ယခုမှာ အို ယုဒပြည်သူဂျေရုဆလင်မြို့သားတို့၊ ငါနှင့်ငါ့စပျစ်ခြံအမှုကို တရားစီရင်ပေးကြလော့။
ယေဇကျေလ 20:4 - မြန်မာ့စံမီသမ္မာကျမ်း အချင်းလူသား၊ သင်စီရင်လော့။ သူတို့ကို သင်စီရင်လော့။ သူတို့ဘိုးဘေးတို့ပြုခဲ့သည့် စက်ဆုပ်ရွံရှာဖွယ်အမှုတို့ကို သူတို့အား ပြောပြလော့။ Common Language Bible ``အချင်းလူသား၊ သင်သည်သူတို့အားစစ် ဆေးစီရင်ရန်အသင့်ရှိပြီလော။ အသင့်ရှိ လျှင်စစ်ဆေးစီရင်လော့။ သူတို့အားမိမိ တို့ဘိုးဘေးများပြုကျင့်ခဲ့သောစက်ဆုပ် ဖွယ်ကောင်းသည့်အမှုတို့ကိုသတိပေးဖော် ပြလော့။- Garrad Bible အ ချင်း လူ့ သား၊ ထို သူ တို့ ကို စီ ရင် ဆုံး ဖြတ် လော့။ ဘိုး ဘေး တို့ ရွံ ရှာ ဖွယ် အ မှု များ ကို ဖော် ပြ လျက်၊ Judson Bible အချင်းလူသား၊ သင်သည်သူတို့ကို စစ်ကြောလော့။ စစ်ကြောလော့။ သူတို့ဘိုးဘေးပြုဖူးသော စက်ဆုပ်ရွံရှာဖွယ်အမှုကို ဖော်ပြ၍၊ |
ယခုမှာ အို ယုဒပြည်သူဂျေရုဆလင်မြို့သားတို့၊ ငါနှင့်ငါ့စပျစ်ခြံအမှုကို တရားစီရင်ပေးကြလော့။
သင်သည်လည်း ဤလူမျိုးအတွက် အသနားမခံနှင့်။ သူတို့အတွက် ဟစ်ကြော်ခြင်း၊ ဆုတောင်းခြင်းကိုမပြုနှင့်။ အကြောင်းမူကား သူတို့သည် ဘေးအန္တရာယ်ရောက်ချိန်၌ ငါ့ကိုခေါ်သောအခါ ငါနားထောင်မည်မဟုတ်။
တစ်ဖန် ထာဝရဘုရားက ငါ့အား “မောရှေနှင့်ရှမွေလသည် ငါ့ရှေ့၌လာရပ်လျှင်ပင် ဤလူမျိုးထံ ငါ့စိတ်ပြန်လည်လာမည်မဟုတ်။ သူတို့ကို ငါ့ရှေ့မှ နှင်ထုတ်လော့။ ငါ့ရှေ့မှ ထွက်သွားစေလော့။
“သင်သည်လည်း ဤလူမျိုးအတွက် အသနားမခံနှင့်။ သူတို့အတွက် ဟစ်ကြော်ခြင်း၊ ဆုတောင်းခြင်းကိုမပြုနှင့်။ ကြားဝင်စေ့စပ်ခြင်းမပြုနှင့်။ သင်၏စကားကို ငါနားထောင်မည်မဟုတ်။
ထိုပြည်တွင် နောဧ၊ ဒံယေလ၊ ယောဘ စသော ပုဂ္ဂိုလ်သုံးဦးရှိနေလျှင်လည်း သူတို့ဖြောင့်မတ်ခြင်းကြောင့် သူတို့ကိုယ်ကိုသာသူတို့ ကယ်တင်နိုင်မည်”ဟု ဘုရားရှင်ထာဝရဘုရား မိန့်တော်မူ၏။
ငါအသက်ရှင်သည်နှင့်အညီ ထိုပြည်ထဲတွင် နောဧ၊ ဒံယေလ၊ ယောဘတို့ရှိလျှင်လည်း သူတို့ဖြောင့်မတ်ခြင်းကြောင့် သူတို့ကိုယ်ကိုသာ သူတို့ကယ်တင်နိုင်မည်။ သူတို့သားသမီးကို ကယ်တင်နိုင်မည်မဟုတ်”ဟု ဘုရားရှင်ထာဝရဘုရား မိန့်တော်မူ၏။
“အချင်းလူသား၊ လူသတ်သောမြို့ကို သင်စီရင်လော့၊ စီရင်လော့။ ထိုမြို့၌ပြုသမျှသော စက်ဆုပ်ရွံရှာဖွယ်အမှုတို့ကို ဖော်ပြလော့။
တစ်ဖန် ထာဝရဘုရားက ငါ့အား “အချင်းလူသား၊ အဟောလနှင့် အဟောလိဗကို စီရင်လော့။ သူတို့ပြုသောစက်ဆုပ်ရွံရှာဖွယ်တို့ကို ပြောကြားလော့။
သူတို့သည် အိမ်ထောင်ရေးဖောက်ပြန်သောမိန်းမ၊ လူအသက်သတ်သောမိန်းမ ဖြစ်ကြသောကြောင့် အိမ်ထောင်ရေးဖောက်ပြန်သူ၊ လူအသက်ကိုသတ်သူတို့ကိုစီရင်သည့်အတိုင်း ဖြောင့်မတ်သောသူတို့က သူတို့ကို စီရင်လိမ့်မည်။
သန့်ရှင်းသူတို့သည် ဤလောကကိုစီရင်ရမည်ဖြစ်ကြောင်း သင်တို့မသိကြသလော။ သင်တို့သည် ဤလောကကိုစီရင်ရသည်ဆိုလျှင် အငယ်ဆုံးသောအမှုများကိုပင် စီရင်နိုင်စွမ်းမရှိကြသလော။