အွန်လိုင်း သမ္မာကျမ်းစာ

ကြော်ငြာတွေ


သမ္မာကျမ်းစာတစ်အုပ်လုံး ဓမ္မဟောင်း ဓမ္မသစ်




ယေ​ဇ​ကျေ​လ 23:33 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

‘သင့်​အစ်မ​ရှမာရိ​သောက်​သော ထိတ်လန့်စရာ​ခွက်​၊ အထီးကျန်​စေ​သော​ခွက်​ကို သင်​သည် သောက်​ပြီး မူးယစ်​ကြေကွဲ​ရ​လိမ့်မည်​။

အခန်းကိုကြည့်ပါ။

Common Language Bible

ယင်း​သည်​သင့်​အား​စိတ်​ဆင်း​ရဲ​အောင်​ပြု​၍ မူး​ယစ်​စေ​လိမ့်​မည်။ ကြောက်​လန့်​မှု​နှင့်​ပျက်​စီး​ဆုံး​ရှုံး​မှု​ကို ဖြစ်​စေ​တတ်​သည့်​ဖ​လား၊ သင့်​အစ်​မ​ရှ​မာ​ရိ​၏​ဖ​လား​ဖြစ်​သည်။

အခန်းကိုကြည့်ပါ။

Garrad Bible

အစ် မ ရှ မာ ရိ ဖ လား တည်း ဟူ သော အံ့ အား သင့် ခြင်း၊ ဆိတ် ညံ ခြင်း ဖ လား မှ၊ ယစ် မူး ပူ ဆွေး ခြင်း ကို အ ပြည့် သောက် လျက်၊

အခန်းကိုကြည့်ပါ။

Judson Bible

သင့်​အစ်​မ​ရှ​မာ​ရိ သောက်​သော​ခွက်၊ မှိုင်​တွေ​စေ​သော​ခွက်​ကို သောက်၍၊ ယစ်​မူး​ခြင်း၊ ညှိုး​ငယ်​ခြင်း​နှင့် ဝ​ရ​လိမ့်​မည်။

အခန်းကိုကြည့်ပါ။



ယေ​ဇ​ကျေ​လ 23:33
6 ပူးပေါင်းရင်းမြစ်များ  

ထာဝရဘုရား​၏​လက်​တော်​မှ အမျက်​တော်​ဖလား​ကို​သောက်​သော အသင်​ဂျေရုဆလင်​မြို့​၊ နိုး​လော့​။ နိုး​လော့​။ ထ​လော့​။ ဒယီးဒယိုင်​ဖြစ်စေ​သော​ဖလား​ထဲမှ​အနည်အဖတ်​ကို သင်​အကုန်အစင်​သောက်​ပြီ​။


သင်​၏​အရှင်သခင်​၊ မိမိ​လူမျိုး​တော်​ကို​ကာကွယ်​သော သင်​၏​ဘုရားသခင်​ထာဝရဘုရား​က “​ကြည့်ရှု​လော့​။ ဒယီးဒယိုင်​ဖြစ်စေ​သော​ဖလား​၊ ငါ့​အမျက်​တော်​ဖလား​ထဲမှ အနည်အဖတ်​ကို သင့်​လက်​မှ ငါ​သိမ်းယူ​ပြီ​။ သင်​သည် ထို​ဖလား​ကို နောက်တစ်ဖန်​မ​သောက်​ရ​။


ထို့နောက် ထို​သူ​တို့​အား “အစ္စရေး​လူမျိုး​တို့​၏​ဘုရားသခင် ကောင်းကင်​ဗိုလ်ခြေ​အရှင်​ထာဝရဘုရား​က ‘သင်​တို့​ထံ ငါ​စေလွှတ်​သော​ဓား​ကြောင့် သောက်​၍ မူး​ကြ​၊ အန်​ကြ​၊ လဲ​ကြ​။ သင်​တို့ ပြန်ထ​နိုင်​မည်​မ​ဟုတ်’​ဟူ၍ မိန့်​တော်မူ​သည်”​ဟု သင်​ဆင့်ဆို​ရ​မည်​။


သင်​သည် သင့်​အစ်မ​လိုက်​သော​လမ်း​အတိုင်း လိုက်​သဖြင့် သူ​၏​ခွက်ဖလား​ကို သင့်​လက်​သို့ ငါ​အပ်​မည်’​ဟု မိန့်​တော်မူ​၏​။


သင်​သည် ဂုဏ်သရေ​အစား အရှက်ကွဲ​ခြင်း​နှင့် ကြုံ​ရ​လိမ့်မည်​။ ထာဝရဘုရား​၏​လက်ယာ​လက်​တော်​ရှိ​ဖလား​တော်​သည် သင့်​ထံသို့​လှည့်လာ​ပြီ​ဖြစ်၍ ထို​ဖလား​တော်​ကို သောက်​ပြီး အရေဖျားမလှီး​ထား​သော​သင့်​အရှက် ပေါ်​လိမ့်မည်​။ သင့်​ဂုဏ်သရေ​သည် အရှက်ကွဲ​ခြင်း​နှင့် ဖုံးလွှမ်း​သွား​လိမ့်မည်​။