သူတို့က ‘တသီးတခြားနေလော့။ ငါသည် သင့်ထက်သန့်ရှင်း၏။ ငါ့အနီးသို့မလာနှင့်’ဟု ပြောဆိုကြ၏။ ဤသူတို့သည် ငါ့နှာခေါင်းထဲမှ မီးခိုး၊ တစ်နေ့လုံးတောက်လောင်နေသောမီးနှင့်တူ၏။
ယေဇကျေလ 16:56 - မြန်မာ့စံမီသမ္မာကျမ်း သင်လုပ်ခဲ့သောမကောင်းမှုများ မပေါ်ခင်က သင်သည် မာနထောင်လွှားပြီး သင့်ညီမသောဒုံအကြောင်းကို မကောင်းပြောခဲ့သည်မဟုတ်လော။ Common Language Bible မိမိ၏ဆိုးညစ်မှုများကိုလူမသိမီမာန် မာနထောင်လွှားနေစဉ်အခါက သင်သည် သင်၏ညီမသောဒုံမြို့၏နာမည်ကိုဖော်ပြ ခြင်းမပြုခဲ့ ယခုအခါ၌သင်ကိုယ်တိုင် သည်ဧဒုံသမီးပျိုနှင့်အိမ်နီးချင်းများ၊ ဖိလိတ္တိသမီးပျိုနှင့်အိမ်နီးချင်းများနှင့် သင့်ကိုမုန်းသောသူတို့ပြက်ရယ်ပြုစရာ ဖြစ်လေပြီ။- Garrad Bible သင့် အ ဖက် ဖက်၌ မုန်း ထား သော ရှု ရိ အ မျိုး သ မီး တို့ မှ စ၍၊ ပြည် နီး ချင်း တို့ နှင့် ဖိ လိ တ္တိ အ မျိုး သ မီး တို့ ကဲ့ ရဲ့ ကြ သည့် အ ခါ၊ သင့် ရှက် ဖွယ် ရာ မ ပေါ် မီ၊ မာ န ကြီး သော နေ့ ရက် ကာ လ၌ညီ မ ဖြစ် သူ သော ဒုံ ကို မြွက် ဆို ခြင်း မျှ သင် မ ပြု ချေ။ Judson Bible ရှုရိသမီးများနှင့် သူတို့ပတ်လည်၌နေသော သူအပေါင်းတို့သည် သင့်ကိုကဲ့ရဲ့၍၊ သင့်ပတ်လည်၌ နေသော ဖိလိတ္တိသမီးများတို့သည် မထီမဲ့မြင်ပြုကြသဖြင့်၊ သင်ပြုသောဒုစရိုက်အပြစ် မထင်ရှားမီ သင်သည် မာနထောင်လွှားစဉ် ကာလတွင်၊ သင့်ညီမသောဒုံ၏နာမကို အလျှင်းနှုတ်မမြွက်။ |
သူတို့က ‘တသီးတခြားနေလော့။ ငါသည် သင့်ထက်သန့်ရှင်း၏။ ငါ့အနီးသို့မလာနှင့်’ဟု ပြောဆိုကြ၏။ ဤသူတို့သည် ငါ့နှာခေါင်းထဲမှ မီးခိုး၊ တစ်နေ့လုံးတောက်လောင်နေသောမီးနှင့်တူ၏။
သင်၏ညီမသောဒုံနှင့် သူ၏သမီးပျိုများ၊ သင်၏အစ်မရှမာရိနှင့် သူ၏သမီးပျိုများ မူလအခြေအနေသို့ပြန်ရောက်သောအခါ သင်နှင့်သင်၏သမီးပျိုများလည်း မူလအခြေအနေသို့ပြန်ရောက်မည်။
ယခုမှာ ဆီးရီးယားသမီးပျိုနှင့် သူ့ဝန်းကျင်ရှိလူများ သင့်ကိုကဲ့ရဲ့သောအချိန်ရောက်လေပြီ။ သင့်ဝန်းကျင်ရှိ ဖိလိတ္တိသမီးပျိုများ သင့်ကိုမထီမဲ့မြင်ပြုသောအချိန်ရောက်လေပြီ။
ထိုနေ့ရက်တွင် ငါ့ကို သင်ပုန်ကန်ခဲ့သောအမှုအလုံးစုံကြောင့် သင်အရှက်ကွဲရလိမ့်မည်မဟုတ်။ သင့်အထဲရှိ အပျော်အပါးလိုက်စားခြင်း၊ မာနထောင်လွှားခြင်းတို့ကို ငါဖယ်ရှားပစ်မည်။ ထို့ကြောင့် ငါ၏သန့်ရှင်းရာတောင်တော်တွင် ဘဝင်မြင့်ခြင်းများ ရှိတော့မည်မဟုတ်။
ဖာရိရှဲသည် တစ်ဦးတည်းရပ်လျက် ‘အို ဘုရားသခင်၊ အကျွန်ုပ်သည် အခြားသူများကဲ့သို့ လိမ်လည်လုယူသောသူ၊ မဖြောင့်မတ်သောသူ၊ အိမ်ထောင်ရေးဖောက်ပြန်မှုကျူးလွန်သောသူမဟုတ်သည့်အပြင် ဤအခွန်ကောက်ခံသူကဲ့သို့လည်း မဟုတ်သောကြောင့် ကိုယ်တော်ကိုကျေးဇူးတင်ပါ၏။