ယောခတ်နန်းတက်သောအခါ သက်တော်နှစ်ဆယ့်သုံးနှစ်ရှိပြီး ဂျေရုဆလင်မြို့တွင် သုံးလစိုးစံ၏။ မယ်တော်ကား လိဗနမြို့သားယေရမိ၏သမီး ဟာမုတလအမည်ရှိ၏။
ယေဇကျေလ 19:4 - မြန်မာ့စံမီသမ္မာကျမ်း သူ့အကြောင်းကိုကြားသော လူမျိုးခြားတို့သည် သူ့ကိုတွင်းနှင့်ထောင်ဖမ်းပြီး ကြိုးကွင်းစွပ်၍ အီဂျစ်ပြည်သို့ ခေါ်ဆောင်သွား၏။ Common Language Bible လူမျိုးတကာတို့သည်သူ၏အကြောင်းကို ကြားသောအခါ တွင်းဖြင့်ထောင်၍ဖမ်းပြီးလျှင်နှာဖားကြိုး ထိုးလျက် အီဂျစ်ပြည်သို့ဆွဲငင်သွားကြ၏။ Garrad Bible သ တင်း ကြား သော လူ မျိုး ခြား တို့ သည်၊ တွင်း ကျ ထောင် ဖမ်း ပြီး လျှင်၊ နှာ ဖား ကြိုး ထိုး လျက် အိ ဂျစ် ပြည် သို့ ဆွဲ ငင် ကြ ၏။ Judson Bible လူမျိုးတို့သည် ကြား၍ မြေတွင်း၌ ထိုခြင်္သေ့ပျိုကို ဖမ်းပြီးလျှင်၊ သံကြိုးနှင့်ချည်နှောင်၍ အဲဂုတ္တုပြည်သို့ ယူသွားကြ၏။ |
ယောခတ်နန်းတက်သောအခါ သက်တော်နှစ်ဆယ့်သုံးနှစ်ရှိပြီး ဂျေရုဆလင်မြို့တွင် သုံးလစိုးစံ၏။ မယ်တော်ကား လိဗနမြို့သားယေရမိ၏သမီး ဟာမုတလအမည်ရှိ၏။
ထို့နောက် အီဂျစ်ဘုရင်သည် ယောခတ်မင်းကြီး၏ညီတော်ဧလျာကိမ်ကို ယုဒပြည်သူဂျေရုဆလင်မြို့သားတို့အပေါ် အုပ်စိုးစေပြီး ယောယကိမ် ဟုအမည်ပြောင်းပေး၏။ နောင်တော်ယောခတ်မင်းကြီးကိုမူကား နေခေါမင်းကြီးသည် အီဂျစ်ပြည်သို့ ခေါ်ဆောင်သွား၏။
ဘေဘီလုံဘုရင်နေဗုခဒ်နေဇာမင်းကြီးသည် ချီလာ၍ သူ့ကိုတိုက်ခိုက်ပြီး ကြေးနီကြိုးများဖြင့် ချည်နှောင်ကာ ဘေဘီလုံမြို့သို့ ခေါ်ဆောင်သွား၏။
ထို့ကြောင့် ယောရှိ၏သား ယုဒဘုရင်ယောယကိမ်မင်းကြီးနှင့်ပတ်သက်၍ ထာဝရဘုရားက “အလို ငါ့အစ်ကို၊ အလို ငါ့နှမဟူ၍ သူ့အတွက်မြည်တမ်းကြမည်မဟုတ်။ အလို သခင်၊ အလို ဘုန်းကြီးသောသူဟူ၍ သူ့အတွက်မြည်တမ်းကြမည်မဟုတ်။
သူကျွေးမွေးသောသားပေါက်တို့ထဲမှ တစ်ကောင်သည် သန်စွမ်းသောခြင်္သေ့ပျိုဖြစ်လာ၍ သားကောင်ကိုကိုက်ဖြတ်ရန် သင်ယူ၍ လူတို့ကိုပင် ကိုက်စားဝါးမျိုတတ်လာ၏။
မျှော်လင့်စောင့်စားခဲ့သောအရာ ပျက်စီးသွားကြောင်း ခြင်္သေ့မ သိမြင်သောအခါ သားပေါက်ထဲမှတစ်ကောင်ကို ရွေးယူ၍ သန်စွမ်းသောခြင်္သေ့ပျိုဖြစ်အောင် ကျွေးမွေးပြန်၏။