ကောင်းသောအသီးအနှံတို့ကို စားရမည့်အကြောင်း သင်တို့အား သီးနှံဖြစ်ထွန်းသောပြည်သို့ ငါခေါ်ဆောင်လာ၏။ သို့သော် သင်တို့ရောက်လာ၍ ငါ့ပြည်ကိုညစ်ညူးစေကြ၏။ အမွေပြည်ကို စက်ဆုပ်ရွံရှာဖွယ် ဖြစ်စေကြ၏။
ယေဇကျေလ 20:24 - မြန်မာ့စံမီသမ္မာကျမ်း အကြောင်းမူကား သူတို့သည် ငါ၏စီရင်ထုံးဖွဲ့ချက်တို့ကိုမလိုက်လျှောက်၊ ငါ၏ပြဋ္ဌာန်းချက်တို့ကိုငြင်းပယ်၍ ဥပုသ်နေ့ကိုလည်း ညစ်ညူးစေသည့်အပြင် ဘိုးဘေးတို့၏ရုပ်တုများနောက်သို့ လိုက်ပါသွားကြ၏။ Common Language Bible ယင်းသို့ပြုရသည့်အကြောင်းမှာသူတို့သည် ငါ၏အမိန့်တော်တို့ကိုပစ်ပယ်ကာ ငါ၏ပညတ် တော်တို့ကိုချိုးဖောက်လျက်ဥပုသ်နေ့ကိုမရို မသေပြုပြီးလျှင် ဘိုးဘေးတို့ကိုးကွယ်ခဲ့သော ရုပ်တုတို့ကိုဝတ်ပြုကြသောကြောင့်ဖြစ်၏။'' Judson Bible အကြောင်းမူကား၊ သူတို့သည် ဘိုးဘေးတို့ ကိုးကွယ်သော ရုပ်တုများကို ငဲ့ကွက်သောကြောင့်၊ ငါ၏ စီရင်ထုံးဖွဲ့ချက်တို့ကို မစောင့်ရှောက်၊ မထီမဲ့မြင်ပြု၍ ငါ၏ဥပုသ်နေ့တို့ကို ရှုတ်ချကြ၏။ |
ကောင်းသောအသီးအနှံတို့ကို စားရမည့်အကြောင်း သင်တို့အား သီးနှံဖြစ်ထွန်းသောပြည်သို့ ငါခေါ်ဆောင်လာ၏။ သို့သော် သင်တို့ရောက်လာ၍ ငါ့ပြည်ကိုညစ်ညူးစေကြ၏။ အမွေပြည်ကို စက်ဆုပ်ရွံရှာဖွယ် ဖြစ်စေကြ၏။
ဆင်းရဲသောသူ၊ နွမ်းပါးသောသူတို့ကို နိုင်ထက်စီးနင်းပြုခြင်း၊ သူတစ်ပါးဥစ္စာကို မတရားယူ၍ အပေါင်ပစ္စည်းကိုပြန်မပေးခြင်း၊ ရုပ်တုတို့ကိုကိုးကွယ်ခြင်း၊ စက်ဆုပ်ရွံရှာဖွယ်ရာတို့ကိုပြုခြင်း၊
သူသည် တောင်များပေါ်တွင်ပူဇော်သောအစာကို မစား၊ အစ္စရေးအမျိုးအနွယ်၏ရုပ်တုတို့ကို မကိုးကွယ်၊ မိမိအိမ်နီးချင်း၏မယားကို မပြစ်မှား၊
တောင်များပေါ်တွင်ပူဇော်သောအစာကို မစား၊ အစ္စရေးအမျိုးအနွယ်၏ရုပ်တုတို့ကို မကိုးကွယ်၊ မိမိအိမ်နီးချင်း၏မယားကို မပြစ်မှား၊ ဓမ္မတာလာသောမိန်းမထံ မချဉ်းကပ်၊
သို့သော် အစ္စရေးအမျိုးသည် တောကန္တာရတွင် ငါ့ကိုပုန်ကန်ကြ၏။ ‘လိုက်နာသောသူတိုင်း အသက်ချမ်းသာရာရမည်’ဟူသော ပြဋ္ဌာန်းချက်တို့ကို မလိုက်လျှောက်၊ စီရင်ထုံးဖွဲ့ချက်တို့ကို စွန့်ပယ်ကြ၏။ ဥပုသ်နေ့ကိုလည်း အလွန်ညစ်ညူးစေကြ၏။ ထို့ကြောင့် တောကန္တာရတွင် ငါ့ဒေါသကို သူတို့အပေါ်သွန်ချ၍ သူတို့ကို ဖျက်ဆီးပစ်မည်ဟု ငါမိန့်ဆိုခဲ့၏။
သူတို့သည် ရုပ်တုများနောက်သို့ စိတ်ပါသွားကြသောကြောင့် ငါ့စီရင်ထုံးဖွဲ့ချက်တို့ကို စွန့်ပယ်၍ ငါ့ပြဋ္ဌာန်းချက်တို့ကို မလိုက်လျှောက်၊ ဥပုသ်နေ့ကိုလည်း ညစ်ညူးစေကြ၏။
ထိုမျှသာမက ငါ့ကို သူတို့ပြုသောအမှုဟူမူကား ထိုနေ့တွင်ပင် သန့်ရှင်းရာဌာနကိုညစ်ညူးစေ၍ ဥပုသ်နေ့ကိုရှုတ်ချကြ၏။
ထိုသို့ ဖမ်းသွားခြင်းခံရ၍ လူမျိုးခြားတို့အလယ်ရောက်ရှိနေသော ကြွင်းကျန်သူတို့သည် စိတ်နှလုံးဖောက်ပြန်၍ ငါ့ထံမှလမ်းလွဲသွားသောကြောင့်၊ မျက်စိဖောက်ပြန်၍ ရုပ်တုများနောက်သို့ လိုက်သွားခဲ့သောကြောင့် ငါမည်မျှရင်ကျိုးခဲ့ရသည်ကို သူတို့သိနားလည်လာကြလိမ့်မည်။ သူတို့ပြုခဲ့သော စက်ဆုပ်ရွံရှာဖွယ်မကောင်းမှုများကြောင့် သူတို့ကိုယ်သူတို့ စက်ဆုပ်ရွံရှာကြလိမ့်မည်။
တစ်ဖန် ထာဝရဘုရားက “ယုဒပြည်သည် အပြစ်သုံးလေးမျိုးမက ကျူးလွန်သောကြောင့် ငါအပြစ်မပေးဘဲမနေ။ အကြောင်းမူကား သူတို့သည် ထာဝရဘုရား၏ပညတ်တရားတော်ကို စွန့်ပယ်ကြပြီး ပြဋ္ဌာန်းချက်တို့ကိုလည်း မစောင့်ထိန်းကြ။ သူတို့၏ဘိုးဘေးတို့လိုက်လျှောက်ခဲ့သည့်အတိုင်း လိုက်လျှောက်ကြ၏။ သူတို့သည် လိမ်လည်မှုများအားဖြင့် လမ်းလွဲကြပြီ။
မိုးကောင်းကင်သို့မျှော်ကြည့်၍ နေ၊ လ၊ ကြယ်စသော ကောင်းကင်တန်ဆာရှိသမျှတို့ကိုမြင်သောအခါ သင်တို့သည် သွေးဆောင်ခံရ၍ မိုးကောင်းကင်တစ်ပြင်လုံးအောက်ရှိ လူမျိုးအပေါင်းတို့အား သင်တို့၏ဘုရားသခင်ထာဝရဘုရား စီရင်ပေးထားသောထိုအရာတို့ကို မပျပ်ဝပ်မကိုးကွယ်ရ။