင် စေ ကြ ပြီ။ Judson Bible အာဝဒ်အမျိုးသားတို့သည် သင်၏တပ်သားတို့နှင့်တကွ မြို့ရိုးပတ်လည်၌ စီးကြ၏။ ဂမ္မဒိမ်လူတို့သည် ပြအိုးတို့ကိုစောင့်၍၊ မြို့ရိုးပတ်လည်၌ မြားတောင့်တို့ကို ပြင်ဆင်သဖြင့်၊ သင်၏တင့်တယ်ခြင်းကို စုံလင်စေကြ၏။ |
သင့်လည်တိုင်သည်လည်း ကျောက်များဖြင့်စီတန်းဆောက်လုပ်ထားသော ဒါဝိဒ်မင်းကြီး၏ရဲတိုက်နှင့် တူပါ၏။ ထိုရဲတိုက်တွင် ဒိုင်းလွှားအခုတစ်ထောင် ချိတ်ဆွဲထားပြီး ဒိုင်းလွှားတစ်ခုစီသည် စစ်သူရဲတို့ ကိုင်ဆောင်သောဒိုင်းလွှားများဖြစ်၏။
ပါးရှားလူမျိုး၊ လုဒလူမျိုး၊ ဖုတလူမျိုးတို့သည် သင်၏စစ်တပ်တွင် အမှုထမ်းသောစစ်သူရဲများဖြစ်ကြ၏။ ဒိုင်းလွှားများ၊ သံခမောက်လုံးများလည်း သင်၌ ချိတ်ဆွဲထားလျက် သင့်ကို ခန့်ညားထည်ဝါစေကြ၏။
တာရှုမြို့သားတို့သည် ကုန်စည်မျိုးစုံပေါများသောသင်နှင့် ကုန်သွယ်ကြ၏။ ထိုကုန်စည်များကို ငွေ၊ သံ၊ သံဖြူ၊ ခဲတို့နှင့် လဲလှယ်ကြ၏။
ဆီဒုန်မြို့သားများနှင့်အာဝဒ်မြို့သားတို့သည် တက်ခတ်သမားများဖြစ်ကြ၏။ အို တိုင်ရာမြို့၊ သင်၌ ကျွမ်းကျင်သောမာလိန်မှူးများရှိ၏။