နောဧသည် ထာဝရဘုရားအဖို့ ယဇ်ပလ္လင်ကိုတည်ပြီးလျှင် စင်ကြယ်သောတိရစ္ဆာန်အပေါင်းတို့နှင့် စင်ကြယ်သောငှက်အပေါင်းတို့ထဲကယူ၍ ထိုယဇ်ပလ္လင်ပေါ်တွင် မီးရှို့ရာယဇ်ကိုပူဇော်ရာ
ယောရှု 8:30 - မြန်မာ့စံမီသမ္မာကျမ်း ထို့နောက် ယောရှုသည် ဧဗလတောင်ပေါ်၌ အစ္စရေးလူမျိုး၏ဘုရားသခင်ထာဝရဘုရားအဖို့ ယဇ်ပလ္လင်ကိုတည်လေ၏။ Common Language Bible ထိုနောက်ယောရှုသည်ဧဗလတောင်ပေါ်တွင် ဣသရေလအမျိုးသားတို့၏ဘုရားသခင် ထာဝရဘုရားအားပူဇော်ရန်ယဇ်ပလ္လင်ကို တည်လေ၏။- Garrad Bible ထို နောက် ယော ရှု သည် မော ရှေ့ ပ ည တ္တိ ကျမ်း ချက် အ ရ ဣ သ ရေ လ အ မျိုး သား တို့ အား ထာ ဝ ရ ဘု ရား၏ ကျွန် တော် ရင်း မော ရှေ မှာ ထား ခဲ့ သည့် အ တိုင်း စို့ ဖြင့် မ ဆစ် သော ကျောက် များ နှင့် ဣ သ ရေ လ လူ မျိုး၏ ဘု ရား သ ခင် ထာ ဝ ရ ဘု ရား အား ပူ ဇော် ရန် ပ လ္လင် တော် ကို ဧ ဗ လ တောင်၌ တည် ပြီး လျှင်၊ မီး ရှို့ ရာ သ က္ကာ၊ မိတ် သ ဟာ ယ သ က္ကာ များ ကို ထာ ဝ ရ ဘု ရား ထံ ဆက် ကပ် ပူ ဇော် ကြ ၏။ Judson Bible ထိုအခါ ယောရှုသည်၊ ဧဗလတောင်ပေါ်မှာ ဣသရေလအမျိုး၏ဘုရားသခင် ထာဝရဘုရားအဖို့၊ ယဇ်ပလ္လင်ကိုတည်လေ၏။ |
နောဧသည် ထာဝရဘုရားအဖို့ ယဇ်ပလ္လင်ကိုတည်ပြီးလျှင် စင်ကြယ်သောတိရစ္ဆာန်အပေါင်းတို့နှင့် စင်ကြယ်သောငှက်အပေါင်းတို့ထဲကယူ၍ ထိုယဇ်ပလ္လင်ပေါ်တွင် မီးရှို့ရာယဇ်ကိုပူဇော်ရာ
သင်တို့သည် ငါ့အတွက် မြေယဇ်ပလ္လင်ကိုတည်၍ မီးရှို့ရာယဇ်များ၊ မိတ်သဟာယယဇ်များအဖြစ် သင်တို့၏သိုးများ၊ နွားများကို ယဇ်ပူဇော်ရမည်။ ထိုသို့ ငါ၏နာမတော်ကိုအောက်မေ့ရာအရပ်ရပ်ရှိ သင်တို့ထံသို့ ငါကြွလာ၍ သင်တို့ကိုကောင်းချီးပေးမည်။
သင်တို့သည် ဂျော်ဒန်မြစ်ကိုကူး၍ သင်တို့၏ဘုရားသခင်ထာဝရဘုရားပေးတော်မူသောပြည်သို့ရောက်သောနေ့၌ ကျောက်တုံးကြီးများကိုဆင့်၍ ထုံးသုတ်ရမည်။