ထိုအခါ ယုဒဘုရင်ယောယခိမ်မင်းကြီးသည် မယ်တော်မှစ၍ မင်းမှုထမ်းများ၊ မှူးမတ်များနှင့် မိန်းမစိုးများပါလျက် ဘေဘီလုံဘုရင်ထံ အညံ့ခံလေ၏။ ထို့ကြောင့် ဘေဘီလုံဘုရင်သည် နန်းစံရှစ်နှစ်တွင် ယောယခိမ်မင်းကြီးကို ဖမ်းခေါ်သွား၏။
ယေဇကျေလ 17:4 - မြန်မာ့စံမီသမ္မာကျမ်း ထိပ်ဖျားအညွန့်တို့ကိုချိုး၍ ကုန်သွယ်ရာပြည်သို့ ချီယူသွားပြီးလျှင် ကုန်သည်တို့မြို့၌ စိုက်ထား၏။ Common Language Bible ထိပ်ဆုံးမှအညွန့်အဖျားကိုချိုးယူ၍ ရောင်း ဝယ်ဖောက်ကားသည့်နိုင်ငံသို့ယူဆောင်ကာ ကုန်သည်တို့မြို့တွင်စိုက်ပျိုး၏။- Garrad Bible မြင့် ရာ အ တက် များ ကို ဆိတ် ယူ၍၊ ရောင်း ဝယ် ဖောက် ကား သော ပြည် သို့ ဆောင် သွား ပြီး လျှင်၊ ကုန် သည် တို့ မြို့ တွင် ထား လေ ၏။ Judson Bible အမြင့်ဆုံးသော အညွန့်တို့ကို ချိုးဆိတ်၍ ကုန်သွယ်ရာပြည်သို့ ချီဆောင်ပြီးလျှင်၊ ကုန်သည်မြို့၌စိုက်လေ၏။ |
ထိုအခါ ယုဒဘုရင်ယောယခိမ်မင်းကြီးသည် မယ်တော်မှစ၍ မင်းမှုထမ်းများ၊ မှူးမတ်များနှင့် မိန်းမစိုးများပါလျက် ဘေဘီလုံဘုရင်ထံ အညံ့ခံလေ၏။ ထို့ကြောင့် ဘေဘီလုံဘုရင်သည် နန်းစံရှစ်နှစ်တွင် ယောယခိမ်မင်းကြီးကို ဖမ်းခေါ်သွား၏။
အစ္စရေးလူမျိုး၏သန့်ရှင်းသောအရှင်၊ သင်တို့ကိုရွေးနုတ်သောအရှင် ထာဝရဘုရားက “သင်တို့အတွက် ဘေဘီလုံမြို့သို့ စစ်သည်တို့ကို ငါစေလွှတ်၍ ခါလဒဲလူမျိုးအပါအဝင် ထိုမြို့၌ရှိသောလူအားလုံးတို့ကို မိမိတို့ဂုဏ်ယူရသောသင်္ဘောဖြင့် ထွက်ပြေးစေမည်။
သင့်အတွက် ကြိုးစားအားထုတ်လုပ်ဆောင်ပေးခဲ့သူ၊ သင်ငယ်စဉ်ကတည်းက သင်နှင့်ရောင်းဝယ်ဖောက်ကားခဲ့သူတို့သည် ထိုသို့ဖြစ်လိမ့်မည်။ သူတို့သည် အသီးသီး ခြေဦးတည့်ရာသို့ လှည့်လည်သွားလာရကြ၍ သင့်ကိုကယ်တင်နိုင်မည်မဟုတ်။
ဘေဘီလုံဘုရင်နေဗုခဒ်နေဇာမင်းကြီးသည် ဂျေရုဆလင်မြို့ရှိ ယောယကိမ်မင်းကြီး၏သားတော် ယုဒဘုရင်ယေခေါနိမင်းကြီးနှင့်တကွ ယုဒလူမျိုးအကြီးအကဲများ၊ လက်မှုပညာသည်နှင့် ပန်းပဲသမားတို့ကို ဘေဘီလုံမြို့သို့ ဖမ်းခေါ်သွားပြီးနောက်ပိုင်းတွင် ထာဝရဘုရားသည် ငါ့အား ထာဝရဘုရား၏ဗိမာန်တော်ရှေ့၌ရှိသော သဖန်းသီးခြင်းတောင်းနှစ်တောင်းကိုပြ၏။
မြစ်နား၌နေ၍ ဥစ္စာကြွယ်ဝသောမြို့၊ သင်၏မတရားအကျိုးစီးပွားရှာခြင်းများ အဆုံးသတ်မည့်အချိန်ရောက်လာပြီ။
သင်သည် သူတို့အား ‘ဘုရားရှင်ထာဝရဘုရားက သန်စွမ်းသောတောင်ပံနှင့် ရှည်လျား၍အရောင်အသွေးစုံသောအမွေးအမှင်များရှိသည့် လင်းယုန်ငှက်ကြီးတစ်ကောင်သည် လက်ဘနွန်တောင်သို့လာ၍ သစ်ကတိုးပင်ထိပ်ဖျားတွင် နား၏။
ထိုပြည်မှ မျိုးစေ့အချို့ကိုယူပြီး ရေဝသောမြေပေါ်မှာ စိုက်ထားသောမိုးမခပင်ကဲ့သို့ မြေဩဇာကောင်းသောမြေတွင် စိုက်ထား၏။
ကြည့်ရှုလော့။ အဆီးရီးယားပြည်သည် လက်ဘနွန်တောင်မှ သစ်ကတိုးပင်နှင့်တူ၏။ အကိုင်းအခက်ဝေဆာလှပပြီး ထိပ်ဖျားသည် မိုးထိအောင်မြင့်၍ တစ်တောလုံးကို အုပ်မိုးထား၏။
အကြောင်းမူကား လူမျိုးအပေါင်းတို့သည် သူ၏တရားနှင့်မညီမေထုန်ပြုခြင်းနှင့်ဆိုင်သည့် ပြင်းစွာသောဒေါသစပျစ်ဝိုင်ကိုသောက်ကြ၍ ကမ္ဘာမြေကြီး၏ရှင်ဘုရင်တို့သည် သူနှင့်အတူတရားနှင့်မညီမေထုန်ပြုကြကာ ကမ္ဘာမြေကြီး၏ကုန်သည်တို့သည်လည်း သူ၏လွန်ကျူးသောဇိမ်ခံခြင်းအရှိန်အဝါအားဖြင့် ချမ်းသာလာကြ၏”ဟု ဆို၏။