ငါသည် သူ၏အဖဖြစ်မည်။ သူသည်လည်း ငါ့သားဖြစ်မည်။ သူအမှားပြုမိလျှင် သူ့ကို လူသုံးကြိမ်လုံးနှင့် ဆုံးမမည်။ လူတို့ ရိုက်တတ်သကဲ့သို့ သူ့ကို ရိုက်မည်။
ယေဇကျေလ 21:10 - မြန်မာ့စံမီသမ္မာကျမ်း ဓားကိုပြောင်လက်အောင်၊ ထက်အောင် သွေးပြီး သတ်ပွဲကြီးဖြစ်တော့မည်ကို ငါတို့ဝမ်းသာရမည်လော။ ငါ့သား၏ရာဇလှံတံသည်လည်း အခြားသစ်ပင်များနည်းတူ သုတ်သင်ပယ်ရှင်းခံရတော့မည်။ Common Language Bible သတ်ဖြတ်ရန်အတွက်ဋ္ဌားကိုထက်အောင် သွေးထားပြီး။ လျှပ်ပြက်သကဲ့သို့ပြောင်လက်စေရန် တိုက်ချွတ်ထား၏။ ငါ၏သားယုဒအုပ်စိုးသောရာဇလှံတံကြောင့် ရွှင်လန်းဝမ်းမြောက်နိုင်မည်မဟုတ်။ ထိုရာဇလှံတံသည်ဋ္ဌားဖြင့်ဒဏ်ခတ်ခြင်းခံရမည်။ Garrad Bible လုပ် ကြံ ရန် သွေး ကျင်း ခြင်း၊ လျှပ် စစ် သ ဖွယ် လက် ရန် တိုက် ပွတ် ခြင်း ခံ ခဲ့ ပြီ။ အား ရ ရွှင် လန်း ကြ မည် လော၊ ငါ့ သား၏ တောင် ၀ေး သည်၊ အ ပင် တ ကာ တို့ ကို မ ထီ မဲ့ မြင် ပြု ရာ ရောက်၏။ Judson Bible ထက်၍ အထူးသဖြင့် လုပ်ကြံစေခြင်းငှာ သွေးလေပြီ။ ပြောင်၍ အရောင်တောက်စေခြင်းငှာလည်း ပွတ်လေပြီ။ ငါ့သား၏ ရာဇလှံတံကြောင့် ရွှင်လန်းခြင်းကို ပြုရမည်လော။ ထိုဓားသည် သစ်သားရှိသမျှကို မထီမဲ့မြင် ပြုတတ်၏။ |
ငါသည် သူ၏အဖဖြစ်မည်။ သူသည်လည်း ငါ့သားဖြစ်မည်။ သူအမှားပြုမိလျှင် သူ့ကို လူသုံးကြိမ်လုံးနှင့် ဆုံးမမည်။ လူတို့ ရိုက်တတ်သကဲ့သို့ သူ့ကို ရိုက်မည်။
ဘုရင့်အမိန့်တော်အတိုင်း ခြေမြန်တော်တို့သည် အလျင်အမြန်ထွက်သွားကြ၏။ ထိုအမိန့်စာကို ရှုရှန်နန်းတော်တွင် ထုတ်ပြန်ကြေညာ၏။ ထိုစဉ် ရှင်ဘုရင်နှင့်ဟာမန်တို့သည် ထိုင်၍စားသောက်လျက်နေ၏။ ရှုရှန်မြို့ထဲတွင်မူကား ရုတ်ရုတ်သဲသဲဖြစ်နေ၏။
ငိုကြွေးရသောအချိန်နှင့် ရယ်မောရသောအချိန်ရှိ၏။ မြည်တမ်းရသောအချိန်နှင့် ကခုန်ရသောအချိန်ရှိ၏။
ထာဝရဘုရားသည် အကြံအစည်တော် မထမြောက်မချင်း၊ မပြီးမြောက်မချင်း အမျက်တော်ပြေလိမ့်မည်မဟုတ်။ ဤအရာကို နောက်ဆုံးသောကာလ၌ သင်တို့ ရှင်းရှင်းလင်းလင်းနားလည်ကြလိမ့်မည်။
မြင်းစီးသူရဲတို့၊ မြင်းများကို ကကြိုးဆင်ကြ၊ စီးကြ။ နေရာယူကြ။ သံခမောက်ဆောင်းကြ။ လှံတို့ကို သွေးကြ။ သံချပ်အင်္ကျီတို့ကို ဝတ်ဆင်ကြ။
တောင်ဘက်ရှိတောအုပ်အား ‘ထာဝရဘုရား၏စကားကို နားထောင်လော့။ ဘုရားရှင်ထာဝရဘုရားက ကြည့်ရှုလော့။ သင့်ကို မီးရှို့သဖြင့် သင်၌ရှိသောစိမ်းလန်းသောအပင်၊ ခြောက်သွေ့သောအပင် ရှိသမျှတို့ကို မီးလောင်ကျွမ်းလိမ့်မည်။ တောက်လောင်သောမီးသည် မငြိမ်းဘဲ တောင်ဘက်မှ မြောက်ဘက်တိုင်အောင် မြေတစ်ပြင်လုံးကို လောင်လိမ့်မည်။
ဓားကို သွေးသူလက်သို့ အပ်လိုက်လေပြီ။ သူသည် ပြောင်လက်အောင်၊ ထက်အောင် သွေးပြီး လူသတ်လက်သို့ အပ်လေပြီ’ဟု မိန့်တော်မူ၏။
ငါ့ဓားကို ဓားအိမ်ထဲမှ ဆွဲထုတ်၍ သင့်အထဲမှ လူဆိုးလူကောင်းမကျန် ငါသုတ်သင်မည်ဖြစ်သောကြောင့် တောင်အရပ်မှမြောက်အရပ်တိုင်အောင် လူအားလုံး သုတ်သင်ခံရလိမ့်မည်။
သူတို့သည် ဆူးချုံကဲ့သို့ ရစ်ပတ်ရှုပ်ထွေးလျက်၊ စပျစ်ဝိုင်ကိုသောက်စားမူးယစ်လျက်နေစဉ် ခြောက်သွေ့သောရိုးပြတ်ကဲ့သို့ မီးလောင်ကျွမ်းခြင်းခံရလိမ့်မည်။
တောက်ပြောင်သောဓားကိုဝင့်လျက်၊ လင်းလက်သောလှံကိုမြှောက်လျက် မြင်းစီးသူရဲတို့ ချီလာကြပြီ။ လူအမြောက်အမြား အသတ်ခံရသဖြင့် အလောင်းကောင်များ စုပုံနေပြီ။ အလောင်းကောင်တို့သည်လည်း အတိုင်းမသိများပြားကြ၏။ ထိုအလောင်းများကိုပင် ခလုတ်တိုက်လဲကျကြလေပြီ။
မြားတော်တို့မှ လင်းလက်သောအရောင်နှင့် လှံတော်မှ ဖြာထွက်သောအလင်းရောင်ခြည်တို့ကြောင့် နေ၊ လတို့သည် ကောင်းကင်တွင် တန့်လျက်နေပါ၏။
သူသည် မြေအိုးများကိုကြေမွစေသကဲ့သို့ သံလှံတံဖြင့် သူတို့ကိုအုပ်ထိန်းလိမ့်မည်။ဤသည်ကား ငါကိုယ်တိုင် ငါ့ခမည်းတော်ထံမှရရှိသောအုပ်စိုးခွင့်နှင့်တူ၏။