ဘုရားရှင်ထာဝရဘုရားက ‘စင်စစ် ငါအသက်ရှင်သည်နှင့်အညီ လက်ရုံးတော်ကိုဆန့်လျက် တန်ခိုးကြီးသောလက်တော်၊ ပြင်းထန်သောအမျက်တော်ဖြင့် သင်တို့ကို အုပ်စိုးမည်။
ယေဇကျေလ 22:22 - မြန်မာ့စံမီသမ္မာကျမ်း ငွေသည် မီးပြင်းဖိုထဲ၌ အရည်ပျော်ရသကဲ့သို့ သင်တို့သည်လည်း ထိုမီးထဲတွင် အရည်ပျော်ရလိမ့်မည်။ ထိုအခါ ငါထာဝရဘုရားသည် သင်တို့အပေါ် အမျက်တော်သွန်ချတော်မူကြောင်း သင်တို့သိရလိမ့်မည်’ဟူ၍ မိန့်တော်မူသည်”ဟု မိန့်ဆို၏။ Common Language Bible ငွေသည်ဖိုထဲတွင်အရည်ပျော်ရသည့်နည်းတူ သူတို့သည်ယေရုရှလင်မြို့တွင်အရည်ပျော် ကြလိမ့်မည်။ ထိုအခါမိမိတို့သည်ထာဝရ ဘုရား၏အမျက်တော်ဒဏ်ကိုခံလျက်ရှိနေ ရကြကြောင်းကို သူတို့သိရှိကြလိမ့်မည်'' ဟုမိန့်တော်မူ၏။ Garrad Bible မိုက် လုံ တွင် ငွေ အ ရည် ပျော် သည့် နည်း တူ၊ သင် တို့ လည်း ထို မြို့ တွင် အ ရည် ပျော် လျက်၊ အ မျက် တော် ကို ငါ ထာ ဝ ရ ဘု ရား သွန်း လောင်း ခဲ့ ကြောင်း၊ သိ ရ ကြ လ တ္တံ့ ဟူ၍ တည်း။ Judson Bible ငွေကို မိုက်ထဲ၌ အရည်ကျိုသကဲ့သို့၊ သင်တို့သည် မြို့ထဲမှာ အရည်ကျိုခြင်းကို ခံရသဖြင့်၊ ငါထာဝရဘုရားသည် သင်တို့အပေါ်သို့၊ ငါ၏ဒေါသအရှိန်ကို သွန်းလောင်းသည်ကို သိရကြလိမ့်မည်ဟု မိန့်တော်မူ၏။ |
ဘုရားရှင်ထာဝရဘုရားက ‘စင်စစ် ငါအသက်ရှင်သည်နှင့်အညီ လက်ရုံးတော်ကိုဆန့်လျက် တန်ခိုးကြီးသောလက်တော်၊ ပြင်းထန်သောအမျက်တော်ဖြင့် သင်တို့ကို အုပ်စိုးမည်။
သို့သော် သူတို့သည် ငါ့စကားကိုနားမထောင်၊ ငါ့ကိုပုန်ကန်ကြ၏။ သူတို့ကိုးစားသောရွံရှာဖွယ်ရာများကို သူတို့မဖယ်ရှား၊ အီဂျစ်ရုပ်တုတို့ကိုလည်း မစွန့်ပစ်ကြ။ ထို့ကြောင့် ‘ငါ့ဒေါသကို သူတို့အပေါ်သွန်ချမည်။ အီဂျစ်ပြည်တွင် သူတို့ကို ငါ့အမျက်မီး လောင်ကျွမ်းသွားစေမည်’ဟု ငါမိန့်ဆိုခဲ့၏။
လူမျိုးခြားတို့ရှေ့တွင် သင်အရှုတ်ချခံရသောအခါ ငါသည် ထာဝရဘုရားဖြစ်ကြောင်း သင်သိရလိမ့်မည်’ဟူ၍ မိန့်တော်မူသည်”ဟု မိန့်ဆို၏။
သင်တို့ကိုစုထားပြီး သင်တို့အပေါ် ငါ့အမျက်မီးမှုတ်ခြင်းဖြင့် သင်တို့အရည်ပျော်ရလိမ့်မည်။
ထို့ကြောင့် ငါ့အမျက်ဒေါသကို သူတို့အပေါ် သွန်ချမည်။ ငါ့အမျက်မီးဖြင့် သူတို့ကို လောင်ကျွမ်းစေမည်။ သူတို့ပြုကျင့်ခဲ့သည့်အတိုင်း သူတို့ခေါင်းပေါ်သို့ ပြန်ရောက်စေမည်”ဟု ဘုရားရှင်ထာဝရဘုရား မိန့်ဆို၏။
ထိုပြည်တွင် လူ့အသက်ကို သတ်ကြ၏။ ရုပ်တုများဖြင့် ပြည်ကိုညစ်ညူးစေကြ၏။ ထို့ကြောင့် သူတို့အပေါ်တွင် အမျက်တော်ကို သွန်ချမည်။
သင့်ကို သနားညှာတာမည်မဟုတ်။ သင်ပြုခဲ့သည့်အတိုင်း သင်ပြန်ပေးဆပ်ရမည်။ သင်ပြုခဲ့သော စက်ဆုပ်ရွံရှာဖွယ်အမှုတို့သည် သင်နှင့်မကွာ ရှိနေလိမ့်မည်။ ထိုမှ သင်တို့ကိုဒဏ်ခတ်သူမှာ ငါထာဝရဘုရားဖြစ်ကြောင်း သင်တို့သိရမည်။
ယုဒအကြီးအကဲတို့သည် နယ်နိမိတ်မှတ်တိုင်ကိုရွှေ့ပစ်သူများနှင့်တူ၏။ ထို့ကြောင့် ရေကိုသွန်ချသကဲ့သို့ သူတို့အပေါ်ငါ့အမျက်ကို သွန်ချမည်။
ထို့နောက် ဗိမာန်တော်ထဲမှကျယ်လောင်သောအသံက “သွားကြလော့။ ဘုရားသခင်၏ပြင်းစွာသောဒေါသဖလားခုနစ်လုံးကို မြေကြီးပေါ်သို့သွန်းလောင်းကြလော့”ဟု ကောင်းကင်တမန်ခုနစ်ပါးတို့အား ဆိုသည်ကို ငါကြားရ၏။